အထိုင်များတဲ့ ကိုယ်ဝန်သည်မေမေတွေ

လှုပ်ရှားမှု မရှိဘဲ ငြိမ်သက်တဲ့ အထိုင်များတဲ့ ကိုယ်ဝန်သည်မေမေတွေဟာ ကိုယ်အလေးချိန်တိုးလာတာ၊ ဆီးချိုဖြစ်တာနဲ့ မွေးဖွားတဲ့အခါမှာ ပြသနာ အခက်အခဲ တစ်ခုခုရှိတာတွေ ကြုံရတတ်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလတွေမှာစိတ်ကျရောဂါ ခံစားရလေ့ရှိတဲ့ အမျိုးသမီးတွေဟာ များသောအားဖြင့် ထိုင်နေတာပဲများပါတယ်။အဲဒီလို ငြိမ်နေခြင်း လှုပ်ရှားမှုမရှိခြင်းက ကိုယ်အလေးချိန်တိုးလာတာ ဆီးချိုရောဂါဖြစ်လာတာ နဲ့ မွေးဖွားချိန်နောက်ဆက်တွဲ ဆိုးကျိုးတွေ ပိုပြီး ဖြစ်နိုင်တယ်လို့ သုတေသနတွေက ပြောပါတယ်။

ကိုယ်ဝန်ရဲ့ ဒုတိယ၃လမှာ တစ်နေ့ကို ၆နာရီလောက်အထိ ထိုင်နေ လဲလျောင်းနေတတ်သူတွေက သိသိသာသာ ကိုယ်အလေးချိန်တိုးလာတာ ဆီးချိုရောဂါဖြစ်လာတာ ပိုဖြစ်နိုင်ပါတယ်။ အဲဒီ ၂မျိူးလုံးကလည်း မိခင်ရော ကလေးကိုပါ ဒုက္ခပေးနိုင်ပါတယ်။

လေ့လာကြည့်တဲ့အခါ ကိုယ်ဝန်ဆောင်တွေကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာစေခင်းဖြင့် ကိုယ်ဝန်နဲ့ ပတ်သက်တဲ အန္တရာယ်တွေ ဖြစ်ပေါ်ခြင်းကို ထိထိရောက်ရောက် လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ ခံစားရတဲ့ ဆီးချိုဝေဒနာဟာ အမေနဲ့ ကလေးအတွက် မွေးဖွားစဉ်မှာ အခက်ခဲတွေ အများကြီးဖြစ်နိုင်တာမို့ အဲဒီ အခက်အခဲတွေကို လျှော့ချဖို့ မလှုပ်မယှက်ထိုင်နေတဲ့ အချိန်တွေ လဲလျောင်းနေတဲ့ အခြေအနေတွေကို လျှော့ချပြီးတော့ အဲဒီရောဂါတွေ ဖြစ်စေမယ့် အန္တရာယ်ကို လျော့နည်းစေသင့်တာဖြစ်ပါတယ်၊

ကိုယ်လက်လှုပ်ရှားမှုနဲ့ စိတ်ပိုင်းဆိုင်ရာ နေပျော်မှုကလည်း ဆက်စပ်နေပါသေးတယ်။အဲဒီ၂ခုဆက်စပ်မှုကို ကိုယ်ဝန်ပထမ၃လမှာ စတင်လေ့လာပြီး ကိုယ်ဝန်ဒုတိယ ၃လအပြီးမှာ ထပ်မံ လေ့လာဆန်းစစ်ပြန်ပါတယ်။
ခြုံကြည့်လိုက်ရင် စိတ်ကျရောဂါလက္ခဏာရှိတဲ့ မေမေ တွေက အချိန်အကြာကြီးထိုင်နေ့လေ့ရှိပါတယ်။ ဒါကြောင့် ၁နာရီခွဲခန့် ပေါ့ပါးတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းကို တစ်နေ့တစ်ကြိမ်လုပ်ပေးသင့်တယ်လို့လည်း အကြံပြုကြပါတယ်။

အဲဒီလိုမျိူးမဟုတ်ဘဲ လှုပ်ရှားမှုမရှိသလောက်နည်းတဲ့အခါ ကိုယ်ဝန်ဒုတိယ ၃ပတ်အပြီးမှာ သိသိသာသာ ကိုယ်အလေးချိန်တိုးလာတယ်လို့ ပြောပါတယ်။
မေမေတို့ ဝလာခြင်းက မွေးလာမယ့်ကလေးကို childhood obesity ဖြစ်နိုင်မယ့် အခွင့်အလမ်းကို ပိုများစေပါတယ်။ မေမေတွေဘက်မှာလည်း ကိုယ်ဝန်ဆိပ်တက်ခြင်း မွေးဖွားပြီးနောက် အဝလွန်နိုင်ခြင်းတို့ကို ဖြစ်စေပါတယ်။

မေမေတို့ဟာ ကလေးလေးကို မတော်တဆထိခိုက်မိမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေ့စဉ် ၇၅% သော အချိန်တွေကို သိပ်လှုပ်လှုပ်ရှားရှား မလုပ်ဘဲ အနားယူနေတာ များပါတယ်။ အလုပ်လုပ်နေရတဲ့ Busy မေမေတွေကျတော့လည်း တစ်နေကုန်လုံး အလုပ်စားပွဲမှာ ထိုင်နေရပြန်ပါတယ်။

မေမေတွေ အနေနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ ခါးနာတာတွေကို သက်သာစေပါတယ်၊
စွမ်းအင်အသုံးချနိုင်မှု ကောင်းမွန်စေပြီး ညဘက်အိပ်မပျော်တာတွေကနေလည်း ကင်းဝေးစေပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ လှုပ်ရှားတက်ကြွစွာနေပေးခြင်းက မေမေတွေဝလာမှာကို မပူရသလို မွေးလာမယ့် ကလေးကိုလည်း ကျန်းမာစေနိုင်ပါတယ်။

ထိုင်နေရာနေ အနည်းဆုံး ခဏလောက်မတ်တပ်ရပ်ပြီး လမ်းလျှောက်လိုက်တာက အလွယ်ကူဆုံး လုပ်ပေးနိုင်တဲ့ လှုပ်ရှားမှု ဖြစ်ပါလိမ့်မယ်။ အဲဒီလိုလှုပ်ရှားခြင်းက ကိုယ်ဝန်ဆောင်ချိန် ဖြစ်ပွားတဲ့ ဆီးချိုရောဂါနဲ့ တခြားသော ဇီဝရုပ်ဖြစ်ပျက်ခြင်းရောဂါတွေဖြစ်ပွားမယ့် အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဟာ ကိုယ်ခန္ဓာရဲ့ ကျန်းမာခြင်းအတွက်ရော စိတ်ကျန်းမာခြင်းအတွက်ပါ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေကို ရှိစေမှာ ဖြစ်ပါတယ်။

တကယ်လို့ လေ့ကျင့်ခန်းမလုပ်နိုင်တဲ့ကိုယ်ဝန်ဆောင်မေမေတို့ကတော့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို တက်တက်ကြွကြွလုပ်ဆောင်ပေးဖို့ပဲ ဖြစ်ပါတယ်။
ထိုင်ခုံမှာ ထိုင်ပြီး အလုပ်လုပ်ရတဲ့ မေမေတွေ အနေနဲ့ တစ်နာရီတစ်ခါလောက် မတ်တပ်ရပ် လမ်းထလျှောက်ပါ။ ငါးမိနစ်ခန့်အချိန်ပေးပါ။ဓာတ်လှေကားမသုံးဘဲ လှေကားတွေတက်လို့လည်းရပါသေးတယ် လို့ အကြုံပြုလိုက်ရပါတယ်။

#ခွန်းညိုသွေး

အထိုင္မ်ားတဲ့ ကိုယ္ဝန္သည္ေမေမေတြ

လႈပ္ရွားမႈ မရွိဘဲ ၿငိမ္သက္တဲ့ အထိုင္မ်ားတဲ့ ကိုယ္ဝန္သည္ေမေမေတြဟာ ကိုယ္အေလးခ်ိန္တိုးလာတာ၊ ဆီးခ်ိဳျဖစ္တာနဲ႔ ေမြးဖြားတဲ့အခါမွာ ျပသနာ အခက္အခဲ တစ္ခုခုရွိတာေတြ ၾကံဳရတတ္ပါတယ္။

