ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသားအပေါ်သက်ရောက်နိုင်သောဖိစီးမှုများ၏ဆိုးကျိုးများ

‌ ကိုယ်ဝန်ဆောင်ချိန်ဆိုသည်မှာ များစွာသောပြောင်းလဲမှုများဖြစ်နေချိန်ဖြစ်သည်။ မိမိခန္ဓာကိုယ်၊ စိတ်ခံစားမှုများနှင့် မိသားစုနေထိုင်မှုဘဝ စသည်တို့ပြောင်းလဲနေချိန်ဖြစ်သည်။ ထိုအရာများကစိတ်ဖိစီးမှုများကိုဖြစ်ပေါ်စေနိုင်ပါသည်။ ဖိစီးမှုများခြင်းသည် ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်လေ့ဖြစ်ထရှိသောအရာတစ်ခုဖြစ်သည်။ သို့ရာတွင်အလွန်များလာပါက အိပ်မပျော်ခြင်း၊ အစားအသောက်ပျက်ခြင်း(သို့) အရမ်းစားခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ဖြစ်တတ်သည်။

‌ ထိုကဲ့သို့ကြာရှည်ဖြစ်လာလျှင် မွေးချိန်မတိုင်မှီစောမွေးခြင်းနှင့် မွေးလာသောကလေးပေါင်ချိန်မပြည့်ခြင်းတို့ဖြစ်နိုင်ပါသည်။ ကလေးသည်လည်းနောက်ပိုင်းတွင် အာရုံစူးစိုက်မှုလျော့နည်းခြင်းဖြစ်တတ်သည်။

Stress ဖြစ်စေသော အဖြစ်များသည့်အကြောင်းအရာများ

– ကိုယ်ဝန်ကြောင့်ဖြစ်သော မအီမသာဖြစ်ခြင်း၊အန်ခြင်း၊ဝမ်းချုပ်ခြင်း နှင့်ခါးနာခြင်း

– ပြောင်းလဲလာသောဟော်မုန်း(hormone)အခြေအနေများကြောင့် စိတ်ခံစားမှုအပြောင်းအလဲမြန်ခြင်း

– မီးဖွားချိန်တွင်ကြုံတွေ့ရနိုင်သောအခက်အခဲများအတွက် စိုးရိမ်ကြောင့်ကြခြင်း

– မွေးလာမည့်ရင်သွေးအား မည်သို့စောင့်ရှောက်ရမည်ကိုပူပန်တတ်ခြင်း အစရှိသည်တို့ဖြစ်သည်။

သို့ရာတွင်သာမန် နေ့စဉ်ကြုံတွေ့ရနိုင်သောဖိစီးမှုမျိုး (ဥပမာ-ကားလမ်းပိတ်ခြင်း၊မွေးလာမည့်ကလေးအတွက်ပူပန်ခြင်း) တို့မှာအန္တရာယ်မရှိလှပါ။ စိတ်ပင်ပန်းမှုပြင်းပြင်းထန်ထန်ဖြစ်စေသော အရာများသည်ကိုယ်ဝန်နှင့်ကလေးအပေါ်တွင်သက်ရောက်မှုရှိစေနိုင်သည်။၎င်းင်းတို့မှာ အိမ်ထောင်ပြိုကွဲခြင်း၊အလုပ်ပြုတ်ခြင်း၊စီးပွားရေးအလွန်ကြပ်တည်းခြင်း၊အသားအရောင်ခွဲခြားခံရခြင်း၊လူမျိုးရေးခွဲခြားခံရခြင်း၊အကြမ်းဖက်တိုက်ခိုက်ခံရခြင်း နှင့်ငလျင်လှုပ်ခြင်း၊ရေကြီးခြင်း၊မုန်တိုင်းကျခြင်းကဲ့သို့သဘာဝကပ်ဘေးများဖြစ်သည်။

အထက်ပါအကြောင်းအရာများကြုံတွေ့သူများနှင့် အစိုးရိမ်လွန်တတ်သောမိခင်များသည် မိမိလက်တွဲဖော်၊သူငယ်ချင်း၊မိဘ(သို့)ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ အာဟာရပြည့်အောင်စားပြီး အိပ်ရေးဝအောင်အိပ်ရမည်။ လေ့ကျင့်ခန်း(သို့)ယောဂကျင့်ခြင်းတို့လုပ်သင့်သည်။ တရားထိုင်ခြင်းကလည်း စိတ်တည်ငြိမ်မှုရစေရန် အထောက်အကူပြုပါသည်။

မေတ္တာမွန်ဖြင့်

နွေ

ကိုယ္ဝန္ေဆာင္မိခင္ႏွင့္ သေႏၶသားအေပၚသက္ေရာက္ႏိုင္ေသာဖိစီးမႈမ်ား၏ဆိုးက်ိဳးမ်ား

‌ ကိုယ္ဝန္ေဆာင္ခ်ိန္ဆိုသည္မွာ မ်ားစြာေသာေျပာင္းလဲမႈမ်ားျဖစ္ေနခ်ိန္ျဖစ္သည္။ မိမိခႏၶာကိုယ္၊ စိတ္ခံစားမႈမ်ားႏွင့္ မိသားစုေနထိုင္မႈဘဝ စသည္တို႔ေျပာင္းလဲေနခ်ိန္ျဖစ္သည္။ ထိုအရာမ်ားကစိတ္ဖိစီးမႈမ်ားကိုျဖစ္ေပၚေစႏိုင္ပါသည္။ ဖိစီးမႈမ်ားျခင္းသည္ ကိုယ္ဝန္ေဆာင္ခ်ိန္တြင္ျဖစ္ေလ့ျဖစ္ထရွိေသာအရာတစ္ခုျဖစ္သည္။ သို႔ရာတြင္အလြန္မ်ားလာပါက အိပ္မေပ်ာ္ျခင္း၊ အစားအေသာက္ပ်က္ျခင္း(သို႔) အရမ္းစားျခင္းႏွင့္ ေခါင္းကိုက္ျခင္းတို႔ျဖစ္တတ္သည္။

‌ ထိုကဲ့သို႔ၾကာရွည္ျဖစ္လာလွ်င္ ေမြးခ်ိန္မတိုင္မွီေစာေမြးျခင္းႏွင့္ ေမြးလာေသာကေလးေပါင္ခ်ိန္မျပည့္ျခင္းတို႔ျဖစ္ႏိုင္ပါသည္။ ကေလးသည္လည္းေနာက္ပိုင္းတြင္ အာ႐ုံစူးစိုက္မႈေလ်ာ့နည္းျခင္းျဖစ္တတ္သည္။

Stress ျဖစ္ေစေသာ အျဖစ္မ်ားသည့္အေၾကာင္းအရာမ်ား

– ကိုယ္ဝန္ေၾကာင့္ျဖစ္ေသာ မအီမသာျဖစ္ျခင္း၊အန္ျခင္း၊ဝမ္းခ်ဳပ္ျခင္း ႏွင့္ခါးနာျခင္း

– ေျပာင္းလဲလာေသာေဟာ္မုန္း(hormone)အေျခအေနမ်ားေၾကာင့္ စိတ္ခံစားမႈအေျပာင္းအလဲျမန္ျခင္း

– မီးဖြားခ်ိန္တြင္ႀကဳံေတြ႕ရႏိုင္ေသာအခက္အခဲမ်ားအတြက္ စိုးရိမ္ေၾကာင့္ၾကျခင္း

– ေမြးလာမည့္ရင္ေသြးအား မည္သို႔ေစာင့္ေရွာက္ရမည္ကိုပူပန္တတ္ျခင္း အစရွိသည္တို႔ျဖစ္သည္။

သို႔ရာတြင္သာမန္ ေန႔စဥ္ႀကဳံေတြ႕ရႏိုင္ေသာဖိစီးမႈမ်ိဳး (ဥပမာ-ကားလမ္းပိတ္ျခင္း၊ေမြးလာမည့္ကေလးအတြက္ပူပန္ျခင္း) တို႔မွာအႏၲရာယ္မရွိလွပါ။ စိတ္ပင္ပန္းမႈျပင္းျပင္းထန္ထန္ျဖစ္ေစေသာ အရာမ်ားသည္ကိုယ္ဝန္ႏွင့္ကေလးအေပၚတြင္သက္ေရာက္မႈရွိေစႏိုင္သည္။၎င္းတို႔မွာ အိမ္ေထာင္ၿပိဳကြဲျခင္း၊အလုပ္ျပဳတ္ျခင္း၊စီးပြားေရးအလြန္ၾကပ္တည္းျခင္း၊အသားအေရာင္ခြဲျခားခံရျခင္း၊လူမ်ိဳးေရးခြဲျခားခံရျခင္း၊အၾကမ္းဖက္တိုက္ခိုက္ခံရျခင္း ႏွင့္ငလ်င္လႈပ္ျခင္း၊ေရႀကီးျခင္း၊မုန္တိုင္းက်ျခင္းကဲ့သို႔သဘာဝကပ္ေဘးမ်ားျဖစ္သည္။

အထက္ပါအေၾကာင္းအရာမ်ားႀကဳံေတြ႕သူမ်ားႏွင့္ အစိုးရိမ္လြန္တတ္ေသာမိခင္မ်ားသည္ မိမိလက္တြဲေဖာ္၊သူငယ္ခ်င္း၊မိဘ(သို႔)ဆရာဝန္ႏွင့္ တိုင္ပင္ေဆြးေႏြးသင့္ပါသည္။ အာဟာရျပည့္ေအာင္စားၿပီး အိပ္ေရးဝေအာင္အိပ္ရမည္။ ေလ့က်င့္ခန္း(သို႔)ေယာဂက်င့္ျခင္းတို႔လုပ္သင့္သည္။ တရားထိုင္ျခင္းကလည္း စိတ္တည္ၿငိမ္မႈရေစရန္ အေထာက္အကူျပဳပါသည္။

ေမတၱာမြန္ျဖင့္

ေႏြ

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…

Leave a Reply

Your email address will not be published. Required fields are marked *