ကိုယ်ဝန်ဆောင်နှင့် အုန်းရည်

ကိုယ်ဝန်ဆောင်တွေ ကို အုန်းရည်သောက်ခိုင်းတဲ့ အလေ့အထဟာ ကျမတို့မြန်မာနိုင်ငံမှာသာ မက တခြားနိုင်ငံတွေမှာပါ ခေတ်စားပါတယ်။ အုန်းရည်ဟာ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ အတွက် သာမန်လူတွေအတွက်ရော ကိုယ်ဝန်ဆောင်တွေ အတွက်ပါ ကောင်းပါတယ်။ ချွေးထွက်များတဲ့ အခါ၊ ဝမ်းလျှောတဲ့ အခါ တွေမှာ သောက်ရင် မြန်မြန်အားပြည့်စေပါတယ်။ ဘယ်အရာမဆို တန်ဆေးလွန်ဘေး ဖြစ်တာကြောင့် အုန်းရည်ကိုလည်း ချင့်ချိန်သောက်ဖို့လိုပါမယ်။ အုန်းရည်ရဲ့အာဟာရတန်ဖိုးများ၊ အကျိုးကျေးဇူးများကို သိပ္ပံနည်းကျဖော်ပြသွားပါမယ်။

အုန်းရည် တစ်ခွက် ၂၄၀ စီစီ မှာ ၄၆ ကယ်လိုရီ၊ သကြား ၆.၄ ဂရမ်၊ အမျှင်ဓာတ် ၂.၆ ဂရမ်၊ ဆိုဒီယမ် ၂၅၂ မီလီဂရမ်၊ ပိုတက်ဆီယမ် ၆၀၀ မီလီဂရမ်၊ ကစီဓာတ် ၆.၉ ဂရမ် နဲ့ထုံးဓာတ် တစ်နေ့တာလိုအပ်ချက်ရဲ့ ၆% ပါဝင်ပါတယ်။ အုန်းရည်ဟာ အချိုရည်တွေနဲ့ စာရင် ကယ်လိုရီ နည်းတဲ့ အတွက် ကောင်းပါတယ်။ ပုံမှန် အချိုရည် တစ်ဘူးမှာ ၁၂၀-၂၀၀ ကယ်လိုရီခန့်ပါဝင်တာကြောင့် အချိုရည်တွေ သောက်မယ့် အစား အုန်းရည်သောက်တာ ကောင်းပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုတက်တဲ့ သူတွေလည်း အချိုရည် အစား အုန်းရည် ပြောင်းသောက်လို့ရပါတယ်။ ဆားဓာတ် ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန် ပျို့အန်ခြင်းကြောင့် ရေဓာတ်ဆားဓာတ် ဆုံးရှုံးတဲ့ သူတွေ သောက်သင့်ပါတယ်။ ဝမ်းလျှောဝမ်းပျက် ဖြစ်ရင်လည်း ဓာတ်ဆားနဲ့အတူ အုန်းရည်ပါ ဖြည့်သောက်လို့ရပါတယ်။

ကိုယ်ဝန်ရင့်လာတာနဲ့ အမျှ ဖြစ်တတ်တဲ့ ရင်ပူတာနဲ့ဝမ်းချုပ်တာကိုလည်း သက်သာစေပါတယ်။ အရည်ဓာတ်၊ အမျှင်ဓာတ်ပြည့်ဝတဲ့ အတွက် ဝမ်းမှန်စေပါတယ်။ ကိုယ်ခံအားကို လည်း တက်စေနိုင်တာကြောင့် အလွယ်တကူ နှာစေးချောင်းဆိုး ဖြစ်ခြင်း၊ ဖျားနာခြင်း ကို ကာကွယ်ပေးပါတယ်။ ဒါပေမယ့် အုန်းရည်တစ်ခုပဲ သောက်ရမယ်လို့ မဆိုလိုပါဘူး။ ဘယ်အစားအသောက်ကမှ ပြီးပြည့်စုံတဲ့ အာဟာရကို မပေးနိုင်ပါဘူး။ အစားအစာတွေကို မျှတအောင် စားမှ အာဟာရ ပြည့်ဝမှာ ဖြစ်ပါတယ်။

လူတွေ ပြောပြောနေတဲ့ အုန်းရည်သောက်ရင် ကလေး အသားဖြူတယ် ဆံပင်သန်တယ်ဆိုတာတော့ မဟုတ်ပါဘူး။ မိဘမျိုးရိုး နဲ့ပဲ ဆိုင်ပါတယ်။ ကိုယ်ဆံပင်သန်ရင် ကလေးကလည်း ဆံပင်သန်မှာပါပဲ။ အဖေရော အမေရော ဖြူရင် ကလေးလည်း ဖြူပါမယ်။ အုန်းရည်ကတော့ မျိုးရိုးဗီဇ ကို မပြောင်းပေးနိုင်ပါဘူး။
တချို့ပြောတဲ့ အုန်းရည်သောက်ရင် ကိုယ်ဝန်ဆောင် အစာအိမ် အချဉ်ဓာတ်များတယ်ဆိုတာလည်း မဟုတ်ပါဘူး။ အုန်းရည်က သက်တောင် သက်သာစေတာပါ။ ကိုယ်ဝန်ဆောင်ချိန် မှာ ကလေးကြီးလာတာနဲ့အမျှ အစာအိမ်ကို ဖိတာကြောင့် အစာအိမ် အချဉ်ရည်တွေ အပေါ်ဆန်တက်ပြီး ရင်ပူရခြင်း ဖြစ်ပါတယ်။ အဆုံးသတ်ရမယ်ဆိုရင် အုန်းရည်ကကောင်းတယ် ဆိုတိုင်းလည်း နေ့တိုင်း အလွန်အကျွံသောက်တာမျိုး မလုပ်ပါနဲ့။ သင့်တင့်မျှတတဲ့ အာဟာရကသာ အမေ အတွက်ရော ကလေးအတွက်ပါ အကောင်းဆုံး ဖြစ်ပါတယ်။

ကျန်းမာသော ကိုယ်ဝန်ဆောင် ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

Dr.Jasmine

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *