All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

မိန်းကလေးချင်းမို့ လက်တို့ပြောရဦးမယ်။ ( အပိုင်း ၁)

1 Mins read

မိန်းကလေးချင်းမို့ လက်တို့ပြောရဦးမယ်။ ( အပိုင်း ၁)

အမျိုးသမီးလစဉ်သုံးပစ္စည်း Tampon လေးအကြောင်း

တီထွင်ဆန်းသစ်မှုတွေတိုးတက်လာတာနဲ့အတူ မိန်းကလေးတွေလစဉ် ရာသီလာတယ်ဆိုတဲ့ ကိစ္စဟာလည်း စိတ်ညစ်စရာသိပ်မကောင်းတော့ပါဘူး။ ယနေ့ခေတ်အလုပ်လုပ်နေတဲ့ မိန်းကလေးတော်တော်များများဟာ ရာသီလာရင်းနဲ့ပဲ အလုပ်သွားကြတယ်။ အားကစားလုပ်ကြတယ်။ နောက်မဖြစ်နိုင်ဘူးလို့ထင်ထားတဲ့တစ်ခုက ရာသီလာစဉ် ရေကူးကြတယ်။ ပင်လယ်သွားကြတယ်။

ဒါဟာလစဉ်သုံးပစ္စည်းတွေဆန်းသစ်လာလို့ပါပဲ။

*Tampon ဆိုတာဘာလဲ?

Tampon ဆိုတာ ပြင်သစ်စကားလုံး Tampion ကဆင်းသက်လာပြီး အဓိပါယ်အနေနဲ့ အပေါက်ဝတစ်ခုကို ပိတ်ဆို့တဲ့ ပစ္စည်းလို့ဆိုပါတယ်။ တကယ်ကတော့ ရာသီလာစဉ် ရာသီသွေးတွေ စုပ်ယူထားနိုင်တဲ့ မိန်းမကိုယ်ထဲထည့်ထားရတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းပါပဲ။

*ဘယ်လိုအချိန်တွေမှာသုံးမလဲ?

ခုနကပြောသလို တစ်လတစ်ခါရာသီလာတိုင်းသုံးလို့ရပါတယ်။ အထူးသဖြင့်တော့ အားကစားလုပ်တဲ့အချိန်၊ ရေကူးတဲ့အချိန်၊ အခြားရေဆော့ကစားတဲ့အချိန်(ဥပမာ_ မြန်မာနိုင်ငံမှာဆို သင်္ကြန်လိုအချိန်မျိုး) မှာသုံးနိုင်ပါတယ်။

ဒါကိုကြည့်မယ်ဆို မိန်းကလေးတွေအနေနဲ့ ရာသီလာလို့ ရေမကစားရဘူးဆိုတာမျိုး မရှိတော့ဘူးပေါ့နော်။

* စသုံးမယ်ဆိုသိထားသင့်တာတွေက ဘာတွေလဲ?

ချစ်ညီအစ်မတို့အနေနဲ့ မိန်းမကိုယ်ထဲထည့်ပြီးသုံးရတယ်ဆိုတာ သိထားရပါမယ်။

ထည့်ပုံထည့်နည်းသိထားရပါမယ်။

* ရွေးချယ်ဝယ်ယူမယ်ဆိုရင်?

အမျိုးအစား( ၂) မျိုးရှိပါတယ်။ ထည့်တဲ့အတံ( Applicator ) ပါတာ နဲ့ မပါတာပါ။ စသုံးမယ်ဆို Applicator ပါတာ အရင်သုံးကြည့်ပါ။ ထည့်ရလွယ်လို့ပါ။

နောက်တစ်ခုရွေးချယ်ဖို့က Flow လို့ခေါ်တဲ့ ရာသီ အနည်းအများ။ ရာသီ ပထမ (၂) ရက် ရာသီများတဲ့ရက်မှာသုံးဖို့ဆို * Heavy Flow* ရာသီနည်းတဲ့ပေါ့ပေါ့ပါးပါးရက်တွေ သုံးဖို့က *Light Flow* တစ်ချို့ကလည်း Heavy Flow ဟာ နဲနဲပိုပြီး နေရခက်တာမို့ Light flow ကို မကြာခဏလဲသုံးတာလည်းရှိတတ်ပါတယ်။

ရာသီအရမ်းများတတ်တဲ့လူဆိုရင်တော့ Heavy flow သူံးတာတောင် အပြင်လျှံထွက်တာဖြစ်တတ်လို့ လစဉ်သုံး ဂွမ်း ( Sanitary pad) နဲ့ Tampon ကို တွဲသုံးကြပါတယ်။

* Tampon ကိုဘယ်လိုထည့်မလဲ?

အရင်ဆုံး လက်ကိုဆပ်ပြာနဲ့ဆေးပါ။ အနေအထားကတော့ ရိုးရိုးအိမ်သာဖြစ်ပါက ဆောင့်ကြောင့်ထိုင်၍ဖြစ်စေ ၊ ဘိုထိုင်ဖြစ်ပါက ခြေထောက်၂ချောင်း ကား၍ ဖြစ်စေထိုင်ထားပေးပါ။

မိန်းမကိုယ်အဝကိုရှာပါ။ အရှေ့ဆုံး ဆီးလမ်းကြောင်းရဲ့ နောက်နားမှာရှိတတ်ပါတယ်။

ရာသီသွေးထွက်နေတဲ့နေရာကိုကြည့်ပြီးလည်းသိနိုင်ပါတယ်။

မိန်းမကိုယ်အဝ သန့်စင်စေရန် Tissue အသန့်နဲ့သုတ်ပေးပါ။

ပြီးရင် Tampon အလယ်ကို လက်ညိုး ၊ လက်မနဲ့ ကိုင်ပါ။ Tampon အဆုံး ကို လက်ညိုးနဲ့ ထိန်းထားပါ။

ကြိုးပါတဲ့ ဘက်ကိုအပြင်မှာထားပြီး Tampon ထိပ်ကို မိန်းမကိုယ်ထဲ ရောက်အောင်ထည့်လိုက်ပါ

ခုနက လက်ညိုးနဲ့ကိုင်ထားတဲ့ ထည့်တဲ့အတံ ( Applicator) ငို ဖိချလိုက်ပါ။ ဒါဆို Tampon က အထဲကိုနေရာတကျရောက်သွားပါပြီ။

ပြီးမှ Applicator ကို အပြင်ကိုဆွဲထုတ်လိုက်ပါ။

Tampon ကို ၄နာရီခြားတစ်ခါလဲလှည်ပေးမှ ပိုးမဝင်မှာဖြစ်ပါတယ်။ ထုတ်တဲ့ အချိန်မှာလဲ ကြိုးစလေးဆွဲလိုက်ရုံနဲ့အလွယ်တကူထွက်လာမှာပါ။

Tampon အကြောင်းလေး စုံပြီထင်ပါတယ် ချစ်တို့ရေ။ Tampon နဲ့ ပတ်သက်တဲ့ အယူအဆ မှားတွေကတော့ ဆက်ရန် ရှိပါသည်လို့။

စောင့်ဖတ်ပေးကြပါဦးနော်။

မယ်တင်( ဆေး ၁)

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *