All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

အိပ်ပျော်နေစဉ်သုက်ထွက်ခြင်း “

1 Mins read

” အိပ်ပျော်နေစဉ်သုက်ထွက်ခြင်း ”

အိပ်ပျော်နေတုန်း သုက်ထွက်တယ်ဆိုတာ ကြားရတာနည်းနိုင်မှာပါ။ တစ်ခါတစ်ရံတော့ အိပ်ရာကနိုးလာချိန်မှာ ဘာဖြစ်သွားတာလဲဆိုပြီးစူးစမ်းတာမျိုးတွေလည်း ဖြစ်တတ်ကြပါတယ်။ အဆိုပါဖြစ်ရပ်တွေဟာ ဆယ်ကျော်သက်တွေမှာ အဖြစ်များလေ့ရှိပါတယ်။ အယောက်100မှာ 4ယောက်ကနေ8ယောက်အထိ ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို တွေ့ရှိထားပါတယ်။

အဆိုပါအခြေအနေဟာ ရောဂါမဟုတ်သလို ပုံမမှန်တဲ့အခြေအနေမဟုတ်ပါဘူး။ လူပျိုဖော်ဝင်တာ၊ အပျိုဖော်ဝင်တာရဲ့ ဖြစ်ရိုးဖြစ်စဉ် ဖြစ်ရပ်များစွာထဲက တစ်ခုအနေနဲ့ပဲ လက်ခံထားကြပါတယ်။ အိပ်မက်ထဲမှာ စိတ်ကြွစေနိုင်တဲ့ဖြစ်ရပ်မျိုးတွေပါလာရင်၊ အတူမနေရတာ1ပတ်-2ပတ် ဒါမှမဟုတ် ကာလအတန်ကြာမြင့်လာရင်လည်း ဖြစ်တတ်တယ်လို့ ဆိုထားပါတယ်။

ဘယ်လောက်တစ်ခါဖြစ်နိုင်လည်းဆိုတာကတော့ တစ်ဦးနဲ့တစ်ဦး ကွာခြားနိုင်ပါတယ်။အိမ်ထောင်မရှိတဲ့ 15နှစ်သားအမျိုးသားတွေမှာတော့ 3ပတ်မှာတစ်ကြိမ်လောက်၊ အသက်40အရွယ်အိမ်ထောင်မရှိသူတွေမှာ 5ပတ်ခြားတစ်ကြီမ် ဖြစ်လေ့ရှိပါတယ်။ အိမ်ထောင်သည်တွေမှာတော့ ကွဲပြားပါတယ်။ ငယ်ရွယ်သူတွေမှာ တစ်လတစ်ကြိမ်နဲ့ အသက်50ဝန်းကျင်မှာတော့ နှစ်လတစ်ကြိမ်ခန့် ဖြစ်တတ်တာကို တွေ့ရတတ်ပါတယ်။

အိပ်ပျော်နေစဉ်သုက်လွှတ်တာကို ကာကွယ်နိုင်မယ့်နည်းလမ်းတွေရှိပါတယ်။ ပထမဦးဆုံးသိထားရမှာက အဆိုပါဖြစ်စဉ်ဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဆိုတာကိုပါ။ ကာကွယ်ချင်တယ်ဆိုရင်တော့ နည်းလမ်းအချို့ကို စမ်းသပ်ကြည့်နိုင်ပါတယ်။

အိပ်တော့မယ်ဆိုရင် ပျော့ပျောင်းနူးညံ့တဲ့ အဝတ်အစားတွေဝတ်ဆင်ပြီးအိပ်ဖို့ အကြံပြုထားပါတယ်။ မာကျောတဲ့အဝတ်အထည်တွေဟာ လှုံ့ဆော်မှုကိုဖြစ်စေတာကြောင့် အိပ်ပျော်နေစဉ်မှာ ပျော့ပျောင်းတဲ့အဝတ်အထည်တွေဝတ်ဆင်သင့်ပါတယ်။ အဆိုပါဖြစ်စဉ်ဟာ စိတ်အနှောင့်အယှက်ဖြစ်လောက်အောင်ဖြစ်လာရင်တော့ ကျွမ်းကျင်သူတွေနဲ့တိုင်ပင်သင့်ပါတယ်။ တိုင်ပင်ရင်းနဲ့ အဆိုပါဖြစ်စဉ်ကိုနားလည်းအောင်ဆွေးနွေးသင့်ပါတယ်။

အိပ်ရာဝင်တော့မယ်ဆိုရင်လည်း အဲဒီလိုဖြစ်မှာကိုစိုးရိမ်ကြောင့်ကြပြီး အိပ်ရာဝင်တာမျိုးကိုလျော့ချရပါမယ်။ စိတ်လျော့ပြီးအေးအေးလူလူအိပ်စက်သင့်ပါတယ်။ အချို့တွေကတော့ အိပ်ချိန်ကနေမိုးလင်းတဲ့အထိ ဆက်တိုက်မအိပ်ပဲ တစ်ခါနှစ်ခါလောက် အိပ်ရာထတာမျိုးလုပ်တတ်ပ်တယ်။ အဲဒီနည်းလမ်းကအဆင်ပြေကောင်းပြေနိုင်ပေမယ့် အိပ်ရေးအရမ်းမပျက်အောင်သတိထားရပါမယ်။

နောက်ထပ်အရေးကြီးတာတစ်ခုက မိမိစိတ်ကိုကြွစေနိုင်တဲ့လှုံ့ဆော်မှုတွေကို တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။ စိတ်ငြိမ်လေ အိပ်နေရင်းသုတ်လွှတ်တာနည်းလေဖြစ်တာကြောင့် တတ်နိုင်သလောက်ရှောင်ရှားရပါမယ်။
အိပ်နေတုန်းသုက်လွှတ်တာဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်ထက်မပိုတာကို သိထားရပါမယ်။ ကျန်းမာရေးဆိုင်ရာချို့ယွင်းချက်၊ မျိုးပွားခြင်းဆိုင်ရာချို့ယွင်းချက်တွေလည်းမဟုတ်လို့ စိတ်ပူစရာမရှိပါဘူး။ စိတ်အနှောင့်အယှက်အရမ်းဖြစ်လာရင်တော့ နားလည်းတတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြီးလိုအပ်တဲ့ဆွေးနွေးမှုတွေ ပြုလုပ်သင့်ပါတယ်။

Dr. ZZ









Dr. ZZ

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *