ပျားရည်သံပုရာက တကယ်ပဲ ဗိုက်ချပ်စေသလား?
ပျားရည်သံပုရာနဲ့ဗိုက်ချပ်အောင်လုပ်တဲ့နည်း ဝိတ်ချတဲ့နည်း ကတော့ မိန်းကလေးတွေကြားမှာ တော်တော် ရေပန်းစားတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ မိန်းကလေး သဘာ၀ အတိုင်း အသက်လေး နည်းနည်းကြီးလားလို့ဖြစ်ဖြစ်၊ အစားလေး နည်းနည်းများများ စားမိရင် ဖြစ်ဖြစ်၊ ရုံးမှာ အထိုင်များတာဖြစ်ဖြစ် ဗိုက်ခေါက်လေးထွက်လာတတ်ပါတယ်။ လူပိန်ရင်တောင် ဗိုက်လေးထွက်နေတတ်ကြပါတယ်။ မြန်မာမိန်းကလေးတွေ ရဲ့ သဘော အရ လုံချည်ဝတတ်တဲ့ အခါ ခါးလေး သိမ်ပြီး ဗိုက်လေးချပ်နေမှ မိမိကိုယ်ကို ယုံကြည်မှု ရှိတာ ဖြစ်တဲ့ အတွက် လူ မပိန်ရင်တောင် ဗိုက်ကလေး ချပ်နေချင်တတ်ကြပါတယ်။ လေ့ကျင့်ခန်း လုပ်ဖို့ကလည်း အချိန်မပေးနိုင်တာတွေ၊ ပျင်းတာတွေကြောင့် အလွယ်နည်း ဖြစ်တဲ့ ဒီလို ပျားရည် နဲ့သံပရာသီး ရောသောက်ကြတဲ့ နည်းတွေ ခေတ်စားလာပါတယ်။
တချို့ကတော့ တကယ်အကျိုးရှိတယ် လို့ပြောပြီး တချို့အတွက်ကတော့ ဘာမှ မထူးဘူးလို့ပြောကြပါတယ်။ တကယ်အကျိုးသက်ရောက်မှု ရှိမရှိကို သိပ္ပံနည်းကျ လေ့လာထားတာတွေ ဖော်ပြပေးချင်ပါတယ်။ သံပုရာပျားရည်ဟာ အစာချေဖျက်မှု စနစ်ကို ကောင်းစေပါတယ်။ အဆီလောင်ကျွမ်းမှု ကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။ ရေဓာတ်လည်း ပြည့်ဝစေပါတယ်။ ဗီတာမင် စီ လည်း ရရှိစေပါတယ်။ သံပုရာသီးရော ပျားရည်ရောဟာ တကယ်ကို ကောင်းမွန်တဲ့ သဘာ၀ အစားအစာတွေပဲ ဖြစ်တာကြောင့် အကြမ်းဖျင်းပြောရရင် သောက်လို့ရပါတယ်။
ဒါပေမယ့် ဒီသံပုရာပျားရည် တစ်ခုတည်းနဲ့တော့ ဝိတ်လည်း ရေရှည်ကျပြီး ထိန်းထားနိုင်ဖို့ခက်ပါမယ်။ ကိုယ်အလေးချိန်ကို လျှော့ချတယ် နေရာမှာ မှန်ကန်တဲ့ အစားအစာတွေ အပြင် ကျန်းမာသော လူမှုနေထိုင်မှု စနစ်နဲ့ ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်း လိုအပ်ပါတယ်။ ဗိုက်ချပ်ဖို့ဆိုရင်လည်း အဆီကျတာအပြင် ဝမ်းဗိုက်ကြွက်သားတွေ သန်မာအောင် လေ့ကျင့်ခန်း လိုပါသေးတယ်။ မဟုတ်ရင် ကျသွားလည်း ခဏပဲဖြစ်ပြီး ပြန်တက်လာနိုင်ပါတယ်။ ပျားရည်သံပုရာ အားကိုးနဲ့အစားအသောက်ကို မဆင်မခြင် စားမယ်ဆိုရင်လည်း အကျိုးမရှိပါဘူး။
ဒီပျားရည်သံပုရာ က တကယ်တော့ မှန်ကန်တဲ့ ဝိတ်ချနည်းကို အနည်းငယ် ထောက်ပံ့ပေးတဲ့ အရာလေးပါပဲ။ ဒါကိုပဲ အားကိုးသင့်တာ မဟုတ်ပါဘူး။ ဒီတစ်နည်းနဲ့ပဲ ဆို ရေရှည်မှာ အဆင်မပြေနိုင်တဲ့ အတွက် နဂို အခြေအနေကို ပြန်ရောက်ရောက် သွားတတ်ပါတယ်။
ဒီလို အရည်မျိုးစုံသောက်ပြီး ဝိတ်ချတာတွေ၊ ဗိုက်ချပ်အောင်လုပ်တာတွေ ခဏခဏ တွေ့ရပါတယ်။ သိပ္ပံနည်းကျ လေ့လာထားတဲ့ Guidelines တွေက မှန်ကန်တဲ့ စားသောက်မှု၊ လေ့ကျင့်ခန်းနဲ့ လူနေမှုပုံစံကိုပဲ လုပ်ဆောင်ကြဖို့လမ်းညွှန်ထားပါတယ်။ ဒါကြောင့် နည်းလမ်းမှန်တာကို ညွှန်ပြရမယ်ဆိုရင်တော့ ပျားရည်သံပုရာကို ပဲ အားကိုးပြီး မနေသင့်ကြောင်း သတင်းကောင်း ပြလိုက်ပါရစေ။
ကျန်းမာပျော်ရွှင်သော ဘဝများ ပိုင်ဆိုင်ကြပါစေ။
Dr. Jasmine
ပ်ားရည္သံပုရာက တကယ္ပဲ ဗိုက္ခ်ပ္ေစသလား?
ပ်ားရည္သံပုရာနဲ ့ဗိုက္ခ်ပ္ေအာင္လုပ္တဲ့နည္း ၀ိတ္ခ်တဲ့နည္း ကေတာ့ မိန္းကေလးေတြၾကားမွာ ေတာ္ေတာ္ ေရပန္းစားတဲ့ နည္းလမ္းတစ္ခု ျဖစ္ပါတယ္။ မိန္းကေလး သဘာ၀ အတိုင္း အသက္ေလး နည္းနည္းၾကီးလားလို ့ျဖစ္ျဖစ္၊ အစားေလး နည္းနည္းမ်ားမ်ား စားမိရင္ ျဖစ္ျဖစ္၊ ရုံးမွာ အထိုင္မ်ားတာျဖစ္ျဖစ္ ဗိုက္ေခါက္္ေလးထြက္လာတတ္ပါတယ္။ လူပိန္ရင္ေတာင္ ဗိုက္ေလးထြက္ေနတတ္ၾကပါတယ္။ ျမန္မာမိန္းကေလးေတြ ရဲ ့ သေဘာ အရ လံုခ်ည္၀တတ္တဲ့ အခါ ခါးေလး သိမ္ျပီး ဗိုက္ေလးခ်ပ္ေနမွ မိမိကိုယ္ကို ယံုၾကည္မွု ရွိတာ ျဖစ္တဲ့ အတြက္ လူ မပိန္ရင္ေတာင္ ဗိုက္ကေလး ခ်ပ္ေနခ်င္တတ္ၾကပါတယ္။ ေလ့က်င့္ခန္း လုပ္ဖို ့ကလည္း အခ်ိန္မေပးနိုင္တာေတြ၊ ပ်င္းတာေတြေၾကာင့္ အလြယ္နည္း ျဖစ္တဲ့ ဒီလို ပ်ားရည္ နဲ ့သံပရာသီး ေရာေသာက္ၾကတဲ့ နည္းေတြ ေခတ္စားလာပါတယ္။
တခ်ိဳ ့ကေတာ့ တကယ္အက်ိဳးရွိတယ္ လို ့ေျပာျပီး တခ်ိဳ ့အတြက္ကေတာ့ ဘာမွ မထူးဘူးလို ့ေျပာၾကပါတယ္။ တကယ္အက်ိဳးသက္ေရာက္မွု ရွိမရွိကို သိပၸံနည္းက် ေလ့လာထားတာေတြ ေဖာ္ျပေပးခ်င္ပါတယ္။ သံပုရာပ်ားရည္ဟာ အစာေခ်ဖ်က္မွု စနစ္ကို ေကာင္းေစပါတယ္။ အဆီေလာင္ကၽြမ္းမွု ကိုလည္း အေထာက္အကူ ျဖစ္ေစပါတယ္။ ေရဓာတ္လည္း ျပည့္၀ေစပါတယ္။ ဗီတာမင္ စီ လည္း ရရွိေစပါတယ္။ သံပုရာသီးေရာ ပ်ားရည္ေရာဟာ တကယ္ကို ေကာင္းမြန္တဲ့ သဘာ၀ အစားအစာေတြပဲ ျဖစ္တာေၾကာင့္ အၾကမ္းဖ်င္းေျပာရရင္ ေသာက္လို ့ရပါတယ္။
ဒါေပမယ့္ ဒီသံပုရာပ်ားရည္ တစ္ခုတည္းနဲ ့ေတာ့ ၀ိတ္လည္း ေရရွည္က်ျပီး ထိန္းထားနိုင္ဖို ့ခက္ပါမယ္။ ကိုယ္အေလးခ်ိန္ကို ေလွ်ာ့ခ်တယ္ ေနရာမွာ မွန္ကန္တဲ့ အစားအစာေတြ အျပင္ က်န္းမာေသာ လူမွုေနထိုင္မွု စနစ္နဲ ့ ပံုမွန္ကိုယ္လက္ေလ့က်င့္ခန္း လိုအပ္ပါတယ္။ ဗိုက္ခ်ပ္ဖို ့ဆိုရင္လည္း အဆီက်တာအျပင္ ၀မ္းဗိုက္ၾကြက္သားေတြ သန္မာေအာင္ ေလ့က်င့္ခန္း လိုပါေသးတယ္။ မဟုတ္ရင္ က်သြားလည္း ခဏပဲျဖစ္ျပီး ျပန္တက္လာနိုင္ပါတယ္။ ပ်ားရည္သံပုရာ အားကိုးနဲ ့အစားအေသာက္ကို မဆင္မျခင္ စားမယ္ဆိုရင္လည္း အက်ိဳးမရွိပါဘူး။
ဒီပ်ားရည္သံပုရာ က တကယ္ေတာ့ မွန္ကန္တဲ့ ၀ိတ္ခ်နည္းကို အနည္းငယ္ ေထာက္ပ့ံေပးတဲ့ အရာေလးပါပဲ။ ဒါကိုပဲ အားကိုးသင့္တာ မဟုတ္ပါဘူး။ ဒီတစ္နည္းနဲ ့ပဲ ဆို ေရရွည္မွာ အဆင္မေျပနိုင္တဲ့ အတြက္ နဂို အေျခအေနကို ျပန္ေရာက္ေရာက္ သြားတတ္ပါတယ္။
ဒီလို အရည္မ်ိဳးစံုေသာက္ျပီး ၀ိတ္ခ်တာေတြ၊ ဗိုက္ခ်ပ္ေအာင္လုပ္တာေတြ ခဏခဏ ေတြ ့ရပါတယ္။ သိပၸံနည္းက် ေလ့လာထားတဲ့ Guidelines ေတြက မွန္ကန္တဲ့ စားေသာက္မွု၊ ေလ့က်င့္ခန္းနဲ ့ လူေနမွုပံုစံကိုပဲ လုပ္ေဆာင္ၾကဖို ့လမ္းညႊန္ထားပါတယ္။ ဒါေၾကာင့္ နည္းလမ္းမွန္တာကို ညႊန္ျပရမယ္ဆိုရင္ေတာ့ ပ်ားရည္သံပုရာကို ပဲ အားကိုးျပီး မေနသင့္ေၾကာင္း သတင္းေကာင္း ျပလိုက္ပါရေစ။
က်န္းမာေပ်ာ္ရႊင္ေသာ ဘ၀မ်ား ပိုင္ဆိုင္ၾကပါေစ။
Dr. Jasmine