All Articlesမျိုးဆက်ပွားကျန်းမာရေး

Effective Sex Education

1 Mins read

ထိရောက်တဲ့ Sex Education ဆိုတာ

အခုခေတ်ကာလမှာ Sex Education ဆိုတဲ့စကားကို လူတိုင်းဂရုပြုမိကြမှာပါ။ လိင်ပညာပေးခြင်း (Sex Education)လုပ်ငန်းဟာ လူမှုအဖွဲ့အစည်းမှာ အင်မတန်အရေးပါပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်လူငယ်များမှာ လိင်မှုဆိုင်ရာအသိပညာနဲ့ ကျန်းမာရေး ဗဟုသုတတွေရှိဖို့လိုပါတယ်။ အဲလိုရှိနိုင်ဖို့ ဆယ်ကျော်သက်တွေကို လူကြီးမိဘတွေနဲ့ ဆရာ၊ဆရာမတွေ၊ လူမှုရေးအဖွဲ့အစည်းတွေက အဓိကသင်ကြားပေးရမှာဖြစ်ပါတယ်။

*Sex Education ဆိုတာ

Sex education ဆိုတာဟာ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ၊ မျိုးပွားပုံ၊ စိတ်ခံစာမှုအမျိုးမျိုး၊ မျိုးဆက်ပွားကျန်းမာရေး၊ လိင်မှတစ်ဆင့်ကူးဆက်ရောဂါများ မဖြစ်ပွားအောင် ရှောင်ကြဉ်နည်းတွေ အားလုံးကို ခြုံငုံပြီးခေါ်တာ ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ယဉ်ကျေးမှုအရဆိုပြီး Sex Education ကိုဆယ်ကျော်သက်တွေဟာ သေသေချာချာ သိခွင့်မရကြပါဘူး။ အဲ့ဒီအယူအဆကိုမိဘတွေကစပြီး ပြင်ကြရမှာဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်သားသမီးရှိတယ်ဆိုရင် ကျားမလိင်ကွဲပြားမှုအကြောင်း၊ တစ်ကိုယ်ရည် သန့်ရှင်းမှုအရေးကြီးတဲ့အကြောင်းကအစပြုပြီး သင်ပြပေးရပါမယ်။

*ဘာတွေသင်ပြပေးရမလဲ

လူပျိုဖော် အပျိုဖော်ဝင်လာခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများပြောင်းလဲလာခြင်း ၊ သန္ဓေတားခြင်းနည်းလမ်းများ ၊ လိင်မှုကိစ္စမှာ အကာအကွယ်သုံးရခြင်း ၊ လိင်အကြမ်းဖက်ခံရခြင်းမှ ကာကွယ်ရန် ဥပဒေများကိုလေ့လာခြင်း ၊ အမျိုးသားနဲ့ အမျိုးသမီးတန်းတူနေရာပေးခြင်း စတဲ့ အကြောင်းအရာတွေ ပါပါတယ်။

*လူငယ်တွေအတွက်ဘာကြောင့်အရေးကြီးတာလဲ

Sex Education ဟာကျောင်းသားလူငယ်တစ်ဥိးရဲ့ ဗဟုသုတအတွေးအခေါ်နဲ့ မိမိကိုယ်ကို ကာကွယ်ထိန်းသိမ်းနိုင်စွမ်းကို မြင့်တက်စေပါတယ်။ မသိနားမလည်လို့ ဆိုတဲ့စကားနဲ့ ဘဝတစ်ခုလုံးနစ်မွန်းသွားတာမျိုးကနေ ကာကွယ်ပေးနိုင်ပါတယ်။စစ်တမ်းကောက်ချက်တွေအရ အမေရိကန်နိုင်ငံမှာ တစ်နှစ်ကို ဆယ်ကျော်သက် (၇၅၀၀၀၀) ကိုယ်ဝန်ဆောင်နှူန်းရှိပါတယ်။ အဲဒီထဲမှာ ၈၂% ဟာ မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိသွားတာဖြစ်ပါတယ်။ သို့သော် Sex Education ပေးထားခြင်းဖြင့် လူငယ်တွေဟာ မိမိကိုယ်ကိုကာကွယ်နိုင်ပါလိမ့်မယ်။

Sex Education ရဲ့အကျိုးကျေးဇူးများ

  • မိသားစု၊ သူငယ်ချင်းအသိုင်းအဝိုင်းကြားမှာ ကျားမခွဲခြားဆက်ဆံတာမျိုးမရှိနိုင်ပါဘူး။
  • တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်တတ်လာပါမယ်။
  • လိင်ကိစ္စအပျော်အပါးကို ရှောင်ကြဉ်သင့်မှန်း သိလာပါမယ်။
  • မိမိကိုယ်ကို တန်ဖိုးထားတတ်လာပြီး လူတိုင်းအပေါ်အပြန်အလှန်လေးစားမှုရှိလာပါမယ်။
  • လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အသွင်အပြင် အသားအရောင်ဟာ ခွဲခြားဆက်ဆံစရာမလိုတာကို နားလည်လာပါမယ်။
  • အရေးအကြီးဆုံးကတော့ ဆယ်ကျော်သက်အရွယ်ဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးမှုအများဆုံးဖြစ်တဲ့အတွက် လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကို ရှောင်ကြဉ်နိုင်ပါမယ်။

*ထိရောက်တဲ့ လိင်ကျန်းမာရေးပညာပေး

National Survey of Family Growth ကအဖွဲ့အစည်းရဲ့စစ်တမ်းကောက်ချက်အရ sex education အစီအစဉ်တွေကတစ်ဆင့် လိင်ကျန်းမာရေးအသိပညာရထားတဲ့ လူငယ်တွေဟာ အခြားလူငယ်များထက် လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါနဲ့ မလိုလားတဲ့ကိုယ်ဝန်ရနိုင်ချေ ၅၀%ပိုနည်းတာကို တွေ့ရပါတယ်။ဒါကြောင့် မိဘတိုင်း ဆရာ၊ဆရာမတိုင်း လူကြီးသူမတိုင်းဟာ မိမိတို့ရဲ့ မျိုးဆက်သစ်လူငယ်တွေကို သူတို့သိသင့် သိထိုက်တဲ့ မျိုးဆက်ပွားကျန်းမာရေးနဲ့ လိင်မှုဆိုင်ရာ ကျန်းမာရေးဗဟုသုတ (sex education) တွေကို လက်ဆင့်ကမ်းမျှဝေသင့်ကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

ထိေရာက္တဲ့ Sex Education ဆုိတာ

အခုေခတ္ကာလမွာ Sex Education ဆုိတဲ့စကားကုိ လူတုိင္းဂရုျပဳမိျကမွာပါ။ လိင္ပညာေပးျခင္း (Sex Education)လုပ္ငန္းဟာ လူမႈအဖြဲ႔အစည္းမွာ အင္မတန္အေရးပါပါတယ္။ အထူးသျဖင့္ ဆယ္ေက်ာ္သက္လူငယ္မ်ားမွာ လိင္မႈဆုိင္ရာအသိပညာနဲ႔ က်န္းမာေရး ဗဟုသုတေတြရွိဖုိ႔လုိပါတယ္။ အဲလုိရွိႏုိင္ဖုိ႔ ဆယ္ေက်ာ္သက္ေတြကုိ လူႀကီးမိဘေတြနဲ႔ ဆရာ၊ဆရာမေတြ၊ လူမႈေရးအဖြဲ႕အစည္းေတြက အဓိကသင္ၾကားေပးရမွာျဖစ္ပါတယ္။

*Sex Education ဆုိတာ

Sex education ဆုိတာဟာ ခႏၶာကုိယ္ဖြဲ႕စည္းတည္ေဆာက္ပံု၊ မ်ိဳးပြားပံု၊ စိတ္ခံစာမႈအမ်ိဳးမ်ိဳး၊ မ်ိဳးဆက္ပြားက်န္းမာေရး၊ လိင္မွတစ္ဆင့္ကူးဆက္ေရာဂါမ်ား မျဖစ္ပြားေအာင္ ေရွာင္ၾကဥ္နည္းေတြ အားလံုးကုိ ၿခံဳငံုျပီးေခၚတာ ျဖစ္ပါတယ္။ ကြ်န္မတို႔ႏုိင္ငံမွာ ယဥ္ေက်းမႈအရဆုိၿပီး Sex Education ကုိဆယ္ေက်ာ္သက္ေတြဟာ ေသေသခ်ာခ်ာ သိခြင့္မရၾကပါဘူး။ အဲ့ဒီအယူအဆကုိမိဘေတြကစၿပီး ျပင္ျကရမွာျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္အရြယ္သားသမီးရွိတယ္ဆုိရင္ က်ားမလိင္ကြဲျပားမႈအေၾကာင္း၊ တစ္ကုိယ္ရည္ သန္႔ရွင္းမႈအေရးႀကီးတဲ့အေၾကာင္းကအစၿပဳၿပီး သင္ျပေပးရပါမယ္။

*ဘာေတြသင္ျပေပးရမလဲ

လူပ်ိဳေဖာ္ အပ်ိဳေဖာ္၀င္လာျခင္း၊ ခႏၶာကုိယ္ အစိတ္အပုိင္းမ်ားေျပာင္းလဲလာျခင္း ၊ သေႏၶတားျခင္းနည္းလမ္းမ်ား ၊ လိင္မႈကိစၥမွာ အကာအကြယ္သံုးရျခင္း ၊ လိင္အၾကမ္းဖက္ခံရျခင္းမွ ကာကြယ္ရန္ ဥပေဒမ်ားကုိေလ့လာျခင္း ၊ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးတန္းတူေနရာေပးျခင္း စတဲ့ အေၾကာင္းအရာေတြ ပါပါတယ္။

*လူငယ္ေတြအတြက္ဘာေၾကာင့္အေရးၾကီးတာလဲ

Sex Education ဟာေက်ာင္းသားလူငယ္တစ္ဥိးရဲ႔ ဗဟုသုတအေတြးအေခၚနဲ႔ မိမိကုိယ္ကုိ ကာကြယ္ထိန္းသိမ္းႏုိင္စြမ္းကုိ ျမင့္တက္ေစပါတယ္။ မသိနားမလည္လုိ႔ ဆုိတဲ့စကားနဲ႔ ဘ၀တစ္ခုလံုးနစ္မြန္းသြားတာမ်ိဳးကေန ကာကြယ္ေပးႏုိင္ပါတယ္။စစ္တမ္းေကာက္ခ်က္ေတြအရ အေမရိကန္ႏုိင္ငံမွာ တစ္ႏွစ္ကုိ ဆယ္ေက်ာ္သက္ (၇၅၀၀၀၀) ကုိယ္၀န္ေဆာင္ႏႉန္းရွိပါတယ္။ အဲဒီထဲမွာ ၈၂% ဟာ မရည္ရြယ္ဘဲ ကုိယ္၀န္ရရွိသြားတာျဖစ္ပါတယ္။ သို႔ေသာ္ Sex Education ေပးထားျခင္းျဖင့္ လူငယ္ေတြဟာ မိမိကုိယ္ကုိကာကြယ္ႏုိင္ပါလိမ့္မယ္။

Sex Education ရဲ႕အက်ိဳးေက်းဇူးမ်ား

  • မိသားစု၊ သူငယ္ခ်င္းအသုိင္းအ၀ုိင္းၾကားမွာ က်ားမခြဲျခားဆက္ဆံတာမ်ိဳးမရွိႏုိင္ပါဘူး။
  • တစ္ကုိယ္ရည္သန္႔ရွင္းမႈကို ဂရုစိုက္တတ္လာပါမယ္။
  • လိင္ကိစၥအေပ်ာ္အပါးကုိ ေရွာင္ၾကဥ္သင့္မွန္း သိလာပါမယ္။
  • မိမိကုိယ္ကုိ တန္ဖုိးထားတတ္လာၿပီး လူတုိင္းအေပၚအျပန္အလွန္ေလးစားမႈရွိလာပါမယ္။
  • လူတစ္ေယာက္ရဲ႕ ခႏၶာကုိယ္ အသြင္အျပင္ အသားအေရာင္ဟာ ခြဲျခားဆက္ဆံစရာမလုိတာကုိ နားလည္လာပါမယ္။
  • အေရးအႀကီးဆံုးကေတာ့ ဆယ္ေက်ာ္သက္အရြယ္ဟာ ရုပ္ပုိင္းဆုိင္ရာေရာ စိတ္ပုိင္းဆုိင္ရာပါ ဖြံ႕ၿဖိဳးမႈအမ်ားဆံုးျဖစ္တဲ့အတြက္ လိင္မွတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြကုိ ေရွာင္ၾကဥ္နုိင္ပါမယ္။

*ထိေရာက္တဲ့ လိင္က်န္းမာေရးပညာေပး

National Survey of Family Growth ကအဖြဲ႔အစည္းရဲ႕စစ္တမ္းေကာက္ခ်က္အရ sex education အစီအစဥ္ေတြကတစ္ဆင့္ လိင္က်န္းမာေရးအသိပညာရထားတဲ့ လူငယ္ေတြဟာ အျခားလူငယ္မ်ားထက္ လိင္မွတစ္ဆင့္ကူးစက္တဲ့ေရာဂါနဲ႔ မလုိလားတဲ့ကုိယ္၀န္ရႏုိင္ေခ် ၅၀%ပုိနည္းတာကုိ ေတြ႔ရပါတယ္။ဒါေၾကာင့္ မိဘတုိင္း ဆရာ၊ဆရာမတုိင္း လူႀကီးသူမတိုင္းဟာ မိမိတုိ႔ရဲ႕ မ်ိဳးဆက္သစ္လူငယ္ေတြကို သူတုိ႔သိသင့္ သိထုိက္တဲ့ မ်ိုးဆက္ပြားက်န္းမာေရးနဲ့ လိင္မႈဆုိင္ရာ က်န္းမာေရးဗဟုသုတ (sex education) ေတြကုိ လက္ဆင့္ကမ္းမွ်ေ၀သင့္ေၾကာင္း ေရးသားေဖာ္ျပလုိက္ရပါတယ္။

အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သားမွေးပြွန်ထည့်ကွင်း

1 Mins read
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။ ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။ ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။ ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *