”အမျိုးသမီးတစ်ဦးမှာ နာကျင်မှုလေးမျိုးဖြစ်နေပြီဆိုရင်”

အမျိုးသမီးတစ်ဦးဟာ ရာသီလာရင် အလွန်အမင်းနာကျင်ခြင်း၊ ဆီးသွားလျှင်နာကျင်ခြင်း၊ ဝမ်းသွားလျှင် နာကျင်ခြင်း၊ လိင်ဆက်ဆံလျှင် အလွန်နာကျင်ခြင်းစတဲ့ နာကျင်မှုလေးမျိုး နဲ့

  • ဆီးစပ်မှာအလုံးစမ်းမိခြင်း
  • ခါးနာခြင်း
  • ကိုယ်ဝန်မရခြင်း
  • စအိုမှသွေးဆင်းတတ်ခြင်း
  • ခွဲစိတ်ထားသော အမာရွတ်မှ သွေးထွက်ခြင်း၊နာခြင်း
  • ရာသီလာလျှင် ပမာဏများပြားခြင်း စသည်တို့ဖြစ်နေပြီဆိုရင် ဖြစ်နိုင်တဲ့ရောဂါတစ်ခုရှိပါတယ်။

အဲဒါကတော့ Endometriosis လို့ခေါ်တဲ့ ရောဂါပါ။ သားအိမ်ထဲမှာရှိရမယ့် တစ်ရှူးစတွေဟာ သားအိမ်ပြင်ပမှာ သွားပွားများနေလို့ပါပဲ။

ဘယ်နေရာတွေမှာလဲ?

  • သားဥအိမ်တွေ
  • ဆီးစပ်နေရာကဝမ်းခေါင်းအတွင်း
  • သားအိမ်ရဲ့အပြင်လွှာ
  • သားအိမ်ရဲ့တွယ်ဆက်ထားတဲ့ ligament တွေ
  • သားဥပြွန်
  • အူ
  • ဆီးအိမ်
  • မိန်းမကိုယ်အတွင်း
  • ရင်ဝမ်းခေါင်း၊ အမာရွတ်နဲ့ ချက်တစ်ဝိုက်
  • အဆုတ် စသည်တို့ပဲဖြစ်ပါတယ်။

အဖြစ်အများဆုံးကနေ အနည်းဆုံးကို အစဉ်လိုက်စီပြထားတာဖြစ်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးတွေကဘာတွေလဲ?

ဒီရောဂါရဲ့ အဓိကနောက်ဆက်တွဲ ဆိုးကျိုးကတော့ ကိုယ်ဝန်မရနိုင်တာပါပဲ။ ရောဂါရှိတဲ့ အမျိုးသမီး သုံးပုံတစ်ပုံလောက်က ကိုယ်ဝန်ရဖို့ခက်ခဲတတ်ပါတယ်။

နောက်အချက်ကတော့ သားဥအိမ်ကင်ဆာဖြစ်တတ်ပါတယ်။ Endometriosis ရောဂါရှိတဲ့အမျိုးသမီးတွေဟာ သားဥအိမ်ကင်ဆာပိုဖြစ်နိုင်တယ်ဆိုပေမယ့် ဖြစ်နိုင်ချေကတော့ နည်းပါတယ်။

ဘယ်လိုလူတွေမှာအဖြစ်များသလဲ?

  • မျိုးပွားနိုင်တဲ့သန်စွမ်းတဲ့အရွယ် (အသက်သုံးဆယ်၊လေးဆယ်ပတ်ဝန်းကျင်)
  • အပျိုဖော်ဝင်တာအလွန်စောတဲ့အမျိုးသမီးတွေ
  • သွေးဆုံးချိန်နောက်ကျတဲ့အမျိုးသမီးတွေ
  • သားအိမ်အနေအထားမမှန်တဲ့အမျိုးသမီးတွေ
  • ကိုယ်ဝန်မဆောင်ဖူးသူအမျိုးသမီးတွေနဲ့
  • မိသားစုထဲမှာ ဒီရောဂါဖြစ်ဖူးတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။

ရောဂါဖြစ်နေတာကို ဘယ်လိုသိရှိနိုင်မလဲ?