ကိုယ္ဝန္ေဆာင္ကာလေတြမွာစိတ္က်ေရာဂါ ခံစားရေလ့ရွိတဲ့ အမ်ိဳးသမီးေတြဟာ မ်ားေသာအားျဖင့္ ထိုင္ေနတာပဲမ်ားပါတယ္။အဲဒီလို ၿငိမ္ေနျခင္း လႈပ္ရွားမႈမရွိျခင္းက ကိုယ္အေလးခ်ိန္တိုးလာတာ ဆီးခ်ိဳေရာဂါျဖစ္လာတာ နဲ႔ ေမြးဖြားခ်ိန္ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြ ပိုၿပီး ျဖစ္ႏိုင္တယ္လို႔ သုေတသနေတြက ေျပာပါတယ္။

ကိုယ္ဝန္ရဲ႕ ဒုတိယ၃လမွာ တစ္ေန႔ကို ၆နာရီေလာက္အထိ ထိုင္ေန လဲေလ်ာင္းေနတတ္သူေတြက သိသိသာသာ ကိုယ္အေလးခ်ိန္တိုးလာတာ ဆီးခ်ိဳေရာဂါျဖစ္လာတာ ပိုျဖစ္ႏိုင္ပါတယ္။ အဲဒီ ၂မ်ိဴးလံုးကလည္း မိခင္ေရာ ကေလးကိုပါ ဒုကၡေပးႏိုင္ပါတယ္။

ေလ့လာၾကည့္တဲ့အခါ ကိုယ္ဝန္ေဆာင္ေတြကို ႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာပါ က်န္းမာေစခင္းျဖင့္ ကိုယ္ဝန္နဲ႔ ပတ္သက္တဲ အႏၲရာယ္ေတြ ျဖစ္ေပၚျခင္းကို ထိထိေရာက္ေရာက္ ေလွ်ာ့ခ်ေပးႏိုင္တယ္လို႔ သိရပါတယ္။

ကိုယ္ဝန္ေဆာင္ကာလမွာ ခံစားရတဲ့ ဆီးခ်ိဳေဝဒနာဟာ အေမနဲ႔ ကေလးအတြက္ ေမြးဖြားစဥ္မွာ အခက္ခဲေတြ အမ်ားႀကီးျဖစ္ႏိုင္တာမို႔ အဲဒီ အခက္အခဲေတြကို ေလွ်ာ့ခ်ဖို႔ မလႈပ္မယွက္ထိုင္ေနတဲ့ အခ်ိန္ေတြ လဲေလ်ာင္းေနတဲ့ အေျခအေနေတြကို ေလွွ်ာ့ခ်ၿပီးေတာ့ အဲဒီေရာဂါေတြ ျဖစ္ေစမယ့္ အႏၲရာယ္ကို ေလ်ာ့နည္းေစသင့္တာျဖစ္ပါတယ္၊

ကိုယ္လက္လႈပ္ရွားမႈနဲ႔ စိတ္ပိုင္းဆိုင္ရာ ေနေပ်ာ္မႈကလည္း ဆက္စပ္ေနပါေသးတယ္။အဲဒီ၂ခုဆက္စပ္မႈကို ကိုယ္ဝန္ပထမ၃လမွာ စတင္ေလ့လာၿပီး ကိုယ္ဝန္ဒုတိယ ၃လအၿပီးမွာ ထပ္မံ ေလ့လာဆန္းစစ္ျပန္ပါတယ္။
ျခံဳၾကည့္လိုက္ရင္ စိတ္က်ေရာဂါလကၡဏာရွိတဲ့ ေမေမ ေတြက အခ်ိန္အၾကာႀကီးထိုင္ေန႔ေလ့ရွိပါတယ္။ ဒါေၾကာင့္ ၁နာရီခြဲခန္႔ ေပါ့ပါးတဲ့ ေအ႐ိုးဗစ္ေလ့က်င့္ခန္းကို တစ္ေန႔တစ္ႀကိမ္လုပ္ေပးသင့္တယ္လို႔လည္း အၾကံျပဳၾကပါတယ္။

အဲဒီလိုမ်ိဴးမဟုတ္ဘဲ လႈပ္ရွားမႈမရွိသေလာက္နည္းတဲ့အခါ ကိုယ္ဝန္ဒုတိယ ၃ပတ္အၿပီးမွာ သိသိသာသာ ကိုယ္အေလးခ်ိန္တိုးလာတယ္လို႔ ေျပာပါတယ္။
ေမေမတို႔ ဝလာျခင္းက ေမြးလာမယ့္ကေလးကို childhood obesity ျဖစ္ႏိုင္မယ့္ အခြင့္အလမ္းကို ပိုမ်ားေစပါတယ္။ ေမေမေတြဘက္မွာလည္း ကိုယ္ဝန္ဆိပ္တက္ျခင္း ေမြးဖြားၿပီးေနာက္ အဝလြန္ႏိုင္ျခင္းတို႔ကို ျဖစ္ေစပါတယ္။

ေမေမတို႔ဟာ ကေလးေလးကို မေတာ္တဆထိခိုက္မိမလားဆိုတဲ့ စိုးရိမ္စိတ္နဲ႔ ေန႔စဥ္ ၇၅% ေသာ အခ်ိန္ေတြကို သိပ္လႈပ္လႈပ္ရွားရွား မလုပ္ဘဲ အနားယူေနတာ မ်ားပါတယ္။ အလုပ္လုပ္ေနရတဲ့ Busy ေမေမေတြက်ေတာ့လည္း တစ္ေနကုန္လံုး အလုပ္စားပြဲမွာ ထိုင္ေနရျပန္ပါတယ္။

ေမေမေတြ အေနနဲ႔ ေလ့က်င့္ခန္းပံုမွန္လုပ္ျခင္းဟာ ခါးနာတာေတြကို သက္သာေစပါတယ္၊
စြမ္းအင္အသံုးခ်ႏိုင္မႈ ေကာင္းမြန္ေစၿပီး ညဘက္အိပ္မေပ်ာ္တာေတြကေနလည္း ကင္းေဝးေစပါတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ လႈပ္ရွားတက္ႂကြစြာေနေပးျခင္းက ေမေမေတြဝလာမွာကို မပူရသလို ေမြးလာမယ့္ ကေလးကိုလည္း က်န္းမာေစႏိုင္ပါတယ္။

ထိုင္ေနရာေန အနည္းဆံုး ခဏေလာက္မတ္တပ္ရပ္ၿပီး လမ္းေလွ်ာက္လိုက္တာက အလြယ္ကူဆံုး လုပ္ေပးႏိုင္တဲ့ လႈပ္ရွားမႈ ျဖစ္ပါလိမ့္မယ္။ အဲဒီလိုလႈပ္ရွားျခင္းက ကိုယ္ဝန္ေဆာင္ခ်ိန္ ျဖစ္ပြားတဲ့ ဆီးခ်ိဳေရာဂါနဲ႔ တျခားေသာ ဇီဝ႐ုပ္ျဖစ္ပ်က္ျခင္းေရာဂါေတြျဖစ္ပြားမယ့္ အႏၲရာယ္ကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ေလ့က်င့္ခန္းျပဳလုပ္ေပးျခင္းဟာ ကိုယ္ခႏၶာရဲ႕ က်န္းမာျခင္းအတြက္ေရာ စိတ္က်န္းမာျခင္းအတြက္ပါ ေကာင္းမြန္တဲ့ အက်ိဳးသက္ေရာက္မႈေတြကို ရွိေစမွာ ျဖစ္ပါတယ္။

တကယ္လို႔ ေလ့က်င့္ခန္းမလုပ္ႏိုင္တဲ့ကိုယ္ဝန္ေဆာင္ေမေမတို႔ကေတာ့ ေန႔စဥ္လုပ္ငန္းေဆာင္တာေတြကို တက္တက္ႂကြႂကြလုပ္ေဆာင္ေပးဖို႔ပဲ ျဖစ္ပါတယ္။
ထိုင္ခံုမွာ ထိုင္ၿပီး အလုပ္လုပ္ရတဲ့ ေမေမေတြ အေနနဲ႔ တစ္နာရီတစ္ခါေလာက္ မတ္တပ္ရပ္ လမ္းထေလွ်ာက္ပါ။ ငါးမိနစ္ခန္႔အခ်ိန္ေပးပါ။ဓာတ္ေလွကားမသံုးဘဲ ေလွကားေတြတက္လို႔လည္းရပါေသးတယ္ လို႔ အၾကံဳျပဳလိုက္ရပါတယ္။

#ခြန္းညိဳေသြး

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *