အစားအသောက် မူမမှန်သော စိတ်ရောဂါများ(အပိုင်း ၂)
(၁) အစာစားလိုစိတ် မရှိခြင်း(Anorexia nervosa)
လူ ၁၀,၀၀၀ တွင် ၂ ယောက်မှ ၄ ယောက်ခန့်ဖြစ်တတ်ပြီး အမျိုးသမီးများတွင် အတွေ့များသောရောဂါ ဖြစ်ပါသည်။ ဆယ်ကျော်သက် အရွယ်မှစ၍ ဖြစ်ပွားနိုင်ပါသည်။ အများအားဖြင့် အသက် ၁၆-၁၇ အရွယ်များတွင် အတွေ့များပါသည်။
တွေ့ရလေ့ရှိသော လက္ခဏာများမှာ
- အစားအသောက်လျော့နည်းခြင်းကြောင့် ကိုယ်အလေးချိန် ကျဆင်းခြင်း
- ရှိသင့်သည့် ကိုယ်အလေးချိန်၏ ၃ပုံ ၂ပုံ (BMI- 17) ထက် ပိုတက်လာမည်ကိုပင် လက်မခံနိုင်အောင်ဖြစ်ခြင်း
- ပိန်နေသော်လည်း ကိုယ်အလေးချိန်တက်လာမည်ကို အလွန်စိုးရိမ်ခြင်း
- ကိုယ်အလေးချိန်၊ ပုံသဏ္ဍာန်နှင့် ပက်သက်၍ စိတ်အနှောင့်အယှက်ဖြစ်လောက်သော အတွေ့အကြုံများ ကြုံဖူးခြင်း၊ ရုပ်ရည်သာ အဓိကဟု အလွန်အကျွံ ထင်မြင်နေခြင်း
- ၃ လ ကျော်သည်အထိ ဓမ္မတာမလာခြင်း
- လိင်စိတ်ဝင်စားမှု လျော့နည်းခြင်း
ထိုသူများသည် ၎င်းတို့သတ်မှတ်ထားသော ကယ်လိုရီ (အစားအစာပမာဏ) နည်းနည်းကိုသာ စားသုံးခြင်း၊ တစ်ခါတစ်ရံ ပိန်စေသည်ဟုထင်သောနည်းလမ်းများပြုလုပ်ခြင်း (ဥပမာ- စားထားသမျှ အန်ထုတ်ခြင်း၊ ဝမ်းနှုတ်ဆေးများ စားသုံးခြင်း)၊ တစ်ခါတစ်ရံ အလွန်အကျွံစားသုံးခြင်းပင် ရှိတတ်ပါသည်။
ဤရောဂါ ရှိသူများအား ကူညီနိုင်သောနည်းလမ်းများ
- သွေးတွင်း ဆားဓာတ်များစစ်ဆေးကာ လိုအပ်ပါက ကုသမှုပေးရပါမည်။
- စိတ်ဓာတ်ပိုင်း၊ အသိပညာပိုင်းတွင် ခွန်အားတိုးမြင့်လာအောင် ကူညီထောက်ပံ့ပေးရပါမည်။
- ကုသမှုများတွင် မိသားစု၏ ပါဝင်မှုသည်လည်း အလွန်အရေးကြီးပါသည်။ လိုအပ်ပါက စိတ်ကျန်းမာရေး ဆရာဝန်၊ စိတ်ပညာရှင်များနှင့် တိုင်ပင်ကုသရပါမည်။
- လိုအပ်ပါက ဆေးရုံတင်၍ အစားပြန်စားနိုင်အောင် ကူညီပေးရတတ်ပါသည်။
သတိထားသင့်သောအချက်မှာ ထိုဝေဒနာရှင်မျာသည် နှလုံးကျန်းမာရေးအားနည်းတတ်သဖြင့် နှလုံးထိခိုက်စေတတ်သော ဆေးများကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန်လိုအပ်ပါသည်။
