ရင်သားကြီးထွားစေတဲ့လိမ်းဆေးတွေက တကယ်ရော ထိရောက်ရဲ့လား?

ရင်သားကြီးထွားစေတဲ့ လိမ်းဆေးကြောငြာတွေ အရတော့ လိမ်းပြီး သိသိသာသာထူးခြားသွားတာတွေ့ရမှာပါ။ ဒီကြောငြာတွေလို လက်တွေ့မှာရောထိရောက်မှုရှိရဲ့လားဆိုတာ သိချင်ကြမှာပါ။ ခွဲစိတ်ပြုပြင်တဲ့ ဆရာဝန်တွေ ကတော့ ဒီလိမ်းဆေးတွေက အကျိုးမရှိဘူးလို့ပြောလေ့ရှိပါတယ်။

ဘယ်ဟာကအမှန်လဲ?

ရင်သားကြီးထွားဖို့ဖြစ်နိုင် မဖြစ်နိုင် သိဖို့ဆိုရင် ရင်သားရဲ့ဖွဲ့စည်းတည်ဆောက်ပုံကို အရင်သိထားဖို့လိုပါတယ်။ မိန်းကလေးတွေပိုင်ဆိုင်ထားတဲ့ ရင်သားဟာ အပေါ်ဆုံးမြင်ရတဲ့ရင်သားအရေပြားအောက်မှာ အဆီခဲ အလုံးလေးတွေ၊ နို့ရည်ထွက်မယ့် ပြွန်လေးတွေ၊ အဆီနဲ့ နို့ရည်ပြွန်ကို ချိတ်ဆက်ပေးထားတဲ့ ကြွက်သားမျှင်သေးသေးလေးတွေနဲ့ ပုံစံကျ လှပအောင်တည်ဆောက်ထားပါတယ်။ ဒီ အဆီ၊တွေရဲ့အောက်မှာမှ ရင်ဘက်ကြွက်သား အကြီးတွေဖြစ်တဲ့ ရင်အုပ်ကြွက်သား Major, Minor ဆိုတဲ့ကြွက်သားမြောင်းတွေရှိပါတယ်။ မိန်းကလေးတိုင်းဟာ ဒီလိုရင်သားတည်ဆောက်ပုံနဲ့ ရှိပါတယ်။ ရင်သားဖွံ့ထွားတဲ့ မိန်းကလေးတွေက အဆီခဲလေးတွေ ပိုရှိနေတာဖြစ်ပြီး ရင်သားသေးပါတယ်ဆိုတဲ့ မိန်းကလေးတွေက ဒီအဆီလေးတွေနည်းနေတာပါတဲ့။ ဒါဆို လိမ်းဆေးလိမ်းရုံနဲ့ ရင်သားကြီးထွားဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူးပေါ့နော်။

လိမ်းဆေးခရမ်တွေမှာရော ဘာတွေပါလဲ?

အများအားဖြင့် ဒီလိမ်းဆေးတွေဟာ သဘာဝပစ္စည်းတွေနဲ့ ထုတ်ထားလေ့ရှိပြီး ဒီသဘာဝပစ္စည်းတွေကပဲ အမျိုးသမီးဟော်မုန်း အီစတိုဂျင်ထွက်အောင်လှုံ့ဆော်ပေးပါတယ်။ ရလဒ်အနေနဲ့ကတော့ အီစတိုဂျင်ဟော်မုန်းကြောင့် ရင်သားဖွံ့ထွားလာနိုင်တယ်ဆိုတဲ့ အချက်ပါ။ ဒီလိမ်းဆေးတွေနဲ့ ပတ်သက်လို့ တိကျတဲ့ သက်သေ၊ ရလဒ်ရယ်လို့တော့ မရှိပါဘူး။ လိမ်းဆေးတွေရဲ့ ရလဒ်က လူတစ်ယောက်ခြင်းဆီရဲ့ ဟော်မုန်းပမာဏ၊ တုံ့ပြန်မှုတွေပေါ်မူတည်ပြီးကွာခြားနိုင်ပါတယ်တဲ့။တစ်ချို့က သိသာတယ်ဆိုပေမယ့် ကိုယ့်ကျမှ မသိသာတာလည်း ဖြစ်နိုင်ပါတယ်တဲ့။ ဒါပေမယ့် တချို့လိမ်းဆေးတွေကျတော့လည်း အီစတိုဂျင်ဟော်မုန်း ဖြစ်စေတဲ့ DEHA ဆိုတဲ့ ဟော်မုန်းပါပါတယ်။ ဟော်မုန်းကြောင့် ရင်သားကြီးထွားတာပိုသိသာနိုင်တယ်ဆိုပေမယ့် အန္တရာယ်ပိုများပါတယ်။ ရင်သားယောင်ယမ်းတာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် DEHA ပါတဲ့ ပစ္စည်းကိုတော့ ရှောင်ကြည်သင့်ပါတယ်။ဘယ်လိမ်းဆေးမဆို ဟော်မုန်းပြောင်းလဲခြင်းဖြစ်စေလို့ ရေရှည်စွဲသုံးရင်တော့ ရင်သားကင်ဆာဖြစ်စေနိုင်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ လေ့ကျင့်ခန်းလုပ်ပြီး ရင်သားတင်းရင်းအောင်လုပ်မယ်၊ သင့်တော်တဲ့ Bra size ကို ရွေးဝယ်ဝတ်မယ်ဆိုရင် ယုံကြည်မှုရှိရှိလှပစေမှာပါ။

မယ်တင်( ဆေး ၁)

ရင္သားႀကီးထြားေစတဲ့လိမ္းေဆးေတြက တကယ္ေရာ ထိေရာက္ရဲ႕လား?

ရင္သားႀကီးထြားေစတဲ့ လိမ္းေဆးေၾကာျငာေတြ အရေတာ့ လိမ္းၿပီး သိသိသာသာထူးျခားသြားတာေတြ႕ရမွာပါ။ ဒီေၾကာျငာေတြလို လက္ေတြ႕မွာေရာထိေရာက္မႈရွိရဲ႕လားဆိုတာ သိခ်င္ၾကမွာပါ။ ခြဲစိတ္ျပဳျပင္တဲ့ ဆရာဝန္ေတြ ကေတာ့ ဒီလိမ္းေဆးေတြက အက်ိဳးမရွိဘူးလို႔ေျပာေလ့ရွိပါတယ္။

ဘယ္ဟာကအမွန္လဲ?

ရင္သားႀကီးထြားဖို႔ျဖစ္ႏိုင္ မျဖစ္ႏိုင္ သိဖို႔ဆိုရင္ ရင္သားရဲ႕ဖြဲ႕စည္းတည္ေဆာက္ပံုကို အရင္သိထားဖို႔လိုပါတယ္။ မိန္းကေလးေတြပိုင္ဆိုင္ထားတဲ့ ရင္သားဟာ အေပၚဆံုးျမင္ရတဲ့ရင္သားအေရျပားေအာက္မွာ အဆီခဲ အလံုးေလးေတြ၊ ႏို႔ရည္ထြက္မယ့္ ႁပြန္ေလးေတြ၊ အဆီနဲ႔ ႏို႔ရည္ႁပြန္ကို ခ်ိတ္ဆက္ေပးထားတဲ့ ႂကြက္သားမၽွင္ေသးေသးေလးေတြနဲ႔ ပံုစံက် လွပေအာင္တည္ေဆာက္ထားပါတယ္။ ဒီ အဆီ၊ေတြရဲ႕ေအာက္မွာမွ ရင္ဘက္ႂကြက္သား အႀကီးေတြျဖစ္တဲ့ ရင္အုပ္ႂကြက္သား Major, Minor ဆိုတဲ့ႂကြက္သားေျမာင္းေတြရွိပါတယ္။ မိန္းကေလးတိုင္းဟာ ဒီလိုရင္သားတည္ေဆာက္ပံုနဲ႔ ရွိပါတယ္။ ရင္သားဖြံ႕ထြားတဲ့ မိန္းကေလးေတြက အဆီခဲေလးေတြ ပိုရွိေနတာျဖစ္ၿပီး ရင္သားေသးပါတယ္ဆိုတဲ့ မိန္းကေလးေတြက ဒီအဆီေလးေတြနည္းေနတာပါတဲ့။ ဒါဆို လိမ္းေဆးလိမ္းရံုနဲ႔ ရင္သားႀကီးထြားဖို႔ဆိုတာ သိပ္မျဖစ္ႏိုင္ဘူးေပါ့ေနာ္။

လိမ္းေဆးခရမ္ေတြမွာေရာ ဘာေတြပါလဲ?

အမ်ားအားျဖင့္ ဒီလိမ္းေဆးေတြဟာ သဘာဝပစၥည္းေတြနဲ႔ ထုတ္ထားေလ့ရွိၿပီး ဒီသဘာဝပစၥည္းေတြကပဲ အမ်ိဳးသမီးေဟာ္မုန္း အီစတိုဂ်င္ထြက္ေအာင္လႈံ့ေဆာ္ေပးပါတယ္။ ရလဒ္အေနနဲ႔ကေတာ့ အီစတိုဂ်င္ေဟာ္မုန္းေၾကာင့္ ရင္သားဖြံ႕ထြားလာႏိုင္တယ္ဆိုတဲ့ အခ်က္ပါ။ ဒီလိမ္းေဆးေတြနဲ႔ ပတ္သက္လို႔ တိက်တဲ့ သက္ေသ၊ ရလဒ္ရယ္လို႔ေတာ့ မရွိပါဘူး။ လိမ္းေဆးေတြရဲ႕ ရလဒ္က လူတစ္ေယာက္ျခင္းဆီရဲ႕ ေဟာ္မုန္းပမာဏ၊ တံု႔ျပန္မႈေတြေပၚမူတည္ၿပီးကြာျခားႏိုင္ပါတယ္တဲ့။တစ္ခ်ိဳ႕က သိသာတယ္ဆိုေပမယ့္ ကိုယ့္က်မွ မသိသာတာလည္း ျဖစ္ႏိုင္ပါတယ္တဲ့။ ဒါေပမယ့္ တခ်ိဳ႕လိမ္းေဆးေတြက်ေတာ့လည္း အီစတိုဂ်င္ေဟာ္မုန္း ျဖစ္ေစတဲ့ DEHA ဆိုတဲ့ ေဟာ္မုန္းပါပါတယ္။ ေဟာ္မုန္းေၾကာင့္ ရင္သားႀကီးထြားတာပိုသိသာႏိုင္တယ္ဆိုေပမယ့္ အနၱရာယ္ပိုမ်ားပါတယ္။ ရင္သားေယာင္ယမ္းတာေတြျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ DEHA ပါတဲ့ ပစၥည္းကိုေတာ့ ေရွာင္ၾကည္သင့္ပါတယ္။ဘယ္လိမ္းေဆးမဆို ေဟာ္မုန္းေျပာင္းလဲျခင္းျဖစ္ေစလို႔ ေရရွည္စြဲသံုးရင္ေတာ့ ရင္သားကင္ဆာျဖစ္ေစႏိုင္ပါတယ္။ အေကာင္းဆံုးနည္းလမ္းကေတာ့ ေလ့က်င့္ခန္းလုပ္ၿပီး ရင္သားတင္းရင္းေအာင္လုပ္မယ္၊ သင့္ေတာ္တဲ့ Bra size ကို ေရြးဝယ္ဝတ္မယ္ဆိုရင္ ယံုၾကည္မႈရွိရွိလွပေစမွာပါ။

မယ္တင္( ေဆး ၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…

Leave a Reply

Your email address will not be published. Required fields are marked *