ကဖင်းဓာတ်ဟာ ကလေးတွေအတွက်ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိသလဲ?
ကဖင်းဓာတ်ဟာ ယနေ့ခေတ်မှာ ရေပန်းစားတဲ့ Energy drinks တွေ ကော်ဖီ လက်ဖက်ရည်စတာတွေထဲမှာပါတဲ့ဓာတ်တစ်မျိုးပါ။သူဟာ ဦးနှောက်နဲ့အာရုံကြောကို နှိုးဆွပေးပြီး လန်းဆန်းစေတဲ့အာနိသင်ရှိတာကြောင့် ပြိုင်ဆိုင်မှုပြင်းထန်ပြီးအချိန်ရှားပါးတဲ့ ယနေ့ခေတ်မှာ ရေပန်းစားတာပဲဖြစ်ပါတယ်။
ဒါပေမယ့် ကဖင်းဓာတ်ဟာ ကလေးတွေအပေါ်အကျိုးသက်ရောက်မှုတွေကတော့ သိပ်မကောင်းလှပါဘူး။
(၁)အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေတယ်။
တော်တော်များများသိကြတဲ့အတိုင်းပဲ ညနက်ထိစာကျက်စရာ လုပ်စရာရှိတဲ့နေ့မျိုးတွေမှာ အိပ်ချင်စိတ်ကို ကော်ဖီတစ်ခွက်နဲ့ ကျားကန်ထားဖူးတဲ့လူတွေရှိမှာပါ။ကဖင်းဟာ အိပ်ချင်စိတ်ကိုဟန့်တားထားပါတယ်။ကြီးထွားဖွံ့ဖြိုးမှုအတွက် အိပ်ရေးဝဝအိပ်စက်ဖို့ လိုအပ်တဲ့ကလေးတွေအတွက်တော့ ကဖင်းဟာ အန္တရာယ်ပါ။
(၂)စိုးရိမ်စိတ်ကိုလွန်ကဲစေတယ်။
နဂိုမူလကတည်းက စိုးရိမ်စိတ်လွန်ကဲတဲ့ပြဿ နာရှိတဲ့ကလေးတွေဟာ ကဖင်းကြောင့်ပိုဆိုးနိုင်ပါတယ်။
(၃)နှလုံးကိုဒုက္ခပေးတယ်။
ကဖင်းဟာ နှလုံးခုန်နှုန်းမြန်စေပြီး သွေးဖိအားကိုတက်စေပါတယ်။နှလုံးခုန်မမှန်တဲ့ရောဂါအခံရှိတဲ့ကလေးတွေဟာ ကဖင်းကြောင့် နှလုံးထဖောက်နိုင်ပါတယ်။
(၃)အစာစားချင်စိတ်ကို အနှောင့်အယှက်ပေးတယ်။
ကလေးတစ်ယောက်ပုံမှန်ကြီးထွားဖို့ဟာ သင့်တင့်မျှတတဲ့အာဟာရလိုအပ်ပါတယ်။ကဖင်းပါတဲ့ အစားအသောက်တွေကိုစားတာများသွားတဲ့အခါ အစားအသောက်စားဖို့ အာသီသမရှိတော့တာတွေဖြစ်လာနိုင်တဲ့အတွက် ကြီးထွားဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေပါတယ်။
(၄)အဝလွန်စေပါတယ်။
ကဖင်းပါတဲ့ Energy drinks တွေမှာ သကြားပါဝင်မှုအလွန်များပါတယ်။ဒါဟာ ကလေးငယ်ကို အဝလွန်ခြင်းဖြစ်စေပြီး အရွယ်ရောက်တဲ့အခါလည်း အဝလွန်ခြင်းရဲ့နောက်ဆက်တွဲရောဂါဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
(၅)ရေဓာတ်ခန်းခြောက်စေတယ်။
ကဖင်းဟာ ခန္ဓာကိုယ်ကရေဓာတ်ဆုံးရှုံးမှုကို ပိုဖြစ်စေတဲ့အတွက် ရေဓာတ်ခန်းခြောက်စေပါတယ်။
(၆)ကဖင်းဟာစွဲလမ်းမှုပြဿ နာတစ်မျိုးပါ။
မူးယစ်ဆေးဝါးတွေလိုပဲ ကဖင်းဟာ စွဲလမ်းမှုကိုဖြစ်စေပါတယ်။ကဖင်းဓာတ်မရတဲ့အခါမှာ အနည်းဆုံးခေါင်းကိုက်တာကနေ စိတ်အလိုမကျတာ နုံးခွေနေတာမျိုးအထိဖြစ်စေတတ်ပါတယ်။
ကလေးတွေကို အလွယ်ရတဲ့ Energy drinks တွေ ကော်ဖီ လက်ဖက်ရည်တွေတိုက်မယ့်အစား အာဟာရပြည့်ဝတဲ့ အစားအသောက်ကို ကြပ်မတ်ကျွေးမွေးခြင်းဖြင့် ကျန်းမာသန်စွမ်းတဲ့ကလေးများအဖြစ် ပျိုးထောင်နိုင်မှာပါ။
ဒေါက်တာပွင့်ဖြိုးကျော်
ကဖင္းဓာတ္ဟာ ကေလးေတြအတြက္ဘယ္လိုအက်ိဳးသက္ေရာက္မႈေတြရွိသလဲ?
ကဖင္းဓာတ္ဟာ ယေန႕ေခတ္မွာ ေရပန္းစားတဲ႔ Energy drinks ေတြ ေကာ္ဖီ လက္ဖက္ရည္စတာေတြထဲမွာပါတဲ႔ဓာတ္တစ္မ်ိဳးပါ။သူဟာ ဦးေႏွာက္နဲ႔အာရုံေၾကာကုိ ႏႈိးဆြေပးျပီး လန္းဆန္းေစတဲ႔အာနိသင္ရွိတာေၾကာင့္ ျပိဳင္ဆိုင္မႈျပင္းထန္ျပီးအခ်ိန္ရွားပါးတဲ႔ ယေန႕ေခတ္မွာ ေရပန္းစားတာပဲျဖစ္ပါတယ္။
ဒါေပမယ့္ ကဖင္းဓာတ္ဟာ ကေလးေတြအေပၚအက်ိဳးသက္ေရာက္မႈေတြကေတာ့ သိပ္မေကာင္းလွပါဘူး။
(၁)အိပ္စက္ျခင္းကုိအေႏွာင့္အယွက္ျဖစ္ေစတယ္။
ေတာ္ေတာ္မ်ားမ်ားသိၾကတဲ႔အတိုင္းပဲ ညနက္ထိစာက်က္စရာ လုပ္စရာရွိတဲ႔ေန႕မ်ိဳးေတြမွာ အိပ္ခ်င္စိတ္ကို ေကာ္ဖီတစ္ခြက္နဲ႔ က်ားကန္ထားဖူးတဲ႔လူေတြရွိမွာပါ။ကဖင္းဟာ အိပ္ခ်င္စိတ္ကိုဟန္႕တားထားပါတယ္။ၾကီးထြားဖြ႔ံျဖိဳးမႈအတြက္ အိပ္ေရးဝဝအိပ္စက္ဖို႔ လိုအပ္တဲ႔ကေလးေတြအတြက္ေတာ့ ကဖင္းဟာ အႏၲရာယ္ပါ။
(၂)စိုးရိမ္စိတ္ကိုလြန္ကဲေစတယ္။
နဂိုမူလကတည္းက စိုးရိမ္စိတ္လြန္ကဲတဲ႔ျပႆ နာရွိတဲ႔ကေလးေတြဟာ ကဖင္းေၾကာင့္ပိုဆိုးနိုင္ပါတယ္။
(၃)ႏွလံုးကိုဒုကၡေပးတယ္။
ကဖင္းဟာ ႏွလံုးခုန္ႏႈန္းျမန္ေစျပီး ေသြးဖိအားကိုတက္ေစပါတယ္။ႏွလံုးခုန္မမွန္တဲ႔ေရာဂါအခံရွိတဲ႔ကေလးေတြဟာ ကဖင္းေၾကာင့္ ႏွလံုးထေဖာက္နိုင္ပါတယ္။
(၃)အစာစားခ်င္စိတ္ကို အေႏွာင့္အယွက္ေပးတယ္။
ကေလးတစ္ေယာက္ပံုမွန္ၾကီးထြားဖို႕ဟာ သင့္တင့္မ်ွတတဲ႔အာဟာရလိုအပ္ပါတယ္။ကဖင္းပါတဲ႔ အစားအေသာက္ေတြကိုစားတာမ်ားသြားတဲ႔အခါ အစားအေသာက္စားဖို႔ အာသီသမရွိေတာ့တာေတြျဖစ္လာနိုင္တဲ႔အတြက္ ၾကီးထြားဖြံ႕ျဖိဳးမႈကို အဟန္႔အတားျဖစ္ေစပါတယ္။
(၄)အဝလြန္ေစပါတယ္။
ကဖင္းပါတဲ႔ Energy drinks ေတြမွာ သၾကားပါဝင္မႈအလြန္မ်ားပါတယ္။ဒါဟာ ကေလးငယ္ကို အဝလြန္ျခင္းျဖစ္ေစျပီး အရြယ္ေရာက္တဲ႔အခါလည္း အဝလြန္ျခင္းရဲ႕ေနာက္ဆက္တြဲေရာဂါေဝဒနာေတြကို ခံစားရနိုင္ပါတယ္။
(၅)ေရဓာတ္ခန္းေျခာက္ေစတယ္။
ကဖင္းဟာ ခႏၶာကိုယ္ကေရဓာတ္ဆံုးရႈံးမႈကို ပိုျဖစ္ေစတဲ႔အတြက္ ေရဓာတ္ခန္းေျခာက္ေစပါတယ္။
(၆)ကဖင္းဟာစြဲလမ္းမႈျပႆ နာတစ္မ်ိဳးပါ။
မူးယစ္ေဆးဝါးေတြလိုပဲ ကဖင္းဟာ စြဲလမ္းမႈကိုျဖစ္ေစပါတယ္။ကဖင္းဓာတ္မရတဲ႔အခါမွာ အနည္းဆံုးေခါင္းကိုက္တာကေန စိတ္အလိုမက်တာ ႏုံးေခြေနတာမ်ိဳးအထိျဖစ္ေစတတ္ပါတယ္။
ကေလးေတြကို အလြယ္ရတဲ႔ Energy drinks ေတြ ေကာ္ဖီ လက္ဖက္ရည္ေတြတိုက္မယ့္အစား အာဟာရျပည့္ဝတဲ႔ အစားအေသာက္ကို ၾကပ္မတ္ေကြ်းေမြးျခင္းျဖင့္ က်န္းမာသန္စြမ္းတဲ႔ကေလးမ်ားအျဖစ္ ပ်ိဳးေထာင္နုုိင္မွာပါ။
ေဒါက္တာပြင့္ျဖိဳးေက်ာ္