နားဖာချေးဆိုတာ ကလော်သင့်တဲ့အရာလား?
အဲ ဖြေရခက်တဲ့မေးခွန်းပဲ။တော်တော်များများကတော့ ကလော်ရမှာပဲလို့ဖြေလိမ့်မယ်။တချို့ကလည်း ကလော်စရာလား ? သူ့ဘာသူနေတဲ့ဟာကိုလို့ဖြေလိမ့်မယ်။
အချို့ကတော့ ယားရင်ကလော်တယ်။ မယားရင် ဒီအတိုင်းထားမယ်လို့ဖြေပါလိမ့်မယ်။
ဘယ်အဖြေက အမှန်ဖြစ်မလဲ???
နားဖာချေးဆိုတာ တကယ်တော့ နားမှာရှိတဲ့ ဆဲလ်အသေလေးတွေပေါင်းပြီးဖြစ်လာတာပါ။သူက မျက်လုံးမှာဆို မျက်တောင်၊ နှာခေါင်းထဲကအမွှေးတွေလိုနားကို
ကာကွယ်ပေးနေပါတယ်။နားထဲနားဖာချေးရှိနေတဲ့အခါ…
၁) နားကို ဖုန်အမှုန်တွေဝင်ရောက်လာရင်နားစည်ကိုမရောက်နိုင်တော့ပါဘူး။
၂) ပိုးကောင်မွှားကောင်လေးတွေ နားအတွင်းထဲမရောက်အောင်ကာကွယ်ပေးပါတယ်။နားဖာချေးလုံးဝမရှိမှနေတတ်တဲ့သူတွေအတွက်ဒီကာကွယ်မှုတွေမရနိုင်တော့ပါဘူး။နားဖာကလော်တဲ့နေရာမှာ နားကြပ်တံလို့ခေါ်တဲ့ ” ဂွမ်းတံလေးတွေနဲ့ကတော့ မလုပ်သင့်ဆုံးပါ။နားဖာချေးဟာသူ့ရဲ့ပင်ကိုယိသဘာဝဖြစ်စဉ်အရ နားအတွင်းကနေ နားအဝဆီကို မေးရိုးလှုပ်ရှားမှုနဲ့အတူုတစ်ဖြည်းဖြည်း ထွက်သွားမှာပါ။ဂွမ် း တံနဲ့ထိုးလိုက်တဲ့အခါ..နားဖာချေးဟာအပြင်ကိုမထွက်နိုင်တော့ဘဲ ပိတ်သွားတတ်ပါတယ်။ အခန့်မသင့်ရင်နားစည်ရှေ့မှာပ်တ်သွားတတ်ပါတယ်။ လက်နဲ့ကလော်တာလည်းတူတူပါပဲ။ နားဖာချေး ပိတ်နေပြီဆိုရင်ပြတတ်တဲ့လကခဏာတွေက
- နားအူလာတယ်။
- နားကိုက်လာတယ်။
- နားထဲ တစ်ခုခုပိတ်နေသလိုဖြစ်လာတယ်။
- ခေါင်းမူးလာတတ်ပါတယ်။
ဒီလို လက္ခဏာတွေပြလာပြီဆိုရင်တော့ နားသန့်ရှင်းရေးလုပ်ဖို့လိုပြီဆိုတာပြနေတာပါ။သန့်ရှင်းရေးလုပ်တဲ့အခါ နားဖာချေးကို အတင်းဆွဲထုတ်ကလော်ထုတ်ရင် နားအနာဖြစ်တာ၊ ပိုးဝင်တာတွေဖြစ်တတ်ပါတယ်။ လုပ်နိုင်တဲ့နည်းလမ်းကတော့
– ကလေးလိမ်းဆီ( Baby Oil) လေးကို နားအတွင်းကို တစ်နေ့ ၂ကြိမ်နဲ့ တစ်ပတ် အစက်ချပေးပါ။ပြီးမှ နားကို မထိခိုက်နိုင်တဲ့ နားကလော်တံ အပျော့လေးနဲ့ သာသာ ဖယ်ရှားနိုင်ပါတယ်။
မယ်တင်( ဆေး ၁)
နားဖာေခ်းဆိုတာ ကေလာ္သင့္တဲ့အရာလား?
အဲ ေျဖရခက္တဲ့ေမးခြန္းပဲ။ေတာ္ေတာ္မ်ားမ်ားကေတာ့ ကေလာ္ရမွာပဲလို႔ေျဖလိမ့္မယ္။တခ်ိဳ႕ကလည္း ကေလာ္စရာလား ? သူ႔ဘာသူေနတဲ့ဟာကိုလို႔ေျဖလိမ့္မယ္။
အခ်ိဳ႕ကေတာ့ ယားရင္ကေလာ္တယ္။ မယားရင္ ဒီအတိုင္းထားမယ္လို႔ေျဖပါလိမ့္မယ္။
ဘယ္အေျဖက အမွန္ျဖစ္မလဲ???
နားဖာေခ်းဆိုတာ တကယ္ေတာ့ နားမွာရွိတဲ့ ဆဲလ္အေသေလးေတြေပါင္းၿပီးျဖစ္လာတာပါ။သူက မ်က္လံုးမွာဆို မ်က္ေတာင္၊ ႏွာေခါင္းထဲကအေမႊးေတြလိုနားကို
ကာကြယ္ေပးေနပါတယ္။နားထဲနားဖာေခ်းရွိေနတဲ့အခါ…
၁) နားကို ဖုန္အမႈန္ေတြဝင္ေရာက္လာရင္နားစည္ကိုမေရာက္ႏိုင္ေတာ့ပါဘူး။
၂) ပိုးေကာင္မႊားေကာင္ေလးေတြ နားအတြင္းထဲမေရာက္ေအာင္ကာကြယ္ေပးပါတယ္။နားဖာေခ်းလံုးဝမရွိမွေနတတ္တဲ့သူေတြအတြက္ဒီကာကြယ္မႈေတြမရႏိုင္ေတာ့ပါဘူး။နားဖာကေလာ္တဲ့ေနရာမွာ နားၾကပ္တံလို႔ေခၚတဲ့ ” ဂြမ္းတံေလးေတြနဲ႔ကေတာ့ မလုပ္သင့္ဆံုးပါ။နားဖာေခ်းဟာသူ႔ရဲ႕ပင္ကိုယိသဘာဝျဖစ္စဥ္အရ နားအတြင္းကေန နားအဝဆီကို ေမးရိုးလႈပ္ရွားမႈနဲ႔အတူုတစ္ျဖည္းျဖည္း ထြက္သြားမွာပါ။ဂြမ္ း တံနဲ႔ထိုးလိုက္တဲ့အခါ..နားဖာေခ်းဟာအျပင္ကိုမထြက္ႏိုင္ေတာ့ဘဲ ပိတ္သြားတတ္ပါတယ္။ အခန္႔မသင့္ရင္နားစည္ေရွ႕မွာပ္တ္သြားတတ္ပါတယ္။ လက္နဲ႔ကေလာ္တာလည္းတူတူပါပဲ။ နားဖာေခ်း ပိတ္ေနၿပီဆိုရင္ျပတတ္တဲ့လကခဏာေတြက
- နားအူလာတယ္။
- နားကိုက္လာတယ္။
- နားထဲ တစ္ခုခုပိတ္ေနသလိုျဖစ္လာတယ္။
- ေခါင္းမူးလာတတ္ပါတယ္။
ဒီလို လကၡဏာေတြျပလာၿပီဆိုရင္ေတာ့ နားသန္႔ရွင္းေရးလုပ္ဖို႔လိုၿပီဆိုတာျပေနတာပါ။သန္႔ရွင္းေရးလုပ္တဲ့အခါ နားဖာေခ်းကို အတင္းဆြဲထုတ္ကေလာ္ထုတ္ရင္ နားအနာျဖစ္တာ၊ ပိုးဝင္တာေတြျဖစ္တတ္ပါတယ္။ လုပ္ႏိုင္တဲ့နည္းလမ္းကေတာ့
– ကေလးလိမ္းဆီ( Baby Oil) ေလးကို နားအတြင္းကို တစ္ေန႔ ၂ႀကိမ္နဲ႔ တစ္ပတ္ အစက္ခ်ေပးပါ။ၿပီးမွ နားကို မထိခိုက္ႏိုင္တဲ့ နားကေလာ္တံ အေပ်ာ့ေလးနဲ႔ သာသာ ဖယ္ရွားႏိုင္ပါတယ္။
မယ္တင္( ေဆး ၁)