” မိုးရာသီချိန်ခါ လျှပ်စစ်အန္တရာယ်ကာကွယ်နိုင်စေဖို့ရာ “
ရေဟာ လျှပ်စစ်ဓာတ်အား တစ်နေရာမှတစ်နေရာကို မတော်တဆကူးသွားတဲ့အန္တရာယ်ကို အပေးနိုင်ဆုံးအရာပါ။ ဒါကြောင့် စိုစွတ်တဲ့မိုးရာသီကာသီကာလဟာ လျှပ်စစ်အန္တရာယ်ကိုအကြောက်ရဆုံးအချိန်အခါတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုလိုမိုးတွင်းအချိန်အခါမှယ လျှပ်စစ်ဓာတ်လိုက်ခြင်းအန္တရာယ်ကို ကာကွယ်နိုင်စေရန် ဆောင်ရန်ရှောင်ရန်အချက်များကို တင်ပြလိုက်ရပါတယ်။
၁။ လုပ်ငန်းလိုင်စင်တံဆိပ် တိတိကျကျရှိသော စိတ်ချရသော လျှပ်စစ်ပစ္စည်းများကိုသာအသုံးပြုပါ။ အသုံးပြုတဲ့အခါမှာလည်း မိမိတစ်နိုင် လုပ်နိုင်သော လျှပ်စစ်သွယ်တန်းစနစ်ထက် ပိုမိုရှုပ်ထွေးပါက ကျွမ်းကျင်သော လျှပ်စစ်ပညာရှင်ကိုအကူအညီတောင်းကာ တပ်ဆင်မှုပြုပါ။
၂။ လျှပ်စစ်ဆက်သွယ်သည့်ကြိုး (Extension cord/wire)များအား အသုံးမပြုမီ စစ်ဆေးပါ။ မိမိနေ့စဉ်အသုံးပြုလေ့ရှိသော မီးပူတိုက်ခြင်း၊ ဆံပင်လေမှုတ်အခြောက်ခံစက် (Hair Dryer)၊ ကွန်ပြူတာပလပ် အစရှိသည်တို့အတွက် အသုံးပြုသည့် extension cordများ ကောင်းမွမ်မှုရှိမရှိ အသုံးမပြုမီစစ်ဆေးပါ။
၃။ အိမ်ဆောက်ပြုပြင်မွမ်းမံရာတွင် နေအိမ်ရှိသွယ်တန်းထားသော ဝါယာကြိုးစနစ်ကို အလျင်စစ်ဆေးပါ။ မိမိပြုပြင်နေသောနေအိမ်အစိတ်အပိုင်း၏ ဝါယာကြိုးသွယ်တန်းစနစ်ကိုဖြတ်၍ ဖြိုဖျက်ခြင်း၊ ဖြတ်တောင်ခြင်းမရှိမိစေရန် ဂရုပြုပါ။
၄။ မိမိအသုံးပြုနေသော ဝါယာ၊ ပလပ်ပေါက်များ မိုးပက်နိုင်သောနေရာတွင်ရှိနေပါက နေရာရွှေ့ပါ။ အလွန်ဟောင်း၍ ဆွေးနေသော လျှပ်စစ်ပစ္စည်းများအား ဆက်လက်အသုံးမပြုဘဲ လဲလှယ်ပါ။
၅။ မီးမကူးသော လက်ကိုင်၊ အကာအရံ (Insulated material)ပါဝင်သော လျှပ်စစ်ပစ္စည်းများအား ပေါက်ပြဲနေခြင်းရှိမရှိ၊ မီးပွင့်နေခြင်းရှိမရှိ သတိပြုပါ။
၆။ လမ်းသွားသောအခါ ဓာတ်ကြိုးဟောင်းများ၊ ထရန်စဖော်မာ၊ မီးစက်များအနီးမှ ဖြတ်သွားသောအခါ သတိရှိပါ။
၇။ မီးပလပ်၊ မီးဘုတ်ပြားများအား မိမိသဘောနှင့်ဖွင့်၊ ဖြုတ်ကာ အသစ်ထပ်မံမွမ်းမံခြင်း၊ ဆော့ကက်အသစ်ထပ်ဖြည့်ကာ ဝါယာကြိုးပွားခြင်းကိုမပြုလုပ်ပါနှင့်။ တတ်ကျွမ်းသော လျှပ်စစ်ပညာရှင်များ၏အကူအညီကို ရယူကာ တပ်ဆင်ပါ။
img
၈။ လျှပ်စစ်ဆက်သွယ်သောကြိုးများ၊ extension cordများ ကို တက်နင်းနိုင်၊ ကြိတ်မိနိုင်သောနေရာများတွင်ထားခြင်းကိုရှောင်ကျဉ်ပါ။ ခဏခဏ နင်းမိကြိတ်မိပါက၊ ကြိုးများပေါက်ပြဲကာ ဓာတိလိုက်နိုင်သည့်အန္တရာယ်ရှိပါသည်။
၉။ မိမိ၏နေအိမ်အတွင်းနှင့် ပြင်ပဝန်းကျင်တွင်ရှိသော လျှပ်စစ်ဓာတ်ကူးနိုင်သည့် ပစ္စည်းများကို တတ်နိုင်သမျှ ခြောက်သွေ့၍ မိုးမပက်၊ ရေမတင်နိုင်သောနေရာများသို့ရွှေ့ပြောင်းထားပါ။
၁၀။ လျှပ်စစ်ပစ္စည်းများအသုံးပြုရာတွင် အသုံးပြုသည့်ပစ္စည်း၏ ဝပ်အား (Watt power)နှင့်ကိုက်ညီသော ကြားခံ adapterကိုသာအသုံးပြုပါ။ သို့မဟုတ်ဘဲ wattအားနည်းသော adapterအသုံးပြုမိပါက အပူချိန်လွန်ကဲကာ ဝါယာရှော့ဖြစ်နိုင်ပြီး ဓာတ်လိုက်နိုင်သည့်အန္တရာယ် စိတ်ပူရသောကြောင့်ဖြစ်ပါသည်။
ကျန်းကျန်းမာမာဖြင့် သာယာသောမိုးရာသီတစ်နှစ်ကို ဖြတ်သန်းနိုင်ကြပါစေ။
မေတ္တာဖြင့်
စိုင်းမြတ်သူ
img
မေတ္တာဖြင့်
စိုင်းမြတ်သူ
MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ
Schizophrenia
1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...
1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ
1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
Leave a Reply
Your email address will not be published. Required fields are marked *