အပေါ်မှာ ဖော်ပြခဲ့တဲ့ ရောဂါလက္ခဏာတွေဖြစ်လာရင် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။ အဲဒီအခါမှာ စမ်းသပ်စစ်ဆေးပြီး သေချာအောင်ရောဂါကိုရှာဖွေရပါမယ်။

တီဗီဓာတ်မှန် (Ultrasound) ရိုက်ခြင်းနဲ့ Laparoscopy ပါ။ Laparoscopy ကတော့ အင်မတန်ကောင်းတဲ့ Gold Standard ပါ။ ရောဂါကို အသေအချာရှာဖွေဖော်ထုတ်ပေးနိုင်ပါတယ်။ ဗိုက်ခေါင်းမှာ အပေါက်ငယ်သေးသေးလေးတစ်ခုဖောက်ပြီး အတွင်းက ကိုယ်တွင်းအင်္ဂါတွေကို စစ်ဆေးပြီး လိုအပ်သလိုကုသမှုပါ တစ်ခါတည်းပြုလုပ်လို့ရတဲ့ ခွဲစိတ်မှုတစ်ခုဖြစ်ပါတယ်။

ကုသမှုနည်းလမ်းတွေ?

ရောဂါရဲ့အခြေအနေပေါ်မူတည်ပြီး

  • လတ်တလောခံစားနေရတဲ့ ဝေဒနာသက်သာအောင် ဆေးသောက်ခြင်း
  • ဟော်မုန်းဆေးများဖြင့် ကုသခြင်း
  • ခွဲစိတ်ကုသခြင်း

စသည်တို့ကို ကျွမ်းကျင်သူဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူနိုင်ပါတယ်လို့ ရေးသားဖော်ပြလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

''အမ်ိဳးသမီးတစ္ဦးမွာ နာက်င္မႈေလးမ်ိဳးျဖစ္ေနၿပီဆိုရင္''

အမ်ိဳးသမီးတစ္ဦးဟာ ရာသီလာရင္ အလြန္အမင္းနာက်င္ျခင္း၊ ဆီးသြားလွ်င္နာက်င္ျခင္း၊ ဝမ္းသြားလွ်င္ နာက်င္ျခင္း၊ လိင္ဆက္ဆံလွ်င္ အလြန္နာက်င္ျခင္းစတဲ့ နာက်င္မႈေလးမ်ိဳး နဲ႔

  • ဆီးစပ္မွာအလံုးစမ္းမိျခင္း
  • ခါးနာျခင္း
  • ကိုယ္ဝန္မရျခင္း
  • စအိုမွေသြးဆင္းတတ္ျခင္း
  • ခြဲစိတ္ထားေသာ အမာရြတ္မွ ေသြးထြက္ျခင္း၊နာျခင္း
  • ရာသီလာလွ်င္ ပမာဏမ်ားျပားျခင္း စသည္တို႔ျဖစ္ေနၿပီဆိုရင္ ျဖစ္ႏိုင္တဲ့ေရာဂါတစ္ခုရွိပါတယ္။

အဲဒါကေတာ့ Endometriosis လို႔ေခၚတဲ့ ေရာဂါပါ။ သားအိမ္ထဲမွာရွိရမယ့္ တစ္ရႉးစေတြဟာ သားအိမ္ျပင္ပမွာ သြားပြားမ်ားေနလို႔ပါပဲ။

ဘယ္ေနရာေတြမွာလဲ?

  • သားဥအိမ္ေတြ
  • ဆီးစပ္ေနရာကဝမ္းေခါင္းအတြင္း
  • သားအိမ္ရဲ႕အျပင္လႊာ
  • သားအိမ္ရဲ႕တြယ္ဆက္ထားတဲ့ ligament ေတြ
  • သားဥႁပြန္
  • အူ
  • ဆီးအိမ္
  • မိန္းမကိုယ္အတြင္း
  • ရင္ဝမ္းေခါင္း၊ အမာရြတ္နဲ႔ ခ်က္တစ္ဝိုက္
  • အဆုတ္ စသည္တို႔ပဲျဖစ္ပါတယ္။

အျဖစ္အမ်ားဆံုးကေန အနည္းဆံုးကို အစဥ္လိုက္စီျပထားတာျဖစ္ပါတယ္။

ေနာက္ဆက္တြဲဆိုးက်ိဳးေတြကဘာေတြလဲ?

