အားဖြည့် အချိုရည်ဆိုသည်။
တီဗီကြောငြာတွေမှာ အားဖြည့်အချိုရည်သောက်ပြီး လန်းဆန်းသွားတာ မြင်ဘူးကြမှာပါ။ဒီကြောငြာတွေအတိုင်း အပြင်မှာရော တစ်ကယ်ဖြစ်ပါသလား?အားဖြည့် အချိုရည် သောက်ရင်း ဘာတွေပါသလဲဆိုတာ တွေးမိဘူးပါသလား? တကယ်တော့ အားဖြည့်အချိုရည် ( Energy Drink) မှာ အဓိကပါတာက
- Caffein လို့ခေါ်တဲ့ လူကိုတက်ကြွလန်းဆန်းစေတဲ့ ကဖိန်းဓာတ်
- အချိုဓာတ်လို့ခေါ်တဲ့ Carbonhydrate
- Amino acid အမျိုးနွယ်ဝင် Taurine ဓာတ်
- Vitamin B အုပ်စုဝင်တွေပါတတ်ပါတယ်။
Energy Drink တွေဟာ သောက်ဖို့သင့်တော်ရဲ့လား?
ကလေးငယ်တွေအတွက်ဆိုရင်တော့ သောက်ဖို့ သိပ်မသင့်တော်တဲ့အထဲပါပါတယ်။ကလေးတွေအတွက် ဆို အချိုရည်ထက်စာရင် ကြီးထွားမှု၊ ဖွံ့ဖြိုးမှုအတွက်အဓိကလိုအပ်တဲ့ အသားဓာတ်၊ ကစီဓာတ်၊ ဗီတာမင် မျှတအောင်ကျွေးတာက အများကြီးပိုကောင်းပါတယ်။ အားဖြည့်အချိုရည်တွေဟာ သွေးပေါင်ချိန်တက်စေသလို၊ အိပ်ချင်စိတ်နည်းစေတာမို့ ကလေးတွေအနေနဲ့ခံနိုင်ရည်မရှိတတ်ပါဘူး။
လူကြီးတွေအနေနဲ့ သောက်မယ်ဆိုရင်တော့ နှုံးနေတဲ့ အချိန်မှာ လန်းဆန်းစေမှာတေ့အမှန်ပါဘဲ။အတန်အသင့်သောက်သုံးခြင်းကတော့ ဘေးမဖြစ်စေပါဘူး။သောက်တာများမယ်ဆိုရင်တော့ အားဖြည့်အချိုရည်မှာပါတဲ့
- အချိုဓာတ်က ကိုယ်အလေးချိန်တက်စေပါတယ်။
- အိပ်ချိန်ရောက်တာတောင် မအိပ်နိုင်ဘဲရှိတတ်ပါတယ်။
- Caffein ဓာတ်အရမ်းများသွားမှာမို့ လက်တုန်တာ၊ ရင်တုန်တာ ဖြစ်စေပါတယ်။
- ရုတ်တရက် မသောက်ပဲနေရင်တောင် အရင်က အများကြီးသောက်ထားတာမို့မသောက်တဲ့အချိန်မှာ ခေါင်းကိုက်တာ၊ အာရုံစူးစိုက်မရတာ၊ မောပန်းနွယ်နယ်နေတာတွေဖြစ်စေပါတယ်။
အရာရာဟာ “တန်ဆေး လွန်ဘေး”ပဲမို့ ဒါလေးတွေသိထားပြီး ဆင်ခြင်သောက်သုံးကြပါလို့။
မယ်တင်( ဆေး ၁)
အားျဖည့္ အခ်ိဳရည္ဆိုသည္။
တီဗီေၾကာျငာေတြမွာ အားျဖည့္အခ်ိဳရည္ေသာက္ၿပီး လန္းဆန္းသြားတာ ျမင္ဘူးၾကမွာပါ။ဒီေၾကာျငာေတြအတိုင္း အျပင္မွာေရာ တစ္ကယ္ျဖစ္ပါသလား?အားျဖည့္ အခ်ိဳရည္ ေသာက္ရင္း ဘာေတြပါသလဲဆိုတာ ေတြးမိဘူးပါသလား? တကယ္ေတာ့ အားျဖည့္အခ်ိဳရည္ ( Energy Drink) မွာ အဓိကပါတာက
- Caffein လို႔ေခၚတဲ့ လူကိုတက္ႂကြလန္းဆန္းေစတဲ့ ကဖိန္းဓာတ္
- အခ်ိဳဓာတ္လို႔ေခၚတဲ့ Carbonhydrate
- Amino acid အမ်ိဳးႏြယ္ဝင္ Taurine ဓာတ္
- Vitamin B အုပ္စုဝင္ေတြပါတတ္ပါတယ္။
Energy Drink ေတြဟာ ေသာက္ဖို႔သင့္ေတာ္ရဲ႕လား?
ကေလးငယ္ေတြအတြက္ဆိုရင္ေတာ့ ေသာက္ဖို႔ သိပ္မသင့္ေတာ္တဲ့အထဲပါပါတယ္။ကေလးေတြအတြက္ ဆို အခ်ိဳရည္ထက္စာရင္ ႀကီးထြားမႈ၊ ဖြံ႕ၿဖိဳးမႈအတြက္အဓိကလိုအပ္တဲ့ အသားဓာတ္၊ ကစီဓာတ္၊ ဗီတာမင္ မၽွတေအာင္ေကၽြးတာက အမ်ားႀကီးပိုေကာင္းပါတယ္။ အားျဖည့္အခ်ိဳရည္ေတြဟာ ေသြးေပါင္ခ်ိန္တက္ေစသလို၊ အိပ္ခ်င္စိတ္နည္းေစတာမို႔ ကေလးေတြအေနနဲ႔ခံႏိုင္ရည္မရွိတတ္ပါဘူး။
လူႀကီးေတြအေနနဲ႔ ေသာက္မယ္ဆိုရင္ေတာ့ ႏႈံးေနတဲ့ အခ်ိန္မွာ လန္းဆန္းေစမွာေတ့အမွန္ပါဘဲ။အတန္အသင့္ေသာက္သံုးျခင္းကေတာ့ ေဘးမျဖစ္ေစပါဘူး။ေသာက္တာမ်ားမယ္ဆိုရင္ေတာ့ အားျဖည့္အခ်ိဳရည္မွာပါတဲ့
- အခ်ိဳဓာတ္က ကိုယ္အေလးခ်ိန္တက္ေစပါတယ္။
- အိပ္ခ်ိန္ေရာက္တာေတာင္ မအိပ္ႏိုင္ဘဲရွိတတ္ပါတယ္။
- Caffein ဓာတ္အရမ္းမ်ားသြားမွာမို႔ လက္တုန္တာ၊ ရင္တုန္တာ ျဖစ္ေစပါတယ္။
- ရုတ္တရက္ မေသာက္ပဲေနရင္ေတာင္ အရင္က အမ်ားႀကီးေသာက္ထားတာမို႔မေသာက္တဲ့အခ်ိန္မွာ ေခါင္းကိုက္တာ၊ အာရံုစူးစိုက္မရတာ၊ ေမာပန္းႏြယ္နယ္ေနတာေတြျဖစ္ေစပါတယ္။
အရာရာဟာ “တန္ေဆး လြန္ေဘး”ပဲမို႔ ဒါေလးေတြသိထားၿပီး ဆင္ျခင္ေသာက္သံုးၾကပါလို႔။
မယ္တင္( ေဆး ၁)