ချောကလက်နှင့်သင်၏သွားကျန်းမာရေး..
မနက်ဖြန်ဟာ Valentine’s day ဆိုတော့ Vday အမှီ ချောကလက်နဲ့သွားကျန်းမာရေးအကြောင်းလေး ပေါက်ပေါက်ဖောက်ပါရစေ ?
သွားနှင့်ခံတွင်းကျန်းမာရေးဟာ အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်တာမို့ ဆုံးအောင်ဖတ်ပေးကြပါ..လို့
ဘာလဲကွာ ငါတို့ချောကလက်မကျွေးရတော့ဘူးလား ဆိုတဲ့ အတွဲတွေဆူဆဲချင်လည်း ပြီးအောင်ဖတ်ပြီးမှ လာဆူဆဲကြပါ..လို့?
ချောကလက်ဟာ Systemically အရ ကျန်းမာရေးအတွက် ကောင်းပေမယ့်လို့ အချိုဓာတ်ပါတာကြောင့်မို့လို့ သွားကိုထိခိုက်စေနိုင်ပါတယ်။
ချိုပြီးစေးကပ်တဲ့အစားအစာတွေဟာပုံမှန်ရိုးရိုးအစားအစာတွေထက် သွားမျက်နှာပြင်ပေါ်မှာ အချိန်အကြာကြီးရှိနေနိုင်တာမို့လို့ သွားပိုးစားခြင်းကို ပိုမိုအားပေးပါတယ်။
ချောကလက်ဟာလည်း ချိုပြီးစေးကပ်တဲ့အစားအစာတစ်ခုဖြစ်လို့ ချောကလက် လက်ဆောင်ရကြတဲ့ ညီမလေးတွေ မမတွေအနေနဲ့ ချောကလက်အများကြီးလက်ဆောင်ရတိုင်း တနင့်တပိုးမစားပဲနဲ့ ဉာဏ်နဲ့ဆင်ခြင်စားသောက်ကြပါလို့ အကြံပေးချင်တာပါ။?
ချောကလက်အပါအဝင် ချိုပြီးစေးကပ်တဲ့အစားအစာတွေကို ဘယ်လိုဉာဏ်ရှိရှိစားသောက်ကြမလဲဆိုရင်…
တစ်ခါတည်းနဲ့ အများကြီးစားပစ်ပါ။
အားရအောင်၊ အီဆိမ့်အောင်၊ ဝပြဲနေအောင်စားပစ်ပါ။
စားပြီးရင် သွားတိုက်ပြီးသေချာသန့်ရှင်းရေးလေးလုပ်ပေးပါ။
နည်းနည်းနဲ့ ခဏခဏမစားပါနဲ့။
ဘာလို့လဲဆိုတော့ သွားပိုးစားရောဂါဖြစ်စေတဲ့ factor တွေထဲမှာ အချိန် ဆိုတာ ပါပါတယ်။
ဆိုလိုတာက သွားပေါ်မှာ ချိုပြီးစေးကပ်တဲ့အစားအစာတွေ အချိန်အကြာကြီးတည်ရှိနေခြင်းဟာ သွားပိုးစားရောဂါကိုဖြစ်ပေါ်စေဖို့ အားပေးနေတာမို့လို့ ချောကလက်စားမယ်ဆိုရင် နည်းနည်းနဲ့ ခဏခဏစားနေမယ့်အစား တစ်ခါတည်း အဝအပြဲစားပြီး သွားတိုက်ပေးကြပါ..လို့
(ဒီစာရေးသူ Legendary FA လေးကိုလည်း ချောကလက်လေးလာကျွေးကြပါလို့…?)
#DrSaiTS
#DrSaiTS