ကိုယ်ဝန်ဆောင်မိခင် စိတ်ဖိဆီးမှုများလွန်းလျှင်
ဒီအကြောင်းကို မရေးမီ ကိုယ်ဝန်ဆောင် group တွေထဲဝင်ကြည့်မိလိုက်သည်။ကိုယ်လေးလက်ဝန်ရှိနေခါမှ ယောကျ်ားဖြစ်သူက ကွာရှင်းဖို့ပြောလို့/နောက်မယားငယ်ထားလို့ အပူမီးဝိုင်းပြီး group ထဲရင်လာဖွင့်ကြသူများ၊ မီးဖွားဖို့ ငွေကြေးမတတ်နိုင်လို့ အကူညီတောင်းရင်း သောကရောက်နေသော ကိုယ်ဝန်ဆောင်များ၊ ကလေးပျက်ကျဖူးလို့ နောက်ထပ်ပျက်မှာ ပူပန်နေသူများ…..စသဖြင့် ဘေးမှကြည့်ရုံနှင့်ပင် ခံစားမိနိုင်သော စိတ်ဖိဆီးမှုများစွာကြုံနေရသူအမြောက်အများတွေ့လိုက်ရသည်။
ဒီလိုဖိစီးမှုတွေက ကိုယ်ဝန်နဲ့ကလေးအပေါ် ဘယ်လိုသက်ရောက်မှုရှိပါသလဲ?
ကလေးတစ်ယောက်ကို လူ့လောကထဲဆွဲသွင်းရတဲ့အလုပ်က လွယ်တာတော့မဟုတ်ပါဘူး။
မိန်းမတစ်ယောက် ကိုယ်ဝန်စရှိပြီဆိုတာနဲ့ ကိုယ်ခန္ဓာတွင်းဟော်မုန်းအပြောင်းအလဲတွေကြောင့် စိတ်ဖိဆီးမှုနဲ့စိတ်အတက်အကျ အပြောင်းအလဲဒဏ်ကို အနည်းနဲ့အများ မလွဲမသွေ ခံစားရပါတယ်။နောက်ပြီး ကိုယ်ဝန်ဆောင်ကာလအတွင်း ပျို့အန်ခြင်း၊အစာမစားနိုင်ခြင်း၊ခါးနာခြင်း စတဲ့ ခန္ဓာကိုယ်အပြောင်းအလဲတွေကြောင့်လည်း ဖိစီးရပါတယ်။မီးဖွားဖို့ တွေးပူရတာတွေလည်း ဖြစ်လေ့ရှိတဲ့ စိတ်ဖိဆီးမှုတွေပါပဲ။
သို့သော်လည်း ဒီလိုဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ဖိဆီးမှုအနည်းငယ်ဟာ ကိုယ်ဝန်ဆောင်တိုင်းနီးပါး ကြုံတွေ့ရခြင်းဖြစ်ပြီး မိခင်နဲ့ကလေးကို အနှောင့်အယှက်ပေးလေ့မရှိပါဘူး။ကိုယ်ဝန်ဆောင်တွေ အနေနဲ့လည်း ဒါကို သိရှိနားလည်ထားပြီး ကောင်းမွန်စွာကျော်ဖြတ်နိုင်လေ့ရှိကြပါတယ်။
သို့သော်လည်း စစချင်းမှာပြောခဲ့သလို အိမ်ထောင်ရေးပြသနာ၊ငွေကြေးပြသနာ၊ကျန်းမာရေးပြသနာ စသဖြင့် ကြီးမားတဲ့ စိတ်ဖိဆီးမှုဒဏ်တွေကို ကြာရှည်စွာ ခံစားနေရမယ်ဆိုရင်တော့ မိခင်ရောကလေးကိုပါ အနှောင့်အယှက်ပေးနိုင်ပါတယ်။
ဘယ်လောက်ထိအနှောက်အယှက်ပေးနိုင်လဲဆိုရင်တော့ …..ကိုယ်ဝန်ဆောင်မိခင်မှာ သွေးတိုးခြင်း၊ ကလေးလမစေ့ဘဲမွေးဖွားခြင်း၊ မွေးလာသည့်ကလေး ပေါင်မပြည့်ခြင်းများဖြစ်စေနိုင်ပါတယ်။မိခင်ရဲ့ စိတ်ဖိဆီးမှုဟာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ကိုယ်ခံအားစနစ်များအပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။စိတ်ဖိဆီးမှုဒဏ် ကြာရှည်စွာခံရသော ကိုယ်ဝန်ဆောင်မိခင်ရဲ့ မွေးဖွားလာတဲ့ကလေးဟာ….. ကြီးလာတဲ့အခါ အာရုံစူးစိုက်နိုင်မှုအားနည်းခြင်း၊ ကြောက်စိတ်များခြင်း…..စတာတွေကြုံတွေ့ရနိုင်ကြောင်း လေ့လာချက်တွေအရ သိရပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်တို့ စိတ်ဖိဆီးလွန်းတဲ့အခါ
– မိမိ၏ခံစားချက်များကို မြိုသိပ်မထားဘဲ မိမိ၏အိမ်ထောင်ဘက်/ဆရာဝန်/ယုံကြည်ခင်မင်ရသူများကို ပွင့်လင်းစွာဖွင့်ဟပြောကြားတိုင်ပင်ခြင်း
– တရားထိုင်ခြင်း
– လေ့ကျင့်ခန်းလုပ်ခြင်း/ကိုယ်ဝန်ဆောင်ယောဂကျင့်ခြင်း
– အိပ်ရေးဝဝအိပ်ခြင်း
– ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ စားသုံးခြင်း
– ကလေးမွေးဖွားခြင်းနှင့် ကလေးပြုစုစောင့်ရှောက်ခြင်းဆိုင်စာ စာအုပ်စာပေများလေ့လာခြင်း
– ကိုယ်ဝန်ဆောင် group တွေထဲ ကိုယ်ဝန်ဆောင်မိခင်အချင်းချင်းအတွေ့အကြုံဗဟုသုတမျှဝေခြင်း
– မလိုအပ်သော အလုပ်များ ရပ်နားပြီး ကောင်းစွာအနားယူခြင်း
– အလွန်အမင်းစိတ်ဖိဆီး/စိတ်ဓာတ်ကျနေသည်ဟု ခံစားသိရှိပါက စိတ်ပညာအထူးကုဆရာဝန်နှင့် ပြသတိုင်ပင်ခြင်း…..
စသည်တို့ကို လုပ်ဆောင်ခြင်းဖြင့် စိတ်ဖိဆီးမှုလျော့ကျပြီး ကျန်းမာသောကိုယ်ဝန် ကျန်းမာသောသားသားမီမီးများ မွေးဖွားနိုင်စေရန် အကြုံပြုလိုက်ပါသည်။
ပိုင်နီမေ
ကိုယ္ဝန္ေဆာင္မိခင္ စိတ္ဖိဆီးမႈမ်ားလြန္းလၽွင္
ဒီအေၾကာင္းကို မေရးမီ ကိုယ္ဝန္ေဆာင္ group ေတြထဲဝင္ၾကည့္မိလိုက္သည္။ကိုယ္ေလးလက္ဝန္ရွိေနခါမွ ေယာက်္ားျဖစ္သူက ကြာရွင္းဖို႔ေျပာလို႔/ေနာက္မယားငယ္ထားလို႔ အပူမီးဝိုင္းၿပီး group ထဲရင္လာဖြင့္ၾကသူမ်ား၊ မီးဖြားဖို႔ ေငြေၾကးမတတ္ႏိုင္လို႔ အကူညီေတာင္းရင္း ေသာကေရာက္ေနေသာ ကိုယ္ဝန္ေဆာင္မ်ား၊ ကေလးပ်က္က်ဖူးလို႔ ေနာက္ထပ္ပ်က္မွာ ပူပန္ေနသူမ်ား…..စသျဖင့္ ေဘးမွၾကည့္ရံုႏွင့္ပင္ ခံစားမိႏိုင္ေသာ စိတ္ဖိဆီးမႈမ်ားစြာၾကံဳေနရသူအေျမာက္အမ်ားေတြ႕လိုက္ရသည္။
ဒီလိုဖိစီးမႈေတြက ကိုယ္ဝန္နဲ႔ကေလးအေပၚ ဘယ္လိုသက္ေရာက္မႈရွိပါသလဲ?
ကေလးတစ္ေယာက္ကို လူ႔ေလာကထဲဆြဲသြင္းရတဲ့အလုပ္က လြယ္တာေတာ့မဟုတ္ပါဘူး။
မိန္းမတစ္ေယာက္ ကိုယ္ဝန္စရွိၿပီဆိုတာနဲ႔ ကိုယ္ခႏၶာတြင္းေဟာ္မုန္းအေျပာင္းအလဲေတြေၾကာင့္ စိတ္ဖိဆီးမႈနဲ႔စိတ္အတက္အက် အေျပာင္းအလဲဒဏ္ကို အနည္းနဲ႔အမ်ား မလြဲမေသြ ခံစားရပါတယ္။ေနာက္ၿပီး ကိုယ္ဝန္ေဆာင္ကာလအတြင္း ပ်ိဳ႕အန္ျခင္း၊အစာမစားႏိုင္ျခင္း၊ခါးနာျခင္း စတဲ့ ခႏၶာကိုယ္အေျပာင္းအလဲေတြေၾကာင့္လည္း ဖိစီးရပါတယ္။မီးဖြားဖို႔ ေတြးပူရတာေတြလည္း ျဖစ္ေလ့ရွိတဲ့ စိတ္ဖိဆီးမႈေတြပါပဲ။
သို႔ေသာ္လည္း ဒီလိုျဖစ္ေလ့ျဖစ္ထရွိတဲ့ စိတ္ဖိဆီးမႈအနည္းငယ္ဟာ ကိုယ္ဝန္ေဆာင္တိုင္းနီးပါး ၾကံဳေတြ႕ရျခင္းျဖစ္ျပီး မိခင္နဲ႔ကေလးကို အေႏွာင့္အယွက္ေပးေလ့မရိွပါဘူး။ကိုယ္ဝန္ေဆာင္ေတြ အေနနဲ႔လည္း ဒါကို သိရွိနားလည္ထားၿပီး ေကာင္းမြန္စြာေက်ာ္ျဖတ္ႏိုင္ေလ့ရွိၾကပါတယ္။
သို႔ေသာ္လည္း စစခ်င္းမွာေျပာခဲ့သလို အိမ္ေထာင္ေရးျပသနာ၊ေငြေၾကးျပသနာ၊က်န္းမာေရးျပသနာ စသျဖင့္ ႀကီးမားတဲ့ စိတ္ဖိဆီးမႈဒဏ္ေတြကို ၾကာရွည္စြာ ခံစားေနရမယ္ဆိုရင္ေတာ့ မိခင္ေရာကေလးကိုပါ အေႏွာင့္အယွက္ေပးႏိုင္ပါတယ္။
ဘယ္ေလာက္ထိအေႏွာက္အယွက္ေပးႏိုင္လဲဆိုရင္ေတာ့ …..ကိုယ္ဝန္ေဆာင္မိခင္မွာ ေသြးတိုးျခင္း၊ ကေလးလမေစ့ဘဲေမြးဖြားျခင္း၊ ေမြးလာသည့္ကေလး ေပါင္မျပည့္ျခင္းမ်ားျဖစ္ေစႏိုင္ပါတယ္။မိခင္ရဲ႕ စိတ္ဖိဆီးမႈဟာ ကေလးရဲ႕ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈနဲ႔ ကိုယ္ခံအားစနစ္မ်ားအေပၚမွာလည္း သက္ေရာက္မႈရွိပါတယ္။စိတ္ဖိဆီးမႈဒဏ္ ၾကာရွည္စြာခံရေသာ ကိုယ္ဝန္ေဆာင္မိခင္ရဲ႕ ေမြးဖြားလာတဲ့ကေလးဟာ….. ႀကီးလာတဲ့အခါ အာရံုစူးစိုက္ႏိုင္မႈအားနည္းျခင္း၊ ေၾကာက္စိတ္မ်ားျခင္း…..စတာေတြၾကံဳေတြ႕ရႏိုင္ေၾကာင္း ေလ့လာခ်က္ေတြအရ သိရပါတယ္။
ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္တို႔ စိတ္ဖိဆီးလြန္းတဲ့အခါ
– မိမိ၏ခံစားခ်က္မ်ားကို ၿမိဳသိပ္မထားဘဲ မိမိ၏အိမ္ေထာင္ဘက္/ဆရာဝန္/ယံုၾကည္ခင္မင္ရသူမ်ားကို ပြင့္လင္းစြာဖြင့္ဟေျပာၾကားတိုင္ပင္ျခင္း
– တရားထိုင္ျခင္း
– ေလ့က်င့္ခန္းလုပ္ျခင္း/ကိုယ္ဝန္ေဆာင္ေယာဂက်င့္ျခင္း
– အိပ္ေရးဝဝအိပ္ျခင္း
– က်န္းမာေရးႏွင့္ညီညြတ္ေသာ အစားအစာမ်ား စားသံုးျခင္း
– ကေလးေမြးဖြားျခင္းႏွင့္ ကေလးျပဳစုေစာင့္ေရွာက္ျခင္းဆိုင္စာ စာအုပ္စာေပမ်ားေလ့လာျခင္း
– ကိုယ္ဝန္ေဆာင္ group ေတြထဲ ကိုယ္ဝန္ေဆာင္မိခင္အခ်င္းခ်င္းအေတြ႕အၾကံဳဗဟုသုတမၽွေဝျခင္း
– မလိုအပ္ေသာ အလုပ္မ်ား ရပ္နားၿပီး ေကာင္းစြာအနားယူျခင္း
– အလြန္အမင္းစိတ္ဖိဆီး/စိတ္ဓာတ္က်ေနသည္ဟု ခံစားသိရွိပါက စိတ္ပညာအထူးကုဆရာဝန္ႏွင့္ ျပသတိုင္ပင္ျခင္း…..
စသည္တို႔ကို လုပ္ေဆာင္ျခင္းျဖင့္ စိတ္ဖိဆီးမႈေလ်ာ့က်ၿပီး က်န္းမာေသာကိုယ္ဝန္ က်န္းမာေသာသားသားမီမီးမ်ား ေမြးဖြားႏိုင္ေစရန္ အၾကံဳျပဳလိုက္ပါသည္။
ပိုင္နီေမ