သတိ “၁၈နှစ်အောက်မဖတ်ရ” ( အပိုင်း _၁)

ဒီခေါင်းစဉ်တပ်ပြီးပြီဆိုတော့ ဆောင်းပါးအကြောင်းအရာဟာ လိင်မှုကိစ္စပဲဖြစ်မယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။

အိမ်ထောင်ကျပြီး စုံတွဲတွေမှာ လူမသိသူမသိ ကိစ္စရပ်တွေ၊ ဖော်ထုတ်မပြဝံ့တဲ့ လျှို့ဝှက်ဖွယ်ကိစ္စတွေကြောင့် တချို့ အိမ်ထောင်ရေးတွေဟာ အဆင်မပြေဖြစ်ကြရပါတယ်။ အဲ့ပြသနာတွေထဲကမှ အဖြစ်များတဲ့ပြသနာတခုအကြောင်း ပြောပြချင်ပါတယ်။

” လိင်ဆက်ဆံစဉ်အမျိုးသမီးမှ နာကျင်ခြင်း” တဲ့ !! ဖြစ်နိုင်ပါ့မလား? လိင်ဆက်ဆံတယ်ဆိုတာ ယောကျာ်းရော၊ မိန်းမရော သာယာမှုတစ်ခုရတယ်လို့ တော်တော်များများသိထားကြပါတယ်။ဒါပေမယ့် တချို့အမျိုးသမီးတွေဟာ အိမ်ထောင်ဖက် အမျိုးသားကို ဒီ ဆက်ဆံစဉ် နာကျင်မှာကို ကြောက်လို့ပဲ ရှောင်ဖယ်ဖယ်လုပ်တတ်ကြပါတယ်။

ဒီ လိင်ဆက်ဆံစဉ်နာကျင်ခြင်းဟာ လိင်ဆက်ဆံလိုက်တိုင်း စူးစူးဝါးဝါးဖြစ်စေ၊ အောင့်တောင့်တောင့်ဖြစ်စေ မိန်းမကိုယ်နဲ့ သားအိမ်နေရာမှ နာကျင်ခြင်းကိုဆိုလိုပါတယ်၊

ဖြစ်ရခြင်းတွေကတော့

စိတ်ပိုင်းဆိုင်ရာအနေနဲ့
ငယ်စဉ်ကလေးဘဝက လိင်အလွဲသုံးစား လုပ်ခံရဘူးလို့ ( လိင်ဆက်ဆံစဉ်နာကျင်သူတိုင်းကို မဆိုလိုပေမယ့် ကလေးဘဝမှာ ဒါမျိုးဖြစ်ခဲ့ဘူးသူတွေမှာ အတွေ့များတတ်ပါတယ်)

လိင်ဆက်ဆံမှုနဲ့ ပတ်သက်လို့ အပြစ်ရှိသလို၊ ရှက်သလို ခံစားချက်မျိုးရှိနေလို့ ( ပထမ အကြိမ်ဆက်ဆံလ်ုဖြစ်စေ၊ စိတ်လုံခြုံမှုမရှိတဲ့ ပတ်ဝန်းကျင်၊ အချိန်အခါမျိုူမှာ ဆက်ဆံမိရင် မိန်းမကိုယ် ကြွက်သားက အဆင်သင့်မဖြစ်ဘဲ နာကျင်စေနိုင်ပါတယ်)

စိတ်ဓာတ်ကျတာ၊ စိတ်ပူပင်ကြောင့်ကြမှုတွေများနေတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

