သားသားမီးမီးခြေထောက်ပေါ်က အနာလေးတွေ

နုနယ်လှတဲ့ ကလေးလေးတွေရဲ့ ခြေထောက်လေးတွေပေါ်မှာ အနာလေးတွေ၊အဖုလေးတွေ၊ယားနာလေးတွေ ဖြစ်လေ့ရှိတာကို ဖေဖေမေမေတို့သိပြီးသားဖြစ်မှာပါ။

အချို့အနာလေးတွေက တစ်ရက်နှစ်ရက်ပေါ်ပြီးပျောက်သွားကာ အချို့ကအတော်ကြာကြာကျန်နေတတ်တာကိုလဲ တွေ့ရမှာပါ။

ဒီတစ်ခေါက်မှာတော့ ကလေးငယ်လေးတွေရဲ့ ခြေထောက်တွေမှာအဖြစ်များတဲ့ အနာလေးတွေအကြောင်းထဲက နှင်းခူ(Eczema)အကြောင်းလေးကို ပြောပြမှာဖြစ်ပါတယ်။

 

နှင်းခူ(Eczema)ဆိုတာ ဘာလဲ

နှင်းခူဆိုတာ ကလေးတွေမှာ အရေပြားဓါတ်မတည့်၍ရောင်ရမ်းခြင်း(Atopic dermatitis or infantile dermatitis)ကြောင့် ဖြစ်ပေါ်လာတဲ့အရေပြားပြဿနာတစ်မျိုးဖြစ်ပါတယ်၊၊

နှင်းခူမှာ အရေပြားနီရဲခြောက်သွေ့ယားယံခြင်းမှနေပြီး အရည်ဖုလေးတွေပေါက်ပြဲပြီးတစိုစိုနဲ့အနာအထိ ဖြစ်နိုင်ပါတယ်။

ဓါတ်မတည့်ခြင်းမှာ ဖုန်၊အစားအစာ၊အဝတ်အစား၊မှို၊ပန်းဝတ်မှုံနဲ့ တိရစ္ဆာန်တို့နှင့် ထိတွေ့မိခြင်း စသည်တို့ပါဝင်ပါတယ်။

ဒီလိုကလေးတွေရဲ့မိသားစုဝင်တွေထဲမှာ ပန်းနာရက်ကြပ်(သို့)ဓါတ်မတည့်တတ်တဲ့ရောဂါရှိသူတွေရှိတတ်ပြီး ဒီကလေးတွေရဲ့ထက်ဝက်ခန့်ဟာလဲ အသက်ကြီးလားတဲ့အခါ အထက်ပါရောဂါတစ်ခုခု ဖြစ်ပေါ်လာတတ်ပါတယ်။

နှင်းခူဟာ ဓါတ်မတည့်ခြင်းမဟုတ်ပဲ ဓါတ်မတည့်ခြင်းရဲ့နောက်ဆက်တွဲဖြစ်လာတဲ့ အရေပြားပြဿနာပဲဖြစ်ပါတယ်။

နှင်းခူကဘယ်လောက်ကြာကြာဖြစ်တတ်သလဲ?

လပိုင်းလောက်နဲ့လဲပျောက်သွားတတ်ပေမယ့် အချို့ဆိုနှစ်နဲ့ချီပြီးကြာတတ်ပါတယ်။

နှင်းခူက ကူးတတ်သလား?

မကူးတတ်ပါဘူး။ကူးစက်ရောဂါ မဟုတ်ပါဘူး။

နှင်းခူမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

နှင်းခူဟာ မျိုးရိုးလိုက်တတ်တဲ့ရောဂါဖြစ်တာကြောင့် လုံးဝမဖြစ်အောင်ကာကွယ်လို့တော့မရပေမယ့် ၎င်းကိုဆွပေးသော မတည့်တဲ့အရာများကိုရှောင်ကြဉ်ခြင်းဖြင့် အဖြစ်နည်းအောင်၊ပိုဆိုးမလာအောင် တားဆီးနိုင်ပါတယ်။

အောက်ပါနည်းလမ်းလေးတွေကို လုပ်ပေးနိုင်ပါတယ်။

၁)ကလေးနှင့်ဓါတ်မတည့်သောအရာများကိုရှောင်ကြဉ်ပါ။

၂။အရေပြားကိုခြောက်သွေ့စေသော ရေနွေးဖြင့်ရေခနခနချိုးပေးခြင်းမှ ရှောင်ကြဉ်ပါ။

၃)သဘာဝဆပ်ပြာများကိုသာသုံးပါ။ဓါတုပစ္စည်းပါဝင်မှုများသော ဆပ်ပြာများကိုရှောင်ပါ။

၄)ရေချိုးပြီးပါက ကြမ်းတမ်းစွာတဘက်ဖြင့်သုတ်ခြင်းကိုရှောင်ပါ။ဖွဖွလေးသာ ရေခြောက်အောင်သုတ်ပေးပါ။

၅)သိုးမွှေး၊ဂွမ်းအထည်များကိုရှောင်၍လေဝင်လေထွက်ကောင်းသော ချည်ထည်လေးများကို ဝတ်ဆင်ပေးပါ။

၆)Moisturizer လိမ်းပေးပါ။ အရက်ပြန်၊ဓါတုပစ္စည်းများမပါဝင်သော moisturizer(cream,lotion,ointment)သို့မဟုတ် သဘာဝမှရသောအသီးအနှံအဆီလေးများကို တစ်ရက်၂ကြိမ်၊၃ကြိမ်လိမ်းပေးနိုင်ပါတယ်။

၇)ကလေးလက်သည်းခြေသည်းလေးများကိုပုံမှန်ညှပ်ပေးခြင်းဖြင့် ယားယံ၍ကုတ်သောအခါ အနာမဖြစ်၊ပိုးမဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၈)ကျပ်ထုပ်၍လှောင်အိုက်သောအဝတ်အထည်များကိုရှောင်ပြီး ပွပွချောင်ချောင်အေးမြသော အထည်များကို ဝတ်ဆင်ပေးပါ။

၉)နို့ ၊ ရေ  များများတိုက်ပေးပါ။

၁၀)ယားယံခြင်းကို သက်သာစေသောဆေးဝါးများ(ဥပမာ-ဘာမီတွန်၊cetirizine)ကို ဆရာဝန်နှင့်ပြသပြီး တိုက်ကျွေးနိုင်ပါတယ်။

ဘယ်အချိန်မှာဆရာဝန်နှင့်ပြသရမလဲ?

၁)မသက်သာပဲကြာနေလျှင်။

၂)အရေပြားတွင်နီရဲရောင်ရမ်း၍ ပြည်တည်လျှင်။

၃)အရည်ဖုများထွက်၍ဖျားကာ အစာ၊ရေ မဝင်လျှင်။

၄)ပိုမိုဆိုးဝါးလာလျှင်။

အထက်ပါ အခြေအနေများဖြစ်ပေါ်ပါက ကလေးဆရာဝန်(သို့)အရေပြားဆရာဝန်နှင့်ပြသ၍ ကုသမှုခံယူသင့်ပါသည်။

dr ye lwin

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…