All Articlesမျိုးဆက်ပွားကျန်းမာရေး

Ectopic Pregnancy

1 Mins read

နေရာလွဲမှား သန္တေတည်ခြင်းများ

ပုံမှန်သဘာဝသန္တေတည်ခြင်း( ကိုယ်ဝန်ရှိခြင်း) တွင် အမျိုးသားသုတ်ပိုးအမျိုးသမီး မျိုးဥ နဲ့ပေါင်း၍ သန္တေအောင်လာသော မျိုးဥ( Fertilized Egg) ဟာ မမျိုးဥ တည်နေရာမှ သားအိမ်လက်တံ ( Fallopian tube) တောက်လျှောက်ဆင်းလာကာ သားအိမ်အတွင်းသားနံရံတွင် အချင်းတွယ်ကပ်လေ့ရှိပါတယ်။
နေရာလွဲမှားသန္တေတည်ခြင်းမှာတော့ မျိုးအောင်တဲ့မမျိုးဥဟာ သားအိမ်အတွင်းနံရံ မဟုတ်ဘဲ အခြားနေရာများတွင် သန္တေတည်ခြင်းဖြစ်ပါတယ်။

အတွေ့အများဆုံးနေရကတော့ သားအိမ်လက်တံအတွင်းမှာဖြစ်ပြီး အခြားသော ဗိုက်ခေါင်းအတွင်း၊ မမျိုးဥအိမ်နေရာ၊ သားအိမ်ခေါင်းအဝ အစရှိတဲ့ ပုံမှန်မဟုတ်တဲ့ နေရာတွေမှာလည်းတွေ့ရတတ်ပါတယ်။

ဘယ်နေရာမှပဲတည်တည် ပုံမှန် သားအိမ်တွင်းမဟုတ်လို့ သန္တေသားကြီးထွားလာတဲ့အခါ လုံလောက်တဲ့နေရာမပေးနိုင်သလို သွေးလည်း လုံလောက်အောင်မပေးနိုင်ပါဘူး။

ဒါကြောင့် သန္တေသားကြီးထွားလာတာနဲ့အမျှ သွေးသွန်ခြင်း၊ အခန့်မသင့်လို့ ပေါက်သွားတဲ့အခါ ( Rupture Ectopic) လို့ခေါ်တဲ့ ဗိုက်တွင်းသွေးထွက်လွန်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်တတ်ပါတယ်။

ပြတတ်တဲ့လက္ခဏာကတော့

  • ကိုယ်ဝန်ရှိတဲ့ ပျို့အန်ခြင်းကလွဲ ဘာလက္ခဏာမှမပြတာဖြစ်နိုင်ပါတယ်။
  • ရာသီလာရမယ့်ရက်ကျော်တာ
  • ရုတ်တရက် ဗိုက်အောက်ပိုင်းမခံမရပ်နိုင်အောင်နာတာ
  • ရုတ်တရက် သတိလစ်တာ ဒါတွေဖြစ်မှသာ နေရာလွဲမှာ သန္တေတည်နေမှန်း ပထမဆုံးသိကြတာလည်း ရှိပါတယ်။

မိမိဖြစ်နိုင်ခြေရှိမရှိကတော့

  • ယခင် နေရာလွဲမှားသန္တေတည်ဖူးတာ
  • သားအိမ် သို့ သားအိမ်လက်တံ ယောင်ယမ်းဖူးတာ
  • သားအိမ်လက်တံ မွေးရာပါ ပုံမှန်မဟုတ်တာ
  • IUD ခေါ် သားအိမ်တွင်းထည့် သားဆက်ခြားနည်းသုံးရင်း ကိုယ်ဝန်ရသွားတာ* ဖြစ်နိုင်ချေ နည်းပါတယ်*
  • ဆေးလိပ်သောက်တတ်တာ တွေ ဒီအချက်တွေရှိနေခဲ့ရင် ဖြစ်နိုင်ခြေများပါတယ်။

နေရာလွဲမှားသန္တေတည်တာရဲ့ နောက်ဆက်တွဲတွေကတော့

ပေါက်ထွက်ခြင်း ( Rupture Ectopic Pregnancy) ဖြစ်ခြင်းပါပဲ။

ဗိုက်ခေါင်းထဲသွေးထွက်တာဖြစ်လို့ သွေးပမာဏ အလွန်များသလို နောက်ကျမှသိတတ်လို့လည်း သွေးအလွန်အမင်းဆုံးရှုံးနေပြီးဖြစ်နေတတ်ပါတယ်။ အချိန်မှီ မကုသရင် အသက်အန္တရာယ်စိုးရိမ် ရတဲ့ ပြသနာတစ်ခုလည်းဖြစ်ပါတယ်။

