All Articlesမျိုးဆက်ပွားကျန်းမာရေး

“ဓမ္မတာနဲ့ ချစ်ခြင်း”

1 Mins read

“ဓမ္မတာနဲ့ ချစ်ခြင်း”

“တနေ့ ပင်လယ်ရေတွေ ခမ်းတဲ့ တနေ့ … နေရောင်ခြည်တွေ မလင်းတဲ့ တနေ့ ..”

ဒီလိုပဲ မိန်းမသား တစ်ယောက်ရဲ့ လစဉ်ဓမ္မတာ လာခြင်းဟာ သွေးသား ကုန်ဆုံးတဲ့ ချိန် .. အသက် ငါးဆယ် တစ်ဝိုက်ထိ ပုံမှန် ဖြစ်နေမှာပါပဲ.. ဒါပေမယ့် ဒီလိုဓမ္မတာလာခြင်းကြောင့် ချစ်ခြင်းကို အဟန့်အတားလို့ သတ်မှတ်နေမယ်ဆိုရင်တော့ ” ဦးညီထွဋ်” သီချင်းလိုပဲ အချိန်အခါကို စောင့်နေရမှာပဲ ဖြစ်ပါတယ်…

သို့သော် တခါတလေမှာ အချိန်အခါကို မစောင့်ပဲနဲ့ ပြုလုပ်လိုက်တဲ့အရာလေးတွေကြောင့် အကျိုးကျေးဇူးလေးတွေ ခံစားလိုက်ကတဲ့ အခါလေးတွေ ရှိပါတယ်… ဒါကတော့ မိန်းမသားတစ်ယောက် ရာသီသွေးဆင်းနေချိန်၊ ဓမ္မတာ လာချိန်မှာ ကြင်သူနှစ်ဦး ကာမဆက်ဆံခြင်းပါပဲ.. ဒီခေတ်အဆိုရတော့ မီးနီ ဖြတ်ခြင်းပေါ့…

ဒီလိုချိန်မှာ ကာမဆက်ဆံတာကို တချို့အနေနဲ့ ညစ်ပတ်မယ်၊ မသန့်ရှင်းဖူး၊ စိတ်ထဲ မသတီတာလိုမျိုး ခံစားရေုာင်း ခံစားရပါလိမ့်မယ်.. သို့ပေမယ့် ကိုယ့်ကျန်းမာရေးအတွက် အကျိုးများလား ဆုတ်ယုတ်လားဆိုတာတွေ သိရှိပြီးရင်တော့ မိမိကိုယ်တိုင် စဉ်းစားချင့်ချိန်နိုင်မှာမို့ ” ဓမ္မတာ လာစဉ်အတွင်း ကာမဆက်ဆံခြင်း အကြောင်း”ကို ပြောပြချင်ပါတယ်…

– မိန်းမသားတွေအနေနဲ့ ဓမ္မတာလာခါနီးအချိန်နဲ့ လာနေစဉ်အတွင်းမှာ ကိုက်ခဲတာတွေ ခံစားရတတ်ပါတယ်…အကိုက်အခဲပျောက်ဆေးတွေ သောက်ရပြီး မပျောက်တာတို့၊နာကျင်မှု ဆက်ရှိနေတာမျိုးတို့ ဖြစ်နေဆဲပါ.. ဒီလိုချိန်မှာ မိမိကြင်ဖက်နဲ့ ဆက်ဆံပြီး ဆန္ဒပြီးမြောက်သွားတဲ့အခါမှ ခန္ဓာကိုယ်က ထုတ်တဲ့ oxytocin နဲ့ dopamine ဟော်မုန်းတွေဟာလည်း အကိုက်အခဲကို အမှန်တကယ် ပျောက်စေနိုင်ပါတယ်…

– ဒါပြင် ဓမ္မတာလာချိန်မှာ မိမိကိုယ်ကို အလိုမကျတာ၊တစ်ပါးသူကို စိတ်တိုနေတာ၊ စိတ်ဆန်တာတွေ ဖြစ်တတ်ပါတယ်.. ဒီလိုအချိန်မှာ ကာမဆက်ဆံပြီး ဆန္ဒပြီးမြောက်ခြင်းဟာ စိတ်ရှုပ်ထွေးတာတွေကို သက်သာစေပါတယ်…

– နာကျင်ကိုက်ခဲတာတွေ၊ လစဉ်သုံး ပစ္စည်းတွေကြောင့် ညဘက် အိပ်မရတဲ့ အခါမျိုးတွေမှာလဲ ဒီလို ဆန္ဒပြီးမြောက်ခြင်းကြေင့် ထွက်လာတဲ့ ဟော်မုန်းတွေဟာ အိပ်စက်ခြင်းကို အထောက်အကူပြုနိုင်ကြောင်း လေ့လာတွေ့ရှိချက်များအရ သိရပါတယ်…

– ပြောခဲ့သလို ဓမ္မတာ လာစဉ်မှာ ကာမဆက်ဆံခြင်းဟာ ညစ်ညမ်းလို့ ထင်ကောင်းထင်ကြပါမယ်.. သို့သော် ဒီလိုအချိန်မှာ ရာသီသွေးဟာ natural lubricant (ချောဆီ) အဖြစ် စွမ်းဆောင်ပေးတဲ့အခါမှာ ခါတိုင်း ဆက်ဆံတာထက် အဆင်ပြေချောမွေ့သလို ခံစားရပါမယ်.. မိမိရဲ့ လိင်စိတ်ဟာ မိမိထင်ထားတာထက် ထက်သန်နေတာကို တွေ့ရပါလိမ့်မယ်…ဒါပြင် ဟော်မုန်းတွေပိုမိုထုတ်လွှတ်ပေးတာကြောင့် စိတ်ပျော်ရွှင်မှုကို ခံစားရပါလိမ့်မယ်…

– နာကျင်ကိုက်ခဲနေရတဲ့ ခံစားမှုတွေ၊စိတ်အားငယ်တာတွေ၊အလိုမကျတာတွေခံစားနေရတဲ့အချိန်မှာ မိမိနဲ့ အမျိုးသားဟာ နီးစပ်နေတယိ.. တစ်ယောက်နဲ့တစ်ယောက် နားလည်နေကြတယ်ဆိုတဲ့ အတွေးလေးဟာ မိမိတို့ရဲ့ relationship ကို ပိုမိုခိုင်မြဲစေပါတယ်..

– မိမိနဲ့အမျိုးသားဟာ သားသမီးမယူသေးပါက ဒီလိုဆကိဆံချိန်မှာတော့ အကာအကွယ်ကိုအသုံးပြုသင့်ပါတယ်.. ရာသီသွေးဆင်းနေချိန်မှာလဲ ကိုယ်ဝန်ရသွားတတ်ပါတယ်…

– အိပ်ယာခင်းတွေ မစွန်းထင်းစေဖို့ရာ ရေစိုခံအခင်းသက်သက် အသုံးပြုတာမျိုး၊ ရေချိုးခန်းတွင်း ဆက်ဆံတာမျိုး ပြုလုပ်နိုင်ပါတယ်…

– မိမိဟာ tampon အသုံးပြုပါက ထိုပစ္စည်းသုံးနေလျက် မဆက်ဆံသင့်ပါ.. သို့မဟုတ်ပါက အမျိုးသား၏လိင်အင်္ဂါကြောင့် ဖြစ်စေ ထိုပစ္စည်းကြောင့် ဖြစ်စေ ပိုမိုနာကျင်ရတတ်ပါတယ်.. ဒါကြောင့် tampon ကို ဖယ်ရှားသင့်ပါတယ်..

– ဆက်ဆံနေစဉ် အရမ်းနာကျင်တာမျိုးဖြစ်လာပါက အမျိုးသားအား manual (လက်ဖြင့်) ၊ oral (ပါးစပ်ဖြင့်) စိတ်ကျေနပ်တာမျိုးပြုလုပ်နေသလို.. အမျိုးသမီးအား လက်ဖြင့် ပြုလုပ်ပေးတာ၊ နမ်းရှုပ်ပွေ့ဖက်တာမျိုး…တကိုယ်ရည် အာသာဖြေတာမျိုးလဲ ပြုလုပ်နိုင်ပါတယ်…

စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး သာယာလှပတဲ့ relationship တစ်ခု တည်ဆောက်နိုင်ကြပါစေလို့ တောင်းဆုမေတ္တာပြုလျက်….
ပိုင်နီမေ

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *