All Articlesမျိုးဆက်ပွားကျန်းမာရေး

သားအိမ်တွင်းထည့်ပစ္စည်းဖြင့် အရေးပေါ်သန္ဓေတားခြင်း

1 Mins read

သားအိမ်တွင်းထည့်ပစ္စည်းဖြင့် အရေးပေါ်သန္ဓေတားခြင်း

အရေးပေါ်သန္ဓေတားဆေးဆို လူအများစုသိကြတာက ဆေးလုံးလေးတွေပါ။ဒါပေမယ့် အရေးပေါ်သန္ဓေတားရာမှာ အထိရောက်ဆုံးနည်းလမ်းကတော့ သားအိမ်အတွင်းထည့်တဲ့ပစ္စည်းဖြစ်တဲ့ copper IUDs ပါပဲ။

img

Copper IUDs ဟာ အကာအကွယ်မရှိဘဲလိင်ဆက်ဆံမှုပြုလုပ်ပြီး ၅ ရက်အတွင်းထည့်သွင်းအသုံးပြုမယ်ဆိုရင် ကိုယ်ဝန်မရရှိအောင် ၉၅ ရာခိုင်နှုန်းကျော် ကာကွယ်တားဆီးနိုင်ပါတယ်။

အရေးပေါ်သ္ဓေနတားဆေး(Emergency pills) နဲ့ ကွာခြားချက်ကတော့ အရေးပေါ်သ္ဓေနတားဆေး ဟာ နောက်ထပ်ကိုယ်ဝန်မရအောင်ဆက်လက်ကာကွယ်ဖို့ တခြားနည်းလမ်းတွေကိုဆက်သုံးဖို့လိုပြီး Copper IUDs ကတော့ သားအိမ်ထဲက ပြန်မထုတ်မချင်း ၅ နှစ်နီးပါးအထိ သန္ဓေတားနိုင်စွမ်းရှိပါတယ်။

Copper IUDs ဟာ သုက်ပိုးနဲ့ သားဥတွေ့ဆုံမယ့်လမ်းကြောင်းကို ဝင်ရောက်ဟန့်တားနှောင့်ယှက်ခြင်းဖြင့်သန္ဓေတားတာဖြစ်ပါတယ်။သုက်ပိုးနဲ့သားဥမတွေ့ဆုံရင် သန္ဓေအောင်တာလည်းဖြစ်မလာနိုင်တော့တဲ့အတွက် ဒါတွေအသုံးပြု ခြင်းကို ကိုယ်ဝန်ဖျက်ချခြင်းလို့မဆိုနိုင်ပါဘူး။

ဒီနေရာမှာတစ်ခုသတိပြုရမှာက ဆေးရော Copper IUDs ရောဟာ သန္ဓေအောင်ပြီးသား ကိုယ်ဝန်ရှိပြီးသားကိစ္စတွေမှာတော့ ဆက်လက်မဖြစ်ပေါ်အောင်တားဆီးနိုင်စွမ်းမရှိဘူးဆိုတာပါပဲ။ဒါကြောင့် အကာအကွယ်မဲ့လိင်ဆက်ဆံပြီး စောနိုင်သမျှစောစော Copper IUDs ကိုထည့်ဖို့လိုပါတယ်။

img

ဘယ်လိုလူတွေ သားအိမ်တွင်းထည့်ပစ္စည်း(Copper IUDs) ကိုသုံးနိုင်သလဲ?

-လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားခံရသူတွေ

-ကိုယ်ဝန်တားဆေးတစ်မျိုးမျိုး မသုံးစွဲထားသူတွေ

-တားဆေးသုံးသော်လည်း ပျက်ကွက်သူတွေ(ဥပမာ ဆေးသောက်ဖို့မေ့တာ လိင်ဆက်ဆံစဉ် ကွန်ဒုံးပေါက်ပြဲတာ အစရှိသဖြင့်)တို့မှာသုံးနိုင်ပါတယ်။

img

ဘေးထွက်ဆိုးကျိုးဘာတွေရှိသလဲ?

-ထည့်သွင်းချိန်မှာ နာကျင်ခြင်း

-ခါးကိုက်ခြင်း

-ရာသီမလာခင်စပ်ကြား သွေးဆင်းခြင်း

-ရာသီလာစဉ် သွေးဆင်းများခြင်း ကိုက်ခဲခြင်းတို့ဖြစ်တတ်ပါတယ်။

ဒါတွေဟာ သုံးလလောက်အတွင်းမှာ အသားကျပြီး ပျောက်ကင်းသွားတတ်ပါတယ်။

img

ဘယ်သူတွေမသုံးသင့်လဲ?

-အမျိုးသမီးမျိုးပွားအင်္ဂါများ ပိုးဝင်သောလက္ခဏာရှိသူများ

-ဘာကြောင့်မှန်းမသိ မိန်းမကိုယ်မှသွေးဆင်းသူများ

-သားအိမ်ခေါင်းကင်ဆာရှိသူများ

-သွေးဥမွှားနည်းသောရောဂါရှိသူများဟာ ဒီနည်းလမ်းကိုမသုံးသင့်ပါဘူး။

Copper IUDs ထည့်သွင်းခြင်းကို ကျွမ်းကျင်သူကျန်းမာရေးဝန်ထမ်းများသာ လုပ်ဆောင်သင့်ပါတယ်။