ဒီေရာဂါရဲ႕ အဓိကေနာက္ဆက္တြဲ ဆိုးက်ိဳးကေတာ့ ကိုယ္ဝန္မရႏိုင္တာပါပဲ။ ေရာဂါရွိတဲ့ အမ်ိဳးသမီး သံုးပံုတစ္ပံုေလာက္က ကိုယ္ဝန္ရဖို႔ခက္ခဲတတ္ပါတယ္။

ေနာက္အခ်က္ကေတာ့ သားဥအိမ္ကင္ဆာျဖစ္တတ္ပါတယ္။ Endometriosis ေရာဂါရွိတဲ့အမ်ိဳးသမီးေတြဟာ သားဥအိမ္ကင္ဆာပိုျဖစ္ႏိုင္တယ္ဆိုေပမယ့္ ျဖစ္ႏိုင္ေခ်ကေတာ့ နည္းပါတယ္။

ဘယ္လိုလူေတြမွာအျဖစ္မ်ားသလဲ?

  • မ်ိဳးပြားႏိုင္တဲ့သန္စြမ္းတဲ့အရြယ္ (အသက္သံုးဆယ္၊ေလးဆယ္ပတ္ဝန္းက်င္)
  • အပ်ိဳေဖာ္ဝင္တာအလြန္ေစာတဲ့အမ်ိဳးသမီးေတြ
  • ေသြးဆံုးခ်ိန္ေနာက္က်တဲ့အမ်ိဳးသမီးေတြ
  • သားအိမ္အေနအထားမမွန္တဲ့အမ်ိဳးသမီးေတြ
  • ကိုယ္ဝန္မေဆာင္ဖူးသူအမ်ိဳးသမီးေတြနဲ႔
  • မိသားစုထဲမွာ ဒီေရာဂါျဖစ္ဖူးတဲ့သူေတြမွာ ျဖစ္တတ္ပါတယ္။

ေရာဂါျဖစ္ေနတာကို ဘယ္လိုသိရွိႏိုင္မလဲ?

အေပၚမွာ ေဖာ္ျပခဲ့တဲ့ ေရာဂါလကၡဏာေတြျဖစ္လာရင္ ဆရာဝန္နဲ႔ သြားေရာက္ျပသသင့္ပါတယ္။ အဲဒီအခါမွာ စမ္းသပ္စစ္ေဆးၿပီး ေသခ်ာေအာင္ေရာဂါကိုရွာေဖြရပါမယ္။

တီဗီဓာတ္မွန္ (Ultrasound) ႐ိုက္ျခင္းနဲ႔ Laparoscopy ပါ။ Laparoscopy ကေတာ့ အင္မတန္ေကာင္းတဲ့ Gold Standard ပါ။ ေရာဂါကို အေသအခ်ာရွာေဖြေဖာ္ထုတ္ေပးႏိုင္ပါတယ္။ ဗိုက္ေခါင္းမွာ အေပါက္ငယ္ေသးေသးေလးတစ္ခုေဖာက္ၿပီး အတြင္းက ကိုယ္တြင္းအဂၤါေတြကို စစ္ေဆးၿပီး လိုအပ္သလိုကုသမႈပါ တစ္ခါတည္းျပဳလုပ္လို႔ရတဲ့ ခြဲစိတ္မႈတစ္ခုျဖစ္ပါတယ္။

ကုသမႈနည္းလမ္းေတြ?

ေရာဂါရဲ႕အေျခအေနေပၚမူတည္ၿပီး

  • လတ္တေလာခံစားေနရတဲ့ ေဝဒနာသက္သာေအာင္ ေဆးေသာက္ျခင္း
  • ေဟာ္မုန္းေဆးမ်ားျဖင့္ ကုသျခင္း
  • ခြဲစိတ္ကုသျခင္း

စသည္တို႔ကို ကြ်မ္းက်င္သူဆရာဝန္မ်ားနဲ႔ တိုင္ပင္ေဆြးေႏြးၿပီး ကုသမႈခံယူႏိုင္ပါတယ္လို႔ ေရးသားေဖာ္ျပလိုက္ရပါတယ္။

အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…

Leave a Reply

Your email address will not be published. Required fields are marked *