” ကိုယ်ဝန်ရှိစ သည်ကာလ “

အချိန်မှန်ပွင့်နေကြရာသီပန်းလည်းမပွင့်တော့ဘူး၊ဆီးစစ်တံလေးနဲ့စစ်ကြည့်တော့လည်း နှစ်ကြောင်းပေါ်နေပြီ…ဒီလိုနဲ့ သေချာအောင် ဆေးခန်းပြေးပြတော့လည်း ဆရာဝန်က စမ်းသပ်စစ်ဆေးပြီး ကိုယ်ဝန်ရှိနေကြောင်း အတည်ပြုလိုက်ပြီဆိုပါစို့!

ခုလိုကိုယ်ဝန်ရှိစမှာ မိခင်အလျောင်းအလျာတို့ ဘယ်လိုပြုမူနေထိုင်စားသောက်သင့်လဲ?

ကိုယ်ဝန်အစောပိုင်းကာလအဖြစ်သတ်မှတ်ထားတဲ့ ကိုယ်ဝန်ရှိကာစမှ ကိုယ်ဝန်ပထမ (12 )ပတ်အတွင်း ဆောင်ရန်ရှောင်ရန်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်:

“အစားအစာ”

အားလုံးသိတဲ့အတိုင်းကိုယ်ဝန်ရှိစမှာ မူးဝေပျို့အန်ပြီး အစားစားချင်စိတ်မရှိတာမျိုးဖြစ်တတ်ပါတယ်။ ဒါဟာ သဘာဝဖြစ်စဉ်တစ်ခုဆိုပေမမယ့် ပုံမှန်ကိုယ်ဝန်ဆောင်တွေထက်ပိုမိုဆိုးရွားစားခံစားနေရမယ်၊ အစားလုံးဝမဝင်တော့တဲ့အထိ ပျို့အန်နေမယ်ဆိုရင်တော့ ဆေးခန်းပြဖို့ တိုက်တွန်းလိုပါတယ်။

✅ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့အစားအစာများ ရွေးချယ်စားသုံးပါ။

  • အသီးအနှံနှင့်ဟင်းသီးဟင်းရွက်များ
  • အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများ
  • ကြက်သား၊ဝက်သား၊အမဲသား၊ငါး စတဲ့အသားငါးအမျိုးမျိုး
  • ဒိန်ချဉ်၊နို့၊ချိစ် စတဲ့မို့ထွက်ပစ္စည်းများ
  • အာလူး၊ပေါင်မုန့်၊ထမင်း စသည်..

❌ရှောင်သင့်တဲ့အစားအစာများမှာ

  • အသင့်စား၊အလွယ်စား၊အမြန်စားအစားအစာတွေ Junk Food တွေ တတ်နိုင်သလောက်လျှော့စားပါ။
  • ကော်ဖီ၊လက်ဖက်ရည်၊အင်အားဖြည့်အချိုရည် စသော ကဖင်းဓာတ်ပါတဲ့အရာများကို သတ်မှတ်ပမာဏထက်ပိုမိုမသောက်သုံးသင့်ပါ။(ကိုယ်ဝန်ဆောင်ချိန်တွင် တစ်နေ့လျှင် ကဖင်း ၂၀၀ မီလီဂရမ်အောက်သာ သောက်သုံးသင့်ပါတယ်။)
  • ဆေးလိပ်၊အရက်၊ဘီယာတို့ကို လုံးဝရပ်လိုက်သင့်ပါပြီ။

” အိပ်ချိန် “

❌အိပ်ရေးပျက်မခံပါနဲ့။

✅အိပ်ရေးဝအောင်အိပ်ပါ။ (တစ်နေ့လျှင်အနည်းဆုံး 8 နာရီပြည့်အောင်အိပ်ပါ။)

” အနေအထိုင်နှင့်လေ့ကျင့်ခန်း “

  • ကိုယ်ဝန်ဆောင်ချိန်မှာ နိစ္စဓူဝ အလေးအပင်တွေမနေရတာ၊ ပင်ပင်ပန်းပန်းအလုပ်လုပ်ရတာဟာ မိခင်ရောကလေးအတွက်ပါ မကောင်းတာမှန်ပေမယ့် တနေကုန်တနေခမ်း အိပ်နေ၊လှုပ်ရှားမှုမရှိခြင်းဟာလည်း ကျန်းမာရေးနဲ့မကိုက်ညီပါဘူး။
  • ဒါကြောင့် အရမ်းမပင်ပန်းမယ့်…အိမ်အလုပ် ရုံးအလုပ် နေ့တဓူဝအလုပ်များကို ပုံမှန်လုပ်ဆောင်ပါ။နားချိန်မှာအပြည့်အဝအနားယူပါ။
  • ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကောင်းစေရန် လမ်းလျှောက်ခြင်း အပြင် ကိုယ်ဝန်ဆောင်များနဲ့သင့်လျော်မယ့် လေ့ကျင့်ခန်းများ၊ယောဂကျင့်စဉ်များ ဆောင်ရွက်ပြုလုပ်ပါ။

” ဝတ်စားဆင်ယင်မှု “

ဗိုက်မထွက်သေးတဲ့ကာလဖြစ်တာကြောင့် ဗိုက်ဖုံးအကျီၤဝတ်ဖို့အထိမလိုသေးပေမယ့် မိမိသက်တောင့်သက်သာရှိမယ့် အဝတ်အစားမျိုးရွေးချယ်ဝတ်ဆင်ပါ။

❌ဒေါက်ဖိနပ်စီးခြင်းဟာ ခါးနာစေနိုင်ခြင်း၊မတော်တဆချော်လဲနိုင်သည့်အန္တရာယ်ရှိခြင်းတို့ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဒေါက်ဖိနပ်စီးဖို့မသင့်တော်ပါဘူး။

“ချစ်ချစ်နဲ့”

❌ကိုယ်ဝန်စောပိုင်းကာလ (ပထမ 12 ပတ်မှာ)ချစ်ချစ်နဲ့ ချစ်ရည်လူးခြင်းကို ခေတ္တခဏစောင့်ထိန်းပါ။

❌ မလွှဲမရှောင်သာအခြေအနေမျိုးဖြစ်လာခဲ့ပါကလည်း ကြမ်းတမ်း ပြင်းထန်သော၊ ပုံမှန်မဟုတ်သော ချစ်ရည်လူးသည့်အနေအထား နည်းစနစ်များကို ရှောင်ကြဉ်ပါ။

“အားဆေး “

✅ဆရာဝန်ညွှန်ကြားထားသော ကိုယ်ဝန်ဆောင်အားဆေးများကို မပျက်မကွက်သောက်ပါ။

✅ဆေးရုံရက်ချိန်းပုံမှန်ပြပါ။

မေ (ဆေး ၂)

” ကိုယ္ဝန္႐ွိစ သည္ကာလ “

အခ်ိန္မွန္ပြင့္ေနၾကရာသီပန္းလည္းမပြင့္ေတာ့ဘူး၊ဆီးစစ္တံေလးနဲ႔စစ္ၾကည့္ေတာ့လည္း ႏွစ္ေၾကာင္းေပၚေနၿပီ…ဒီလိုနဲ႔ ေသခ်ာေအာင္ ေဆးခန္းေျပးျပေတာ့လည္း ဆရာဝန္က စမ္းသပ္စစ္ေဆးၿပီး ကိုယ္ဝန္႐ွိေနေၾကာင္း အတည္ျပဳလိုက္ၿပီဆိုပါစို႔!

ခုလိုကိုယ္ဝန္႐ွိစမွာ မိခင္အေလ်ာင္းအလ်ာတို႔ ဘယ္လိုျပဳမူေနထိုင္စားေသာက္သင့္လဲ?

ကိုယ္ဝန္အေစာပိုင္းကာလအျဖစ္သတ္မွတ္ထားတဲ့ ကိုယ္ဝန္႐ွိကာစမွ ကိုယ္ဝန္ပထမ (12 )ပတ္အတြင္း ေဆာင္ရန္ေ႐ွာင္ရန္ေလးေတြကို မ်ွေဝေပးလိုက္ပါတယ္ေနာ္:

“အစားအစာ”

အားလံုးသိတဲ့အတိုင္းကိုယ္ဝန္႐ွိစမွာ မူးေဝပ်ိဳ႕အန္ၿပီး အစားစားခ်င္စိတ္မ႐ွိတာမ်ိဳးျဖစ္တတ္ပါတယ္။ ဒါဟာ သဘာဝျဖစ္စဥ္တစ္ခုဆိုေပမမယ့္ ပံုမွန္ကိုယ္ဝန္ေဆာင္ေတြထက္ပိုမိုဆိုးရြားစားခံစားေနရမယ္၊ အစားလံုးဝမဝင္ေတာ့တဲ့အထိ ပ်ိဳ႕အန္ေနမယ္ဆိုရင္ေတာ့ ေဆးခန္းျပဖို႔ တိုက္တြန္းလိုပါတယ္။

✅က်န္းမာေရးနဲ႔ညီၫြတ္ၿပီး အာဟာရျပည့္ဝတဲ့အစားအစာမ်ား ေရြးခ်ယ္စားသံုးပါ။

  • အသီးအႏွံႏွင့္ဟင္းသီးဟင္းရြက္မ်ား
  • အမ်ွင္ဓာတ္ႂကြယ္ဝေသာအစားအစာမ်ား
  • ၾကက္သား၊ဝက္သား၊အမဲသား၊ငါး စတဲ့အသားငါးအမ်ိဳးမ်ိဳး
  • ဒိန္ခ်ဥ္၊ႏို႔၊ခ်ိစ္ စတဲ့မို႔ထြက္ပစၥည္းမ်ား
  • အာလူး၊ေပါင္မုန္႔၊ထမင္း စသည္..

❌ေ႐ွာင္သင့္တဲ့အစားအစာမ်ားမွာ

  • အသင့္စား၊အလြယ္စား၊အျမန္စားအစားအစာေတြ Junk Food ေတြ တတ္ႏိုင္သေလာက္ေလ်ွာ့စားပါ။
  • ေကာ္ဖီ၊လက္ဖက္ရည္၊အင္အားျဖည့္အခ်ိဳရည္ စေသာ ကဖင္းဓာတ္ပါတဲ့အရာမ်ားကို သတ္မွတ္ပမာဏထက္ပိုမိုမေသာက္သံုးသင့္ပါ။(ကိုယ္ဝန္ေဆာင္ခ်ိန္တြင္ တစ္ေန့လ်ွင္ ကဖင္း ၂၀၀ မီလီဂရမ္ေအာက္သာ ေသာက္သံုးသင့္ပါတယ္။)
  • ေဆးလိပ္၊အရက္၊ဘီယာတို႔ကို လံုးဝရပ္လိုက္သင့္ပါၿပီ။

” အိပ္ခ်ိန္ “

❌အိပ္ေရးပ်က္မခံပါနဲ႔။

✅အိပ္ေရးဝေအာင္အိပ္ပါ။ (တစ္ေန႔လ်ွင္အနည္းဆံုး 8 နာရီျပည့္ေအာင္အိပ္ပါ။)

” အေနအထိုင္ႏွင့္ေလ့က်င့္ခန္း “

  • ကိုယ္ဝန္ေဆာင္ခ်ိန္မွာ နိစၥဓူဝ အေလးအပင္ေတြမေနရတာ၊ ပင္ပင္ပန္းပန္းအလုပ္လုပ္ရတာဟာ မိခင္ေရာကေလးအတြက္ပါ မေကာင္းတာမွန္ေပမယ့္ တေနကုန္တေနခမ္း အိပ္ေန၊လႈပ္႐ွားမႈမ႐ွိျခင္းဟာလည္း က်န္းမာေရးနဲ႔မကိုက္ညီပါဘူး။
  • ဒါေၾကာင့္ အရမ္းမပင္ပန္းမယ့္…အိမ္အလုပ္ ရံုးအလုပ္ ေန႔တဓူဝအလုပ္မ်ားကို ပံုမွန္လုပ္ေဆာင္ပါ။နားခ်ိန္မွွာအျပည့္အဝအနားယူပါ။
  • ခနၶာကိုယ္ေသြးလွည့္ပတ္မႈေကာင္းေစရန္ လမ္းေလ်ွာက္ျခင္း အျပင္ ကိုယ္ဝန္ေဆာင္မ်ားနဲ႔သင့္ေလ်ာ္မယ့္ ေလ့က်င့္ခန္းမ်ား၊ေယာဂက်င့္စဥ္မ်ား ေဆာင္ရြက္ျပဳလုပ္ပါ။

” ဝတ္စားဆင္ယင္မႈ “

ဗိုက္မထြက္ေသးတဲ့ကာလျဖစ္တာေၾကာင့္ ဗိုက္ဖံုးအက်ီၤဝတ္ဖို႔အထိမလိုေသးေပမယ့္ မိမိသက္ေတာင့္သက္သာ႐ွိမယ့္ အဝတ္အစားမ်ိဳးေရြးခ်ယ္ဝတ္ဆင္ပါ။

❌ေဒါက္ဖိနပ္စီးျခင္းဟာ ခါးနာေစႏိုင္ျခင္း၊မေတာ္တဆေခ်ာ္လဲႏိုင္သည့္အႏၱရာယ္႐ွိျခင္းတို႔ေၾကာင့္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေဒါက္ဖိနပ္စီးဖို႔မသင့္ေတာ္ပါဘူး။

“ခ်စ္ခ်စ္နဲ႔”

❌ကိုယ္ဝန္ေစာပိုင္းကာလ (ပထမ 12 ပတ္မွာ)ခ်စ္ခ်စ္နဲ႔ ခ်စ္ရည္လူးျခင္းကို ေခတၱခဏေစာင့္ထိန္းပါ။

❌ မလႊဲမေ႐ွာင္သာအေျခအေနမ်ိဳးျဖစ္လာခဲ့ပါကလည္း ၾကမ္းတမ္း ျပင္းထန္ေသာ၊ ပံုမွန္မဟုတ္ေသာ ခ်စ္ရည္လူးသည့္အေနအထား နည္းစနစ္မ်ားကို ေ႐ွာင္ၾကဥ္ပါ။

“အားေဆး “

✅ဆရာဝန္ၫႊန္ၾကားထားေသာ ကိုယ္ဝန္ေဆာင္အားေဆးမ်ားကို မပ်က္မကြက္ေသာက္ပါ။

✅ေဆးရံုရက္ခ်ိန္းပံုမွန္ျပပါ။

ေမ (ေဆး ၂)

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…

Leave a Reply

Your email address will not be published. Required fields are marked *