Reference:;https://www.google.com/url…

https://www.google.com/url…

ဒေါက်တာပွင့်ဖြိုးကျော်

သားအိမ္တြင္းထည့္ပစၥည္းျဖင့္ အေရးေပၚသေႏၶတားျခင္း

အေရးေပၚသေႏၶတားေဆးဆို လူအမ်ားစုသိၾကတာက ေဆးလံုးေလးေတြပါ။ဒါေပမယ့္ အေရးေပၚသေႏၶတားရာမွာ အထိေရာက္ဆံုးနည္းလမ္းကေတာ့ သားအိမ္အတြင္းထည့္တဲ႔ပစၥည္းျဖစ္တဲ႔ copper IUDs ပါပဲ။

img

Copper IUDs ဟာ အကာအကြယ္မရွိဘဲလိင္ဆက္ဆံမႈျပဳလုပ္ျပီး ၅ ရက္အတြင္းထည့္သြင္းအသံုးျပဳမယ္ဆိုရင္ ကိုယ္ဝန္မရရွိေအာင္ ၉၅ ရာခိုင္ႏႈန္းေက်ာ္ ကာကြယ္တားဆီးနိုင္ပါတယ္။

အေရးေပၚသေၶႏတားေဆး(Emergency pills) နဲ႔ ကြာျခားခ်က္ကေတာ့ အေရးေပၚသေၶႏတားေဆး ဟာ ေနာက္ထပ္ကိုယ္ဝန္မရေအာင္ဆက္လက္ကာကြယ္ဖို႔ တျခားနည္းလမ္းေတြကိုဆက္သံုးဖို႔လိုျပီး Copper IUDs ကေတာ့ သားအိမ္ထဲက ျပန္မထုတ္မခ်င္း ၅ ႏွစ္နီးပါးအထိ သေႏၶတားနိုင္စြမ္းရွိပါတယ္။

Copper IUDs ဟာ သုက္ပုိးနဲ႔ သားဥေတြ႕ဆံုမယ့္လမ္းေၾကာင္းကို ဝင္ေရာက္ဟန္႕တားေႏွာင့္ယွက္ျခင္းျဖင့္သေႏၶတားတာျဖစ္ပါတယ္။သုက္ပိုးနဲ႔သားဥမေတြ႕ဆံုရင္ သေႏၶေအာင္တာလည္းျဖစ္မလာနိုင္ေတာ့တဲ႔အတြက္ ဒါေတြအသံုးျပဳ ျခင္းကို ကိုယ္ဝန္ဖ်က္ခ်ျခင္းလို႔မဆိုနိုင္ပါဘူး။

ဒီေနရာမွာတစ္ခုသတိျပဳရမွာက ေဆးေရာ Copper IUDs ေရာဟာ သေႏၶေအာင္ျပီးသား ကိုယ္ဝန္ရွိျပီးသားကိစၥေတြမွာေတာ့ ဆက္လက္မျဖစ္ေပၚေအာင္တားဆီးနိုင္စြမ္းမရွိဘူးဆိုတာပါပဲ။ဒါေၾကာင့္ အကာအကြယ္မဲ႔လိင္ဆက္ဆံျပီး ေစာနိုင္သမ်ွေစာေစာ Copper IUDs ကိုထည့္ဖို႔လိုပါတယ္။

img

ဘယ္လိုလူေတြ သားအိမ္တြင္းထည့္ပစၥည္း(Copper IUDs) ကိုသံုးနိုင္သလဲ?

-လိင္ပိုင္းဆိုင္ရာအနိုင္က်င့္ေစာ္ကားခံရသူေတြ

-ကိုယ္ဝန္တားေဆးတစ္မ်ိဳးမ်ိဳး မသံုးစြဲထားသူေတြ

-တားေဆးသံုးေသာ္လည္း ပ်က္ကြက္သူေတြ(ဥပမာ ေဆးေသာက္ဖို႔ေမ့တာ လိင္ဆက္ဆံစဥ္ ကြန္ဒံုးေပါက္ျပဲတာ အစရွိသျဖင့္)တို႔မွာသံုးနိုင္ပါတယ္။

img

ေဘးထြက္ဆိုးက်ိဳးဘာေတြရွိသလဲ?

-ထည့္သြင္းခ်ိန္မွာ နာက်င္ျခင္း

-ခါးကိုက္ျခင္း

-ရာသီမလာခင္စပ္ၾကား ေသြးဆင္းျခင္း

-ရာသီလာစဥ္ ေသြးဆင္းမ်ားျခင္း ကိုက္ခဲျခင္းတို႔ျဖစ္တတ္ပါတယ္။

ဒါေတြဟာ သံုးလေလာက္အတြင္းမွာ အသားက်ျပီး ေပ်ာက္ကင္းသြားတတ္ပါတယ္။

img

ဘယ္သူေတြမသံုးသင့္လဲ?

-အမ်ိဳးသမီးမ်ိဳးပြားအဂၤါမ်ား ပိုးဝင္ေသာလကၡဏာရွိသူမ်ား

-ဘာေၾကာင့္မွန္းမသိ မိန္းမကိုယ္မွေသြးဆင္းသူမ်ား

-သားအိမ္ေခါင္းကင္ဆာရွိသူမ်ား

-ေသြးဥမႊားနည္းေသာေရာဂါရွိသူမ်ားဟာ ဒီနည္းလမ္းကိုမသံုးသင့္ပါဘူး။

Copper IUDs ထည့္သြင္းျခင္းကို ကြ်မ္းက်င္သူက်န္းမာေရးဝန္ထမ္းမ်ားသာ လုပ္ေဆာင္သင့္ပါတယ္။

Reference:;https://www.google.com/url…

https://www.google.com/url…

ေဒါက္တာပြင့္ျဖိဳးေက်ာ္

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *