ပါဝင်သောဆေး-Loperamide HCL
ဆေးပုံစံ-ဆေးတောင့်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-ရုတ်တရက် ဝမ်းလျောခြင်း၊ ရက်ရှည်ဝမ်းလျောတတ်သော အူမကြီး ရောင်သောရောဂါများ၊ ဝမ်းဗိုက်တွင် အူဂျိုထုတ်ထားသောသူများ ဝမ်းသွားနည်းစေရန်။
သုံးစွဲရန်အညွှန်း-လူကြီး ဝမ်းလျောစတွင် ၂ လုံး၊ နောက် ဝမ်းလျောတိုင်း ၁လုံး(တစ်နေ့ ၈လုံးထက် ပိုမသောက်ရ)။ ကလေး အသက် ၈-၁၂နှစ် ၁လုံး ၃ကြိမ်။ အသက် ၆-၈နှစ် ၁လုံး ၂ကြိမ်။
အစာနှင့်စားရန်သင့်မသင့်- အစားမစားခင်သောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ ဝမ်းချုပ်နေသူများ၊ ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင်များ။
သတိပြုရမည့်အချက်များ-အသည်းမကောင်းသူများ၊ အလွှာပါးပိတ်တတ်သော အူမကြီးရောင်ခြင်း၊ ဝမ်းကိုက်သူများ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။ အသက် ၂နှစ်အောက် ကလေးများတွင် မသုံးသင့်ပါ။
ဘေးထွက်ဆိုးကျိုး-ဗိုက်အောင့်ခြင်း၊ ပျို့ခြင်း၊ ဝမ်းချုပ်ခြင်း၊ ပါးစပ်ခြောက်ခြင်း၊ ခေါင်းမူးခြင်း၊ နှုန်းခြင်း၊ အရေပြားအစက်ထွက်ခြင်း၊ ကလေးများတွင် အူမလှုပ်နိုင်ခြင်း။
ဒေါက်တာချို(ဆေး ၁)