ရီချို(ဆေး ၁)
အစားအေသာက္ မူမမွန္ေသာ စိတ္ေရာဂါမ်ား(အပိုင္း ၂)
(၁) အစာစားလိုစိတ္ မရွိျခင္း(Anorexia nervosa)
လူ ၁၀,၀၀၀ တြင္ ၂ ေယာက္မွ ၄ ေယာက္ခန္႔ျဖစ္တတ္ျပီး အမ်ိဳးသမီးမ်ားတြင္ အေတြ႔မ်ားေသာေရာဂါ ျဖစ္ပါသည္။ ဆယ္ေက်ာ္သက္ အရြယ္မွစ၍ ျဖစ္ပြားနိုင္ပါသည္။ အမ်ားအားျဖင့္ အသက္ ၁၆-၁၇ အရြယ္မ်ားတြင္ အေတြ႔မ်ားပါသည္။
ေတြ႔ရေလ့ရွိေသာ လကၡဏာမ်ားမွာ
- အစားအေသာက္ေလ်ာ့နည္းျခင္းေၾကာင့္ ကိုယ္အေလးခ်ိန္ က်ဆင္းျခင္း
- ရွိသင့္သည့္ ကိုယ္အေလးခ်ိန္၏ ၃ပံု ၂ပံု (BMI- 17) ထက္ ပိုတက္လာမည္ကိုပင္ လက္မခံနိုင္ေအာင္ျဖစ္ျခင္း
- ပိန္ေနေသာ္လည္း ကိုယ္အေလးခ်ိန္တက္လာမည္ကို အလြန္စိုးရိမ္ျခင္း
- ကိုယ္အေလးခ်ိန္၊ ပံုသ႑ာန္ႏွင့္ ပက္သက္၍ စိတ္အေနွာင့္အယွက္ျဖစ္ေလာက္ေသာ အေတြ႔အၾကံဳမ်ား ၾကံဳဖူးျခင္း၊ ရုပ္ရည္သာ အဓိကဟု အလြန္အကၽြံ ထင္ျမင္ေနျခင္း
- ၃ လ ေက်ာ္သည္အထိ ဓမၼတာမလာျခင္း
- လိင္စိတ္ဝင္စားမႈ ေလ်ာ့နည္းျခင္း
ထိုသူမ်ားသည္ ၎တို႔သတ္မွတ္ထားေသာ ကယ္လိုရီ (အစားအစာပမာဏ) နည္းနည္းကိုသာ စားသံုးျခင္း၊ တစ္ခါတစ္ရံ ပိန္ေစသည္ဟုထင္ေသာနည္းလမ္းမ်ားျပဳလုပ္ျခင္း (ဥပမာ- စားထားသမွ် အန္ထုတ္ျခင္း၊ ဝမ္းႏႈတ္ေဆးမ်ား စားသံုးျခင္း)၊ တစ္ခါတစ္ရံ အလြန္အကၽြံစားသံုးျခင္းပင္ ရွိတတ္ပါသည္။
ဤေရာဂါ ရွိသူမ်ားအား ကူညီနိုင္ေသာနည္းလမ္းမ်ား
- ေသြးတြင္း ဆားဓာတ္မ်ားစစ္ေဆးကာ လိုအပ္ပါက ကုသမႈေပးရပါမည္။
- စိတ္ဓာတ္ပိုင္း၊ အသိပညာပိုင္းတြင္ ခြန္အားတိုးျမင့္လာေအာင္ ကူညီေထာက္ပံ့ေပးရပါမည္။
- ကုသမႈမ်ားတြင္ မိသားစု၏ ပါဝင္မႈသည္လည္း အလြန္အေရးၾကီးပါသည္။ လိုအပ္ပါက စိတ္က်န္းမာေရး ဆရာဝန္၊ စိတ္ပညာရွင္မ်ားႏွင့္ တိုင္ပင္ကုသရပါမည္။
- လိုအပ္ပါက ေဆးရံုတင္၍ အစားျပန္စားနိုင္ေအာင္ ကူညီေပးရတတ္ပါသည္။
သတိထားသင့္ေသာအခ်က္မွာ ထုိေဝဒနာရွင္မ်ာသည္ ႏွလံုးက်န္းမာေရးအားနည္းတတ္သျဖင့္ နွလံုးထိခိုက္ေစတတ္ေသာ ေဆးမ်ားကို တတ္နိုင္သမွ် ေရွာင္ၾကဥ္ရန္လိုအပ္ပါသည္။
ရီခ်ိဳ(ေဆး ၁)