နို့အမျိုးမျိုး အကြောင်း သိကောင်းစရာ

နို့အမျိုးမျိုး ကြော်ငြာတွေကလည်း အမျိုးမျိုး ရှိပြီး မိမိကလေးကို ဘယ်နို့အမျိုးအစား တိုက်လို့တိုက်ရမှန်း မသိတော့တဲ့ မေမေ တွေ ရှိပါတယ်။ ဟိုဟာ ကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုး နဲ့ အတော်လေး ဗျာများရပါတယ်။ မိမိကလေးကို အကောင်းဆုံးပေးချင်တာက အမေတိုင်းရဲ့ မေတ္တာဆိုတော့ ဈေးကြီးမှ ကောင်းမှာလား စသဖြင့် ဝေခွဲရခက်တတ်ပါတယ်။ အရေးကြီးတာကတော့ ကိုယ့်ကလေး ရဲ့ အသက်အရွယ် အလိုက် သင့်တော်ရာကို ရွေးချယ်တတ်ဖို့ပါ။ ဈေးကြီးမှ ကောင်းတာ မဟုတ်ပါဘူး။ ဈေးအကြီးဆုံး နို့မှုန့်တွေ တိုက်ပြီး မိသားစု အခက်အခဲ ဖြစ်နေစရာ မလိုပါဘူး။ ရွေးချယ်စရာ အများကြီးရှိပါတယ်။ ချင့်ချိန်ပြီး ရွေးချယ်တတ်ကြဖို့မျှဝေလိုက်ပါတယ်။

နွားနို့အကြောင်း အရင်ပြောပါမယ်။ နွားနို့အောက် ကလေး အသက် ၁ နှစ်ပြည့်မှ စတိုက်သင့်ပါတယ်။ နွားနို့မှာ ပါဝင်တဲ့ အသားဓာတ် (ပရိုတိန်း) ကို ကလေးရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းက မချေဖျက်နိုင်သေးပါဘူး။ ဒီ ပရိုတိန်းတွေက ကလေးရဲ့ နုနယ်တဲ့ ကျောက်ကပ်ကို အလုပ်ပိုလုပ်ရစေပါတယ်။ ဒါ့အပြင် နွားနို့မှာ ပါဝင်တဲ့ အဆီဓာတ် ကလည်း ၁ နှစ်အောက် ကလေးများ အတွက် မသင့်တော်သေးပါဘူး။ နို့ရဲ့ ကစီဓာတ်ကလည်း ၁နှစ်အောက် ကလေးများ အတွက် ချေဖျက်ရခက်ပါတယ်။ ဒါကြောင့် နွားနို့ကို ၁နှစ်အောက် ကလေးများကို မတိုက်ဖို့ ဆရာဝန်တွေက မှာနေရခြင်း ဖြစ်ပါတယ်။ ကလေးရဲ့နုနယ်တဲ့ အစာအိမ်အူလမ်းကြောင်းနဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ၁နှစ် အထက်ကလေးများကတော့ ကိုယ်တွင်း အင်္ဂါများ ကောင်းစွာ ဖွံ့ဖြိုးပြီ ဖြစ်တာကြောင့် နွားနို့စတိုက်လို့ရပါပြီ။ နွားနို့မှာ ပါတဲ့ ဗီတာမင် ဒီ၊ ကယ်လဆီယမ် က ကလေးများ အရိုးနဲ့သွား ဖွံ့ဖြိုးမှု အတွက် ကောင်းပါတယ်။ နို့နဲ့နို့ထွက် ပစ္စည်းများကို ၁ရက် ၂ ကြိမ် ပျမ်းမျှ တိုက်လို့ရပါတယ်။ မလိုင်ပြည့် နို့ကို ပဲ ရွေးရမှာ ဖြစ်ပါတယ်။ ကလေး ဦးနှောက် ဖွံ့ဖြိုးမှု အတွက် အဆီဓာတ် လိုအပ်တာကြောင့် အဆီနည်းနို့ တိုက်စရာ မလိုပါဘူး။ နို့နဲ့ မတည့်တဲ့ ကလေးအချို့လည်း ရှိတာမို့ မိမိ ကလေးနဲ့သင့်တော်ရာ ကို ရွေးပါ။ အဆီနည်းနို့က လူကြီးများ အတွက် ဖြစ်ပါတယ်။

ပဲနို့(soy milk) ကလည်း ၁ နှစ် အထက် ကလေးများ အတွက်ပဲ ဖြစ်ပါတယ်။ ပဲနို့မှာလည်း ဗီတာမင် ဒီ၊ ကယ်လဆီယမ်တွေ ထပ်ဖြည့်ထားတဲ့ ဖော်မြူလာတွေ ရှိပါတယ်။ ပဲနို့ကတော့ အပင်မှ ရတဲ့ အစားအစာ ဖြစ်တာကြောင့် အမျှင်ဓာတ် (Fiber) ပါဝင်ပါတယ်။ အမျှင်ဓာတ်ဟာ ကလေးများရဲ့ အစာအိမ်နဲ့အူလမ်းကြောင်းကို ကောင်းမွန်စေပြီး ဝမ်းမှန်စေပါတယ်။ နွားနို့ မတည့်တဲ့ ကလေးများ အတွက် ပဲနို့က အလွန် သင့်တော်ပါတယ်။ Lactose free ဖြစ်တာကြောင့် ဝမ်းလျှောဝမ်းပျက် လည်း ဖြစ်နိုင်ချေ အလွန်နည်းပါတယ်။ ၁နှစ် အထက် ကလေးများကို ပဲ နို့ကိုလည်း ၁ရက် ၂ ခွက် ခန့်တိုက်နိုင်ပါတယ်။
ဖော်မြူလာနို့မှုန့်တွေကတော့ ကလေး အသက်အလိုက် ရွေးချယ်ရပါတယ်။ မွေးစမှ ၆ လ အထိကတော့ မိခင်နို့ တစ်မျိုးတည်း တိုက်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ၆ လ ကျော်ရင်တော့ ဖြည့်စွက်စွာ စကျွေးတဲ့ အချိန် ရောက်ပြီမို့အမေ က အပြင် အလုပ်လုပ်ရတာမျိုးဆိုရင် ဖော်မြူလာနို့ကို ဆရာဝန် ညွှန်ကြားချက် အတိုင်း တိုက်နိုင်ပါတယ်။ ဖော်မြူလာနို့တွေကတော့ ကလေးတွေ အတွက် ချေဖျက်ရ လွယ်ကူအောင်လုပ်ထားပါတယ်။ ဗီတာမင် နဲ့ သတ္တုဓာတ်တွေလည်း အချိုးကျ ပါဝင်တာကြောင့် ၁ နှစ်အောက် ကလေးများ အတွက်ကတော့ မိခင်နို့ပြီးရင် ရွေးသင့်တာကတော့ ဖော်မြူလာနို့ပါ။ နွားနို့ နဲ့ပဲနို့ကတော့ ၁နှစ်အောက် ကလေးများ အတွက် လုံး၀ မသင့်တော်ပါဘူး။ ၁ နှစ် အထက် ကလေးများကတော့ နို့မျိုးစုံ သောက်နိုင်တဲ့ အရွယ်ရောက်ပြီ ဖြစ်တာမို့ဖော်မြူလာတွေ အစား သဘာ၀ အစားအစာတွေ ဖြစ်တဲ့ နွားနို့ပဲနို့ စတာတွေကို ရွေးချယ်တာက မိမိကလေးကို သဘာ၀ အစားအစာတွေကို စားတတ်အောင် လေ့ကျင့်ပေးရာ ရောက်ပါတယ်။ ကိုယ်ခံအား Anitibodies တွေကတော့ မိခင်နို့ တစ်မျိုးတည်းမှာပဲ ပါတာကြောင့် ပြိုင်စံရှားပါပဲ။

ဒါကြောင့် အနှစ်ချုပ်ရမယ်ဆိုရင် မွေးစမှ ၆ လအထိကတော့ မိခင်နို့က အကောင်းဆုံး ဖြစ်ပြီး ဖော်မြူလာနို့ကိုတော့ ဆရာဝန် က လိုအပ်လို့ ညွှန်ကြားရင် တိုက်ပါ။ ပဲနို့နဲ့ နွားနို့ကတော့ သဘာ၀ အစားအစာ ဖြစ်ပါတယ်။ ၁ နှစ် အထက် ကလေးများ အတွက် ဖြစ်ပါတယ်။ နွားနို့ ဓာတ်မတည့်လျှင် ပဲနို့တိုက်နိုင်ပါတယ်။ ဘယ်အရာကမှ ပြီးပြည့်စုံတဲ့ အာဟာရ မပါဝင်တာကြောင့် မိမိကလေး အသက်အရွယ် အခြေအနေ အလိုက်သင့်တော်ရာ ရွေးချယ်နိုင်စေဖို့ ချစ်ခင်စွာမျှဝေလိုက်ပါတယ်။

ကျန်းမာပျော်ရွှင်သော ကလေးများ ဖြစ်ပါစေ။

Dr. Jasmine

ႏို႔အမ်ိဳးမ်ိဳး အေၾကာင္း သိေကာင္းစရာ

နို ့အမ်ိဳးမ်ိဳး ေၾကာ္ျငာေတြကလည္း အမ်ိဳးမ်ိဳး ရွိျပီး မိမိကေလးကို ဘယ္နို ့အမ်ိဳးအစား တိုက္လို ့တိုက္ရမွန္း မသိေတာ့တဲ့ ေမေမ ေတြ ရွိပါတယ္။ ဟိုဟာ ေကာင္းနိုးနိုး ဒီဟာေကာင္းနိုးနိုး နဲ ့ အေတာ္ေလး ဗ်ာမ်ားရပါတယ္။ မိမိကေလးကို အေကာင္းဆံုးေပးခ်င္တာက အေမတိုင္းရဲ ့ ေမတၱာဆိုေတာ့ ေစ်းၾကီးမွ ေကာင္းမွာလား စသျဖင့္ ေ၀ခြဲရခက္တတ္ပါတယ္။ အေရးၾကီးတာကေတာ့ ကိုယ့္ကေလး ရဲ ့ အသက္အရြယ္ အလိုက္ သင့္ေတာ္ရာကို ေရြးခ်ယ္တတ္ဖို ့ပါ။ ေစ်းၾကီးမွ ေကာင္းတာ မဟုတ္ပါဘူး။ ေစ်းအၾကီးဆံုး နို ့မွုန္ ့ေတြ တိုက္ျပီး မိသားစု အခက္အခဲ ျဖစ္ေနစရာ မလိုပါဘူး။ ေရြးခ်ယ္စရာ အမ်ားၾကီးရွိပါတယ္။ ခ်င့္ခ်ိန္ျပီး ေရြးခ်ယ္တတ္ၾကဖို ့မ်ွေ၀လိုက္ပါတယ္။

ႏြားနို ့အေၾကာင္း အရင္ေျပာပါမယ္။ ႏြားနို ့ေအာက္ ကေလး အသက္ ၁ နွစ္ျပည့္မွ စတိုက္သင့္ပါတယ္။ ႏြားနို ့မွာ ပါ၀င္တဲ့ အသားဓာတ္ (ပရိုတိန္း) ကို ကေလးရဲ ့ အစာအိမ္နဲ ့ အူလမ္းေၾကာင္းက မေခ်ဖ်က္နိုင္ေသးပါဘူး။ ဒီ ပရိုတိန္းေတြက ကေလးရဲ ့ နုနယ္တဲ့ ေက်ာက္ကပ္ကို အလုပ္ပိုလုပ္ရေစပါတယ္။ ဒါ့အျပင္ ႏြားနို ့မွာ ပါ၀င္တဲ့ အဆီဓာတ္ ကလည္း ၁ နွစ္ေအာက္ ကေလးမ်ား အတြက္ မသင့္ေတာ္ေသးပါဘူး။ နို ့ရဲ ့ ကစီဓာတ္ကလည္း ၁ႏွစ္ေအာက္ ကေလးမ်ား အတြက္ ေခ်ဖ်က္ရခက္ပါတယ္။ ဒါေၾကာင့္ ႏြားနို ့ကို ၁ႏွစ္ေအာက္ ကေလးမ်ားကို မတိုက္ဖို ့ ဆရာ၀န္ေတြက မွာေနရျခင္း ျဖစ္ပါတယ္။ ကေလးရဲ ့နုနယ္တဲ့ အစာအိမ္အူလမ္းေၾကာင္းနဲ ့ ေက်ာက္ကပ္ကို ထိခိုက္ေစနိုင္ပါတယ္။ ၁နွစ္ အထက္ကေလးမ်ားကေတာ့ ကိုယ္တြင္း အဂၤါမ်ား ေကာင္းစြာ ဖြံ ့ျဖိဳးျပီ ျဖစ္တာေၾကာင့္ ႏြားနို ့စတိုက္လို ့ရပါျပီ။ ႏြားနို ့မွာ ပါတဲ့ ဗီတာမင္ ဒီ၊ ကယ္လဆီယမ္ က ကေလးမ်ား အရိုးနဲ ့သြား ဖြံ ့ျဖိဳးမွု အတြက္ ေကာင္းပါတယ္။ နို ့နဲ ့နို ့ထြက္ ပစၥည္းမ်ားကို ၁ရက္ ၂ ၾကိမ္ ပ်မ္းမ်ွ တိုက္လို ့ရပါတယ္။ မလိုင္ျပည့္ နို ့ကို ပဲ ေရြးရမွာ ျဖစ္ပါတယ္။ ကေလး ဦးေနွာက္ ဖြံ ့ျဖိဳးမွု အတြက္ အဆီဓာတ္ လိုအပ္တာေၾကာင့္ အဆီနည္းနို ့ တိုက္စရာ မလိုပါဘူး။ နို ့နဲ ့ မတည့္တဲ့ ကေလးအခ်ိဳ ့လည္း ရွိတာမို ့ မိမိ ကေလးနဲ ့သင့္ေတာ္ရာ ကို ေရြးပါ။ အဆီနည္းနို ့က လူၾကီးမ်ား အတြက္ ျဖစ္ပါတယ္။

ပဲနို ့(soy milk) ကလည္း ၁ နွစ္ အထက္ ကေလးမ်ား အတြက္ပဲ ျဖစ္ပါတယ္။ ပဲနို ့မွာလည္း ဗီတာမင္ ဒီ၊ ကယ္လဆီယမ္ေတြ ထပ္ျဖည့္ထားတဲ့ ေဖာ္ျမဴလာေတြ ရွိပါတယ္။ ပဲနို ့ကေတာ့ အပင္မွ ရတဲ့ အစားအစာ ျဖစ္တာေၾကာင့္ အမ်ွင္ဓာတ္ (Fiber) ပါ၀င္ပါတယ္။ အမ်ွင္ဓာတ္ဟာ ကေလးမ်ားရဲ ့ အစာအိမ္နဲ ့အူလမ္းေၾကာင္းကို ေကာင္းမြန္ေစျပီး ၀မ္းမွန္ေစပါတယ္။ ႏြားနို ့ မတည့္တဲ့ ကေလးမ်ား အတြက္ ပဲနို ့က အလြန္ သင့္ေတာ္ပါတယ္။ Lactose free ျဖစ္တာေၾကာင့္ ၀မ္းေလ်ွာ၀မ္းပ်က္ လည္း ျဖစ္နိုင္ေခ် အလြန္နည္းပါတယ္။ ၁ႏွစ္ အထက္ ကေလးမ်ားကို ပဲ နို ့ကိုလည္း ၁ရက္ ၂ ခြက္ ခန္ ့တိုက္နိုင္ပါတယ္။
ေဖာ္ျမဴလာနို ့မွဳန္ ့ေတြကေတာ့ ကေလး အသက္အလိုက္ ေရြးခ်ယ္ရပါတယ္။ ေမြးစမွ ၆ လ အထိကေတာ့ မိခင္နို ့ တစ္မ်ိဳးတည္း တိုက္တာ အေကာင္းဆံုး ျဖစ္ပါတယ္။ ၆ လ ေက်ာ္ရင္ေတာ့ ျဖည့္စြက္စြာ စေကၽြးတဲ့ အခ်ိန္ ေရာက္ျပီမို ့အေမ က အျပင္ အလုပ္လုပ္ရတာမ်ိဳးဆိုရင္ ေဖာ္ျမဴလာနို ့ကို ဆရာ၀န္ ညႊန္ၾကားခ်က္ အတိုင္း တိုက္နိုင္ပါတယ္။ ေဖာ္ျမဴလာနို ့ေတြကေတာ့ ကေလးေတြ အတြက္ ေခ်ဖ်က္ရ လြယ္ကူေအာင္လုပ္ထားပါတယ္။ ဗီတာမင္ နဲ ့ သတၱဳဓာတ္ေတြလည္း အခ်ိဳးက် ပါ၀င္တာေၾကာင့္ ၁ ႏွစ္ေအာက္ ကေလးမ်ား အတြက္ကေတာ့ မိခင္နို ့ျပီးရင္ ေရြးသင့္တာကေတာ့ ေဖာ္ျမဴလာနို ့ပါ။ ႏြားနို ့ နဲ ့ပဲနို ့ကေတာ့ ၁ႏွစ္ေအာက္ ကေလးမ်ား အတြက္ လံုး၀ မသင့္ေတာ္ပါဘူး။ ၁ ႏွစ္ အထက္ ကေလးမ်ားကေတာ့ နို ့မ်ိဳးစံု ေသာက္နိုင္တဲ့ အရြယ္ေရာက္ျပီ ျဖစ္တာမို ့ေဖာ္ျမဴလာေတြ အစား သဘာ၀ အစားအစာေတြ ျဖစ္တဲ့ ႏြားနို ့ပဲနို ့ စတာေတြကို ေရြးခ်ယ္တာက မိမိကေလးကို သဘာ၀ အစားအစာေတြကို စားတတ္ေအာင္ ေလ့က်င့္ေပးရာ ေရာက္ပါတယ္။ ကိုယ္ခံအား Anitibodies ေတြကေတာ့ မိခင္နို ့ တစ္မ်ိဳးတည္းမွာပဲ ပါတာေၾကာင့္ ျပိဳင္စံရွားပါပဲ။

ဒါေၾကာင့္ အနွစ္ခ်ဳပ္ရမယ္ဆိုရင္ ေမြးစမွ ၆ လအထိကေတာ့ မိခင္နို ့က အေကာင္းဆံုး ျဖစ္ျပီး ေဖာ္ျမဴလာနို ့ကိုေတာ့ ဆရာ၀န္ က လိုအပ္လို ့ ညႊန္ၾကားရင္ တိုက္ပါ။ ပဲနို ့နဲ ့ ႏြားနို ့ကေတာ့ သဘာ၀ အစားအစာ ျဖစ္ပါတယ္။ ၁ ႏွစ္ အထက္ ကေလးမ်ား အတြက္ ျဖစ္ပါတယ္။ ႏြားနို ့ ဓာတ္မတည့္လ်ွင္ ပဲနို ့တိုက္နိုင္ပါတယ္။ ဘယ္အရာကမွ ျပီးျပည့္စံုတဲ့ အာဟာရ မပါ၀င္တာေၾကာင့္ မိမိ္ကေလး အသက္အရြယ္ အေျခအေန အလိုက္သင့္ေတာ္ရာ ေရြးခ်ယ္နိုင္ေစဖို ့ ခ်စ္ခင္စြာမ်ွေ၀လိုက္ပါတယ္။

က်န္းမာေပ်ာ္ရႊင္ေသာ ကေလးမ်ား ျဖစ္ပါေစ။

Dr. Jasmine

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *