Emergency ပုံစံပေမယ့် Emergency မဟုတ်တဲ့ ဒီရောဂါ….
⚕️ Emergency ဆိုတာဟာ ချက်ချင်းသာ ကုသမှုမခံယူရင် အသက်ဆုံးရှုံးနိုင်တဲ့အခြေအနေမျိုးကိုခေါ်ကြတာပါ။ နှလုံးရောဂါကြောင့် အမောဖောက်ပြီးမောတာမျိုးက Emergency လို့ခေါ်နိုင်ပေမယ့် မောနေတာဟာ စိတ်ကြောင့်ဖြစ်တဲ့ ASR ရောဂါကြောင့်ဆိုရင်တော့ ဒါဟာ Emergency လုံးဝမဟုတ်တော့ပါဘူး။ အပြင်ပန်းကြည့်ရင်သာ Emergency ပုံစံဖြစ်နေပေ
မယ့် ကုသမှုတောင်တခါတလေ မလိုပဲ Councelling ကောင်းကောင်းပေးလိုက်ရင် သက်သာနိုင်တဲ့ရောဂါပါ။ အများအားဖြင့် စိတ်ဖိစီးမှုများတဲ့အချိန်၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကြီးကြီးမားမားတစ်ခုခုရပြီးတဲ့အချိန်မှာ၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရတာ စတဲ့ စိတ်အာရုံဖိစီးတဲ့အချိန်တွေမှာ ဖြစ်တတ်ကြပါတယ်။ ထိုသို့ကြုံတွေ့ရပြီး မိနစ်ပိုင်း၊ နာရီပိုင်းအတွင်းမှာစဖြစ်တတ်ပြီး ပျောက်ကင်းဖို့သိပ်မကြာတတ်သလိုအလွန်ဆုံးကြာရင် ရက်သတ္တပတ်လောက် ထိပဲ ကြာတတ်ပါတယ်။

လက္ခဏာတွေအနေနဲ့က…
♏ အသက်ရှုရခက်လာတာ၊မောလာတာ
♏ ရင်တလှပ်လှပ်တုန်တာ၊ ရင်ဘတ်အောင့်တာ
♏ ဗိုက်အောင့်တာ၊ ပျို့တာ
♏ ခေါင်းကိုက်တာ
♏ စိတ်ဆတ် စိတ်တိုလွယ်လာတာ
♏ စိတ်လှုပ်ရှားလွယ်တာ
♏ စိတ်ခံစားမှု အတက်အကျဖြစ်တာ
♏ အာရုံစူးစိုက်မှုမကောင်းတာ
♏ သိပ်မအိပ်တော့တာ၊ တစ်ယောက်တည်းသီးသန့်နေလာတာ
♏ စိတ်မချမ်းမသာဖြစ်စေတဲ့ အိပ်မက်တွေမက်တာ
♏ စိတ်အနှောင့်အယှက်ဖြစ်စေမယ့် အမှတ်တရ
တွေ၊ လူတွေ၊ အခြေအနေတွေကိုရှောင်လာတာ
♏ စိတ်ခံစားချက်မရှိသလိုပုံစံမျိုးဖြစ်နေတာ
♏ ကိုယ့်ကိုယ်ကိုထိခိုက်နိုင်စေတဲ့ ရန်လိုတဲ့အပြုအမူတွေလုပ်လာတာမျိုးတွေရှိတတ်ပါတယ်။
⚕️ ဒီလက္ခဏာတွေဟာ စိတ်ဖိစီးတဲ့အခြေအနေတွေပြီးသွားတာနဲ့ သက်သာသွားနိုင်တဲ့အတွက်
အများအားဖြင့်ကုသမှုမလိုတတ်ပါဘူး။
ဒါပေမယ့် လူနာက ဒီအခြေအနေတွေကိုကျော်ဖြတ်နိုင်အောင်…
Councelling ကောင်းကောင်းလုပ်ပေးတာကလည်း တော်တော်အရေးပါပါတယ်။ ဆရာဝန်နဲ့ပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် မိမိမှာဖြစ်နေတဲ့ပြဿနာတွေကို ဆွေးနွေးပေးခြင်းကလည်း ဒီပြဿနာကို ကျော်လွှားနိုင်ဖို့ အထောက်အကူရပါတယ်။
လက္ခဏာတွေသက်သာစေဖို့ သွေးတိုးနဲ့ နှလုံးရောဂါတွေမှာ သုံးတတ်တဲ့ဆေးတစ်မျိုးပေးတာ၊ စိတ်ငြိမ်ဆေးပေးတာမျိုးတွေလည်း
လိုအပ်ရင်တော့ ဆရာဝန်တွေ ပေးလေ့ရှိကြပါတယ်။

ဒေါက်တာစိမ်းလဲ့