ကုသမှုအနေနဲ့ကတော့
နေရာလွဲမှာ သန္တေတည်ခြင်းမှာ မျိုးအောင်ထားတဲ့သန္တေသားဟာလည်း ဆက်လက်ကြီးထွားဖွံ့ဖြိုးခြင်းမရှိနိုင်တော့ပါဘူး၊

ဒါကြောင့် မပေါက်ထွက်ခင် ( Rupture ) မဖြစ်ခင်သိရင်တောင်မှ ဒီသန္တေသားအိမ်လေးကို ခွဲထုတ်ပြစ်ဖို့လိုတတ်ပါတယ်။

တကယ်လို့ပေါက်ထွက်သွားရင်တော့ သန္တေတည်နေရာမှာ သားအိမ်လက်တံဖြစ်နေပါက သားအိမ်လက်တံကိုပါ ဖြတ်ထုတ်ပြစ်ရတာမျိုးရှိနိုင်ပါတယ်။

ဒါပေမယ့် သားအိမ် လက်တံရော၊ မမျိုးဥ အိမ်ရောဟာ ၂ဘက်ရှိတာမို့ တစ်ဘက် ခွဲစိတ်ပြီးလထုတ်ရရင်တောင် နောက်တစ်ဘက်နဲ့ ဆက်လက် မျိုးဥ ကြွေခြင်း မျိုးအောင်ခြင်း ကိုယ်ဝန်ရှိခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

ဒါဟာ ကာကွယ်လို့ရတဲ့ ပြသနာတေ့မဟုတ်ပါဘူး။ ဒါကြောင့် ရာသီရက်ကျော်မယ်။ ဗိုက်ဆိုးဆိုးဝါးဝါး အောင့်လာမယ်ဆိုရင်တော့ မိမိ ရာသီကျော်နေတဲ့အကြောင်း သင့်ဆရာဝန်ကို ပြောပြဖို့ မမေ့ပါနဲ့လို့ သတိပေးလိုက်ချင်ပါတယ်။

မယ်တင်( ဆေး ၁)

ေနရာလြဲမွား သေနၱတည္ျခင္းမ်ား

ပံုမွန္သဘာဝသေနၱတည္ျခင္း( ကိုယ္ဝန္ရွိျခင္း) တြင္ အမ်ိဳးသားသုတ္ပိုးအမ်ိဳးသမီး မ်ိဳးဥ နဲ႔ေပါင္း၍ သေနၱေအာင္လာေသာ မ်ိဳးဥ( Fertilized Egg) ဟာ မမ်ိဳးဥ တည္ေနရာမွ သားအိမ္လက္တံ ( Fallopian tube) ေတာက္ေလၽွာက္ဆင္းလာကာ သားအိမ္အတြင္းသားနံရံတြင္ အခ်င္းတြယ္ကပ္ေလ့ရွိပါတယ္။
ေနရာလြဲမွားသေနၱတည္ျခင္းမွာေတာ့ မ်ိဳးေအာင္တဲ့မမ်ိဳးဥဟာ သားအိမ္အတြင္းနံရံ မဟုတ္ဘဲ အျခားေနရာမ်ားတြင္ သေနၱတည္ျခင္းျဖစ္ပါတယ္။

အေတြ႕အမ်ားဆံုးေနရကေတာ့ သားအိမ္လက္တံအတြင္းမွာျဖစ္ၿပီး အျခားေသာ ဗိုက္ေခါင္းအတြင္း၊ မမ်ိဳးဥအိမ္ေနရာ၊ သားအိမ္ေခါင္းအဝ အစရွိတဲ့ ပံုမွန္မဟုတ္တဲ့ ေနရာေတြမွာလည္းေတြ႕ရတတ္ပါတယ္။

ဘယ္ေနရာမွပဲတည္တည္ ပံုမွန္ သားအိမ္တြင္းမဟုတ္လို႔ သေနၱသားႀကီးထြားလာတဲ့အခါ လံုေလာက္တဲ့ေနရာမေပးႏိုင္သလို ေသြးလည္း လံုေလာက္ေအာင္မေပးႏိုင္ပါဘူး။

ဒါေၾကာင့္ သေနၱသားႀကီးထြားလာတာနဲ႔အမၽွ ေသြးသြန္ျခင္း၊ အခန္႔မသင့္လို႔ ေပါက္သြားတဲ့အခါ ( Rupture Ectopic) လို႔ေခၚတဲ့ ဗိုက္တြင္းေသြးထြက္လြန္ၿပီး အသက္အနၱရာယ္စိုးရိမ္ရတဲ့အထိျဖစ္တတ္ပါတယ္။

ျပတတ္တဲ့လကၡဏာကေတာ့

  • ကိုယ္ဝန္ရွိတဲ့ ပ်ိဳ႕အန္ျခင္းကလြဲ ဘာလကၡဏာမွမျပတာျဖစ္ႏိုင္ပါတယ္။
  • ရာသီလာရမယ့္ရက္ေက်ာ္တာ
  • ရုတ္တရက္ ဗိုက္ေအာက္ပိုင္းမခံမရပ္ႏိုင္ေအာင္နာတာ
  • ရုတ္တရက္ သတိလစ္တာ ဒါေတြျဖစ္မွသာ ေနရာလြဲမွာ သေႏၱတည္ေနမွန္း ပထမဆံုးသိၾကတာလည္း ရွိပါတယ္။

မိမိျဖစ္ႏိုင္ေျခရွိမရွိကေတာ့

  • ယခင္ ေနရာလြဲမွားသေနၱတည္ဖူးတာ
  • သားအိမ္ သို႔ သားအိမ္လက္တံ ေယာင္ယမ္းဖူးတာ
  • သားအိမ္လက္တံ ေမြးရာပါ ပံုမွန္မဟုတ္တာ
  • IUD ေခၚ သားအိမ္တြင္းထည့္ သားဆက္ျခားနည္းသံုးရင္း ကိုယ္ဝန္ရသြားတာ* ျဖစ္ႏိုင္ေခ် နည္းပါတယ္*
  • ေဆးလိပ္ေသာက္တတ္တာ ေတြ ဒီအခ်က္ေတြရွိေနခဲ့ရင္ ျဖစ္ႏိုင္ေျခမ်ားပါတယ္။

ေနရာလြဲမွားသေနၱတည္တာရဲ႕ ေနာက္ဆက္တြဲေတြကေတာ့

ေပါက္ထြက္ျခင္း ( Rupture Ectopic Pregnancy) ျဖစ္ျခင္းပါပဲ။

ဗိုက္ေခါင္းထဲေသြးထြက္တာျဖစ္လို႔ ေသြးပမာဏ အလြန္မ်ားသလို ေနာက္က်မွသိတတ္လို႔လည္း ေသြးအလြန္အမင္းဆံုးရႈံးေနၿပီးျဖစ္ေနတတ္ပါတယ္။ အခ်ိန္မွီ မကုသရင္ အသက္အနၱရာယ္စိုးရိမ္ ရတဲ့ ျပသနာတစ္ခုလည္းျဖစ္ပါတယ္။

ကုသမႈအေနနဲ႔ကေတာ့
ေနရာလြဲမွာ သေနၱတည္ျခင္းမွာ မ်ိဳးေအာင္ထားတဲ့သေနၱသားဟာလည္း ဆက္လက္ႀကီးထြားဖြံ႕ၿဖိဳးျခင္းမရွိႏိုင္ေတာ့ပါဘူး၊

ဒါေၾကာင့္ မေပါက္ထြက္ခင္ ( Rupture ) မျဖစ္ခင္သိရင္ေတာင္မွ ဒီသေနၱသားအိမ္ေလးကို ခြဲထုတ္ျပစ္ဖို႔လိုတတ္ပါတယ္။

တကယ္လို႔ေပါက္ထြက္သြားရင္ေတာ့ သေနၱတည္ေနရာမွာ သားအိမ္လက္တံျဖစ္ေနပါက သားအိမ္လက္တံကိုပါ ျဖတ္ထုတ္ျပစ္ရတာမ်ိဳးရွိႏိုင္ပါတယ္။

ဒါေပမယ့္ သားအိမ္ လက္တံေရာ၊ မမ်ိဳးဥ အိမ္ေရာဟာ ၂ဘက္ရွိတာမို႔ တစ္ဘက္ ခြဲစိတ္ၿပီးလထုတ္ရရင္ေတာင္ ေနာက္တစ္ဘက္နဲ႔ ဆက္လက္ မ်ိဳးဥ ေႂကြျခင္း မ်ိဳးေအာင္ျခင္း ကိုယ္ဝန္ရွိျခင္းတို႔ ျပဳလုပ္ႏိုင္ပါတယ္။

ဒါဟာ ကာကြယ္လို႔ရတဲ့ ျပသနာေတ့မဟုတ္ပါဘူး။ ဒါေၾကာင့္ ရာသီရက္ေက်ာ္မယ္။ ဗိုက္ဆိုးဆိုးဝါးဝါး ေအာင့္လာမယ္ဆိုရင္ေတာ့ မိမိ ရာသီေက်ာ္ေနတဲ့အေၾကာင္း သင့္ဆရာဝန္ကို ေျပာျပဖို႔ မေမ့ပါနဲ႔လို႔ သတိေပးလိုက္ခ်င္ပါတယ္။

မယ္တင္( ေဆး ၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သားမွေးပြွန်ထည့်ကွင်း

1 Mins read
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။ ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။ ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။ ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *