ကိုယ်ဝန်သည်နှင့် အတက်ရောဂါ
အတက်ရောဂါရှိတဲ့ အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်တဲ့အခါ သိထားသင့်တဲ့အချက်တွေကို ရေးသားဖော်ပြပေးချင်ပါတယ်။
*အတက်ရောဂါရှိတဲ့အခါ…
ကိုယ်ဝန်ကို အောက်ဖော်ပြပါသက်ရောက်မှုတွေဖြစ်စေနိုင်ပါတယ်။
- သန္ဓေသားရဲ့နှလုံးခုန်နှုန်း နှေးခြင်း
- သန္ဓေသားဆီကို အောက်ဆီဂျင်လုံလောက်အောင် မပို့ပေးနိုင်ခြင်း
- လမစေ့ဘဲ ကလေးမွေးခြင်း
- အချင်းဟာ သားအိမ်ကနေ အချိန်မတိုင်ခင် ကွာကျခြင်း
- အတက်ရောဂါဖြစ်လာတဲ့အချိန်မှာ ချော်ကျတာ၊လဲကျတာစတဲ့ မတော်တဆမှုတွေကြောင့် ကိုယ်ဝန်ပျက်ကျခြင်း စသည်တို့ဖြစ်စေနိုင်ပါတယ်။
*ကိုယ်ဝန်ဆောင်ချိန်မှာ အတက်ရောဂါပိုဆိုးနိုင်သလား?
အမျိုးသမီးတွေဟာ ကိုယ်ဝန်ရတဲ့အခါ အတက်ရောဂါကို တုံ့ပြန်ပုံခြင်း တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ အများစုကတော့ အရင်အတိုင်းပါပဲ အချို့ကတော့ တက်တာနည်းသွားတတ်ကြပါတယ်။ ဒါပေမယ့် အိပ်ရေးပျက်တာများပြီး ဆေးပုံမှန်မသောက်ဖြစ်ရင်တော့ အတက်ရောဂါကပိုဆိုးတတ်ပါတယ်။
*အတက်ကျဆေးတွေက ကလေးအပေါ်သက်ရောက်မှုရှိနိုင်သလား?
အတက်ကျဆေး (Anti-seizure medications) တွေဟာ အကြောင်းတစ်ခုနဲ့တစ်ခုဆက်နွယ်ပြီး ကလေးကိုသက်ရောက်မှုတွေရှိနိုင်ပါတယ်။ မွေးရာပါချို့ယွင်းချက်တွေဖြစ်စေနိုင်ပါတယ်။ ဆေးကိုတစ်မျိုးထက်ပိုပြီးသောက်နေရတယ်ဆိုရင် ဖြစ်နိုင်ချေပိုများပါတယ်။
ကိုယ်ဝန်မရခင် ကိုးလအတွင်းမှာ အတက်ရောဂါထမဖြစ်ပေါ်မလာဘူးဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာလည်း အတက်ရောဂါပေါ်လာနိုင်ချေ နည်းပါတယ်။ နှစ်နှစ်ကနေ လေးနှစ်အတွင်းမှာ မတက်ဘူးဆိုရင်တော့ ကိုယ်ဝန်မဆောင်ခင်မှာဆေးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီးဖြတ်လို့ရပါတယ်။
ဒါပေမယ့် အတက်ရောဂါရှိတဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆက်လက်သောက်ရမှာပါ။ ဆရာဝနါက မိခင်ရော ကလေးအတွက်ပါ အန္တရာယ်အနည်းဆုံးနဲ့ စိတ်အချရဆုံးဖြစ်မယ့် ဆေးပမာဏကို ပေးမှာဖြစ်ပါတယ်။
*ကလေးကိုစိတ်ချရ မရ ဘယ်လိုသိရှိနိုင်မလဲ?
ဆရာဝန်ဟာ ကလေးရဲ့ကျန်းမာရေးကို တောက်လျှောက်လေ့လာပေးနေမှာဖြစ်ပါတယ်။ Ultrasound ကိုအကြိမ်ရေစိပ်စိပ်ရိုက်ပြီး ကလေးကို စစ်ဆေးမှာဖြစ်ပါတယ်။ အခြားသော စစ်ဆေးမှုတွေကိုလည်း လိုအပ်သလိုပြုလုပ်ပေးမှာဖြစ်ပါတယ်။
*ကလေးမွေးပြီးရင်ရော မိခင်နို့တိုက်လို့ရသလား?
မိခင်နို့တိုက်ကျွေးလို့ရပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်တဲ့အခါ သူကလိုအပ်တဲ့ အတက်ကျဆေး ပမာဏကို ဆက်လက်ထိန်းညှိုပေးပါလိမ့်မယ်။
အတက်ရောဂါရှိတဲ့ အမျိးသမီးတိုင်းဟာ ကိုယ်ဝန်ဆောင်ချိန်မှာ
- ကျန်းမာပြီးညီညွတ်မျှတတဲ့အစားအသောက်တွေစားခြင်း၊
- ကိုယ်ဝန်အောင် အားဆေး ၊ ဗီတာမင်များသောက်သုံးခြင်း၊
- Folic acid သောက်ခြင်း
- အိပ်ရေးဝဝအိပ်ခြင်း
- ဆေးလိပ်၊အရက်၊ မူးယစ်ဆေးဝါးနှင့် ကော်ဖီစသည်တို့ကို လုံးဝရှောင်ကြဉ်ရပါမယ်။
ဒီအချက်တွေကို သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်ခြင်းဖြင့် မိခင်လည်းကျန်းမာ၊ ရင်သွေးငယ်လည်းကျန်းမာနိုင်စေဖို့ ကို ရေးသားလိုက်ရပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
ကိုယ္ဝန္သည္ႏွင့္ အတက္ေရာဂါ
အတက္ေရာဂါရွိတဲ့ အမ်ိဳးသမီးတစ္ဦး ကိုယ္ဝန္ေဆာင္တဲ့အခါ သိထားသင့္တဲ့အခ်က္ေတြကို ေရးသားေဖာ္ျပေပးခ်င္ပါတယ္။
*အတက္ေရာဂါရွိတဲ့အခါ…
ကိုယ္ဝန္ကို ေအာက္ေဖာ္ျပပါသက္ေရာက္မႈေတြျဖစ္ေစႏိုင္ပါတယ္။
- သေႏၶသားရဲ႕ႏွလံုးခုန္ႏႈန္း ေႏွးျခင္း
- သေႏၶသားဆီကို ေအာက္ဆီဂ်င္လံုေလာက္ေအာင္ မပို႔ေပးႏိုင္ျခင္း
- လမေစ့ဘဲ ကေလးေမြးျခင္း
- အခ်င္းဟာ သားအိမ္ကေန အခ်ိန္မတိုင္ခင္ ကြာက်ျခင္း
- အတက္ေရာဂါျဖစ္လာတဲ့အခ်ိန္မွာ ေခ်ာ္က်တာ၊လဲက်တာစတဲ့ မေတာ္တဆမႈေတြေၾကာင့္ ကိုယ္ဝန္ပ်က္က်ျခင္း စသည္တို႔ျဖစ္ေစႏိုင္ပါတယ္။
*ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အတက္ေရာဂါပိုဆိုးႏိုင္သလား?
အမ်ိဳးသမီးေတြဟာ ကိုယ္ဝန္ရတဲ့အခါ အတက္ေရာဂါကို တံု႔ျပန္ပံုျခင္း တစ္ေယာက္နဲ႔တစ္ေယာက္မတူၾကပါဘူး။ အမ်ားစုကေတာ့ အရင္အတိုင္းပါပဲ အခ်ိဳ႕ကေတာ့ တက္တာနည္းသြားတတ္ၾကပါတယ္။ ဒါေပမယ့္ အိပ္ေရးပ်က္တာမ်ားၿပီး ေဆးပုံမွန္မေသာက္ျဖစ္ရင္ေတာ့ အတက္ေရာဂါကပိုဆိုးတတ္ပါတယ္။
*အတက္က်ေဆးေတြက ကေလးအေပၚသက္ေရာက္မႈရွိႏိုင္သလား?
အတက္က်ေဆး (Anti-seizure medications) ေတြဟာ အေၾကာင္းတစ္ခုနဲ႔တစ္ခုဆက္ႏြယ္ၿပီး ကေလးကိုသက္ေရာက္မႈေတြရွိႏိုင္ပါတယ္။ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ေတြျဖစ္ေစႏိုင္ပါတယ္။ ေဆးကိုတစ္မ်ိဳးထက္ပိုၿပီးေသာက္ေနရတယ္ဆိုရင္ ျဖစ္ႏိုင္ေခ်ပိုမ်ားပါတယ္။
ကိုယ္ဝန္မရခင္ ကိုးလအတြင္းမွာ အတက္ေရာဂါထမျဖစ္ေပၚမလာဘူးဆိုရင္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာလည္း အတက္ေရာဂါေပၚလာႏိုင္ေခ် နည္းပါတယ္။ ႏွစ္ႏွစ္ကေန ေလးႏွစ္အတြင္းမွာ မတက္ဘူးဆိုရင္ေတာ့ ကိုယ္ဝန္မေဆာင္ခင္မွာေဆးေတြကို ဆရာဝန္နဲ႔ တိုင္ပင္ၿပီးျဖတ္လို႔ရပါတယ္။
ဒါေပမယ့္ အတက္ေရာဂါရွိတဲ့ အမ်ိဳးသမီးေတြဟာ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေဆးကို ဆရာဝန္ၫႊန္ၾကားခ်က္အတိုင္း ဆက္လက္ေသာက္ရမွာပါ။ ဆရာဝနါက မိခင္ေရာ ကေလးအတြက္ပါ အႏၲရာယ္အနည္းဆံုးနဲ႔ စိတ္အခ်ရဆံုးျဖစ္မယ့္ ေဆးပမာဏကို ေပးမွာျဖစ္ပါတယ္။
*ကေလးကိုစိတ္ခ်ရ မရ ဘယ္လိုသိရွိႏိုင္မလဲ?
ဆရာဝန္ဟာ ကေလးရဲ႕က်န္းမာေရးကို ေတာက္ေလွ်ာက္ေလ့လာေပးေနမွာျဖစ္ပါတယ္။ Ultrasound ကိုအႀကိမ္ေရစိပ္စိပ္႐ိုက္ၿပီး ကေလးကို စစ္ေဆးမွာျဖစ္ပါတယ္။ အျခားေသာ စစ္ေဆးမႈေတြကိုလည္း လိုအပ္သလိုျပဳလုပ္ေပးမွာျဖစ္ပါတယ္။
*ကေလးေမြးၿပီးရင္ေရာ မိခင္ႏို႔တိုက္လို႔ရသလား?
မိခင္ႏို႔တိုက္ေကြ်းလို႔ရပါတယ္။ ဆရာဝန္နဲ႔ တိုင္ပင္တဲ့အခါ သူကလိုအပ္တဲ့ အတက္က်ေဆး ပမာဏကို ဆက္လက္ထိန္းညွိုေပးပါလိမ့္မယ္။
အတက္ေရာဂါရွိတဲ့ အမိ်းသမီးတိုင္းဟာ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ
- က်န္းမာၿပီးညီၫြတ္မွ်တတဲ့အစားအေသာက္ေတြစားျခင္း၊
- ကိုယ္ဝန္ေအာင္ အားေဆး ၊ ဗီတာမင္မ်ားေသာက္သံုးျခင္း၊
- Folic acid ေသာက္ျခင္း
- အိပ္ေရးဝဝအိပ္ျခင္း
- ေဆးလိပ္၊အရက္၊ မူးယစ္ေဆးဝါးႏွင့္ ေကာ္ဖီစသည္တို႔ကို လံုးဝေရွာင္ၾကဥ္ရပါမယ္။
ဒီအခ်က္ေတြကို သိရွိနားလည္ၿပီး လိုက္နာေဆာင္ရြက္ျခင္းျဖင့္ မိခင္လည္းက်န္းမာ၊ ရင္ေသြးငယ္လည္းက်န္းမာႏိုင္ေစဖို႔ ကို ေရးသားလိုက္ရပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)