ပါဝင်သောဆေး-Ondansetron HCl၊

ဆေးပုံစံ-ထိုးဆေးပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-ကင်ဆာဆေးများနှင့် ဓာတ်ကင်ခြင်းများကြောင့် ပျို့ခြင်း၊ အန်ခြင်း၊ ခွဲစိတ်ကုသပြီးနောက် ပျို့ခြင်း၊ အန်ခြင်း မဖြစ်စေရန်ကာကွယ်ရန်နှင့် ကုသရန်။
သုံးစွဲရန်အညွှန်း- အသုံးပြုသော ရောဂါပေါ်မူတည်၍ ဆရာဝန်ညွှန်ကြားသည့်အတိုင်း သုံးစွဲရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-အခြားသော အလားတူအုပ်စုဝင်ဆေးများနှင့် ဓာတ်မတည့်သူများ သတိပြုသုံးစွဲပါ။ အူမကြီးလှုပ်ရှားမှုကို ကျစေပါသည်။ နှလုံးခုန်မမှန်သောသူများ၊ နှလုံးဆေး သောက်နေရသူများ၊ သွေးတွင်း သတ္တုဓာတ်ပုံမမှန်ဖြစ်နေသူများ၊ အူပိတ်သောလက္ခဏာများရှိသူ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။

ဘေးထွက်ဆိုးကျိုး-ခေါင်းကိုက်ခြင်း၊ ကိုယ်ခန္ဓာနွေးလာခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆေးထိုးသောနေရာတွင် ဓာတ်မတည့်သောလက္ခဏာများ ပြတတ်ပါသည်။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-အသည်းရှိ အင်ဇိုင်းတစ်မျိုးကို လှုံ့ဆော်ခြင်းဖြင့် ဆေးများ၏ သွေးတွင်းအာနိသင်ကိုကျစေပါသည်။
ဒေါက်တာချို(ဆေး ၁)

Related posts
အခြားရောဂါများအထွေထွေဆေးဝါးများ

နားကိုက်ခြင်း

1 Mins read
နားကိုက်ခြင်း ဟာ ရောဂါပိုးဝင်ခြင်း၊ နားဖာချေးပိတ်ခြင်း၊ နားထဲပစ္စည်းတစ်ခုခုဝင်နေခြင်း၊ နားထဲရေဝင်နေခြင်း၊ နားစည်ပေါက်ခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ နားကြောင့်မဟုတ်ဘဲ တခြား တစ်နေရာရာ က ဖြစ်တဲ့ နာကျင်ခြင်းကြောင့်လည်း နားကိုက်ခြင်း ကို ခံစားရနိုင်ပါတယ်။ (ဥပမာ- မေးရိုး နာကျင် ရောင်ရမ်း…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…

Leave a Reply

Your email address will not be published. Required fields are marked *