အငန်မုန့်ကြိုက်တဲ့ ကလေးတွေရဲ့အန္တရာယ်

ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ်အ ချိုအချဉ် အဖန်အ ခါး အငန်စတဲ့ အရသာစုံ အစားအသောက်ထဲမှာပါမှ “လျှာရင်းမြတ်ကြ” တာကိုး။လူကြီးတွေ အနေနဲ့ကတော့ အငန်ကို အလွန်အကျွံမစားသင့်ဘူး။စားမယ်ဆိုရင် သွေးတိုးဖြစ်နိုင်တယ်ဆိုတာ အတော်များများ သိထားကြပြီးဖြစ်ပါတယ်။

ကလေးတွေ အငန်(ဆား)စားတာကြတော့ရော????

အငန်စား(ဆား) စားတာများမယ်ဆိုရင် ကလေးငယ်တွေရေရှည်မှာ

* သွေးတိုးတာ ၊ လေဖြတ်တာ

* အရိုးပွတာ

* နှလုံးရောဂါဖြစ်တာ

* ဆီးလမ်းကြောင်းကျောက်တည်တာတွေထိဖြစ်နိုင်ပါတယ်။

လေ့လာချက်တွေအရ အငန်* ဆား* အစားများတဲ့ ကလေးတွေမှာ ပန်းနာရင်ကြပ်ဖြစ်ရင် ပိုပြီး ဆိုးရွားတတ်ပြီး ဆားလျှော့စားတာနဲ့ ပိုသက်သာလာတာတွေ့ရပါတယ်တဲ့။

ဒါဆို ဆား ကို တစ်နေ့ဘယ်လောက်စားသင့်လဲဆိုရင်…

ကလေးအသက်၁နှစ် မှ ၃နှစ်အထိ…. တစ်နေ့ကို ၂ gram

ကလေးအသက် ၄နှစ်မှ ၆နှစ်ထိကို …တစ်နေ့ကို ၃ gram

ကလေးအသက်၇နှစ်မှ ၁၀နှစ်အထိ…တစ်နေ့ကို ၅ gram သာလိုအပ်တာပါ။

စစ်တမ်းတွေအရတော့ ၄နှစ်အရွယ်ကလေးတစ်ယောက်က လက်တွေ့မှာ တစ်နေ့ကို ၉ Gram ထိစားနေပြီး ကလေးတစ်ယောက်တစ်နေ့တာလိုအပ်တာရဲ့ ၃ဆ ခန့်ပိုစားနေတာပါတဲ့။

” ဆား ” အစားများတာမကောင်းဘူးဆိုတော့ ” ဆား” များတဲ့ အစားအစာတွေက ဘာတွေလဲဆိုရင်…မေမေတို့ သိရင် အံ့ဩသွားပါလိမ့်မယ်။ ခုကျွေးနေတဲ့ အစားအစာအတော်များများက ဆားဓာတ်များပြားစွာပါဝင်နေလို့ပါပဲ။”ဆား” များတဲ့ အစားအစာတွေက

* ဘာဂါ၊ ဟော့ဒေါ့

* အာလူးကြော်၊ ဘီစကစ်

* ပီဇာ၊

* ရေညှိထုတ်

* အသင့်စားခေါက်ဆွဲထုတ်တွေပါတဲ့။

ကလေးကို ” ဆား” လျှော့ကျွေးဖို့ဆ်ုရင်

* ကလေးစားမယ့် မုန့်ကို အရင်မြည်းပြီး အရမ်းငန်ရင် အခြားအမျိုးအစားပြောင်းကျွေးပေးပါ။

* အသင့်စား အစားအစာတွေအတတ်နိုင်ဆုံးလျှော့ကျွေးပါ။

* လတ်ဆက်တဲ့အသီးအနှံ၊ အသားငါးတွေ ပူပူနွေးနွေး ချက်ပြုတ်ကျွေးပေးပါ။

ကျန်းမာတဲ့ကလေးငယ်လေးတွေ ကြီးပြင်းလာစေဖို့စေတနာဖြင့်

မယ်တင်( ဆေး ၁)





* သွေးတိုးတာ ၊ လေဖြတ်တာ

* အရိုးပွတာ

* နှလုံးရောဂါဖြစ်တာ









* ဘာဂါ၊ ဟော့ဒေါ့

* အာလူးကြော်၊ ဘီစကစ်

* ပီဇာ၊

* ရေညှိထုတ်







မယ်တင်( ဆေး ၁)

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…

Leave a Reply

Your email address will not be published. Required fields are marked *