အချစ်ရည်ကြည်( Lubricant) လုံလောက်စွာမထွက်ခြင်း
လိင်ဆက်ဆံချိန်မှာ အချစ်ရည်ကြည်လို့တင်စားခေါ် လို့ရတဲ့ အတူနေစဉ် နာကျင်မှုမဖြစ်အောင် အမျိုးသမီးဆီမှ အရည်ကြည်ထွက်ပါတယ်။ ဆက်ဆံမှု မပြုခင်( Foreplay) လို့ခေါ်တဲ့ နှိုးဆွခြင်းလုံလောက်စွာမရှိဘဲ ဆက်ဆံလို့ဖြစ်နိုင်သလို၊ အမျိုးသမီးများ သွေးဆုံးပြီးချိန်၊ ကလေးမွေး၊ နို့တိုက်နေချိန်မှာလည်း သဘာဝအားဖြင့် ထွက်တာနည်းသွားတတ်ပါတယ်။

သောက်နေတဲ့ ဆေးတွေကို ပြန်ဆန်းစစ်ကြည့်ပါ။

စိတ်ကျဆေးတွေ၊ သွေးပေါင် တက်လို့သောက်ရတဲ့ဆေးတွေ၊ အိပ်ဆေးတွေ၊ ယားယံသက်သာစေတဲ့ဆေးတွေ၊ အချို့သော ကိုယ်ဝန်တားဆေးတွေရဲ့ဘေးထွက်ဆိုူကျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဆရာဝန်ကို သင်သောက်နေတဲ့ ဆေးတွေပြပြီး ဆွေးနွေးကြည့်ပါ။

မိန်းမကိုယ်နားတစ်ဝှိက် ဒဏ်ရာရဘူးလား?

မွေးလမ်းကြောင်းချဲ့ဖူးလား စဉ်းစားကြည့်ပါ။

ဒဏ်ရာရဖူးရာကနေ နာကျင်နေခြင်းမျိုးလည်း ဖြစ်နိုင်ပါတယ်။

မိန်းမကိုယ် ပိုးဝင်နေပါသလား?
လိင်ဆက်ဆံစဉ်နာကျင်ခြင်းအပြင် အဖြူဆင်းခြင်း၊ ဆီးပူဆီးကျင်ခြင်ူတိုနဲ့ တွဲဖြစ်တတ်ပါတယ်။

မွေးရာပါ ပြသနာတစ်ခုခုရှိနေပါသလား?
တချို့တွင် မိန်းမကိုယ်အပေါက်ပြည့်ဝစွာပါမလာခြင်း၊ အပျိုအမှေးပါး မပေါက်ဘဲ ထူထဲစွာရှိနေခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။

အချို့သော သားအိမ်ပြသနာများ ရှိနေပါသလား?
သားအိမ်ကျခြင်း၊ သားအိမ်ယောင်ခြင်း၊ သားအိမ်တွင်း အသားလုံးရှိခြင်း၊ မမျိုးဥ အိမ်ရေအိပ်ရှိခြင်းတို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။

ကုသမှုတွေကတော့
ဆရာဝန်က သင့်ကို မိန်းမကိုယ်ပိုးဝင်ခြင်း၊ သားအိမ်ပုံမှန်ဟုတ်မဟုတ် အဖြေရှာပေးပါလိမ့်မယ်။

ဆေးကုသမှုအနေနဲ့
သွေးဆုံးပြီးလို့ နာကျင်ခြင်းမျိုးဆိုရင် Oestrogen ဟော်မုန်းလိမ်းဆေးပေးတာ၊ မိန်းမကိုယ် ကြွက်သားလျော့စေတဲ့ လေ့ကျင့်ခန်းမျိုး ကျင့်ပေးတာ၊ အိမ်ထောင်ဖက်အချင်းချင်း ဖေးမကူညီပြီး အတူဖြေရှင်းတာ၊ Lubricant လို့ခေါ်တဲ့ ပြင်ပ ချောဆီ အကူအညီယူတာ၊ ပိုးဝင်ခြင်းတွေအတွက် ပိုးသတ်ဆေးသောက်တာတွေ နဲ့ ပြသနာကို ဖြေရှင်းနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ ဒီကိစ္စမျိုးဟာ အိမ်ထောင်ဖက် ၂ဦးလုံးပွင်းပွင်းလင်းလင်းဆွေးနွေးပြီး၊ နွေးနွေးထွေးထွေး ဖြေရှင်းသင့်ကြောင်း အကြံပေးချင်ပါတယ်။

မယ်တင်( ဆေး ၁)

သတိ “၁၈ႏွစ္ေအာက္မဖတ္ရ” ( အပိုင္း _၁)

ဒီေခါင္းစဥ္တပ္ၿပီးၿပီဆိုေတာ့ ေဆာင္းပါးအေၾကာင္းအရာဟာ လိင္မႈကိစၥပဲျဖစ္မယ္ဆိုတာ ခန္႔မွန္းလို႔ရပါတယ္။

အိမ္ေထာင္က်ၿပီး စုံတြဲေတြမွာ လူမသိသူမသိ ကိစၥရပ္ေတြ၊ ေဖာ္ထုတ္မျပဝံ့တဲ့ လၽွို႔ဝွက္ဖြယ္ကိစၥေတြေၾကာင့္ တခ်ိဳ႕ အိမ္ေထာင္ေရးေတြဟာ အဆင္မေျပျဖစ္ၾကရပါတယ္။ အဲ့ျပသနာေတြထဲကမွ အျဖစ္မ်ားတဲ့ျပသနာတခုအေၾကာင္း ေျပာျပခ်င္ပါတယ္။

” လိင္ဆက္ဆံစဥ္အမ်ိဳးသမီးမွ နာက်င္ျခင္း” တဲ့ !! ျဖစ္ႏိုင္ပါ့မလား? လိင္ဆက္ဆံတယ္ဆိုတာ ေယာက်ာ္းေရာ၊ မိန္းမေရာ သာယာမႈတစ္ခုရတယ္လို႔ ေတာ္ေတာ္မ်ားမ်ားသိထားၾကပါတယ္။ဒါေပမယ့္ တခ်ိဳ႕အမ်ိဳးသမီးေတြဟာ အိမ္ေထာင္ဖက္ အမ်ိဳးသားကို ဒီ ဆက္ဆံစဥ္ နာက်င္မွာကို ေၾကာက္လို႔ပဲ ေရွာင္ဖယ္ဖယ္လုပ္တတ္ၾကပါတယ္။

ဒီ လိင္ဆက္ဆံစဥ္နာက်င္ျခင္းဟာ လိင္ဆက္ဆံလိုက္တိုင္း စူးစူးဝါးဝါးျဖစ္ေစ၊ ေအာင့္ေတာင့္ေတာင့္ျဖစ္ေစ မိန္းမကိုယ္နဲ႔ သားအိမ္ေနရာမွ နာက်င္ျခင္းကိုဆိုလိုပါတယ္၊

ျဖစ္ရျခင္းေတြကေတာ့

စိတ္ပိုင္းဆိုင္ရာအေနနဲ႔
ငယ္စဥ္ကေလးဘဝက လိင္အလြဲသံုးစား လုပ္ခံရဘူးလို႔ ( လိင္ဆက္ဆံစဥ္နာက်င္သူတိုင္းကို မဆိုလိုေပမယ့္ ကေလးဘဝမွာ ဒါမ်ိဳးျဖစ္ခဲ့ဘူးသူေတြမွာ အေတြ႕မ်ားတတ္ပါတယ္)

လိင္ဆက္ဆံမႈနဲ႔ ပတ္သက္လို႔ အျပစ္ရွိသလို၊ ရွက္သလို ခံစားခ်က္မ်ိဳးရွိေနလို႔ ( ပထမ အႀကိမ္ဆက္ဆံလ္ုျဖစ္ေစ၊ စိတ္လံုျခံဳမႈမရွိတဲ့ ပတ္ဝန္းက်င္၊ အခ်ိန္အခါမ်ိဳူမွာ ဆက္ဆံမိရင္ မိန္းမကိုယ္ ၾကြက္သားက အဆင္သင့္မျဖစ္ဘဲ နာက်င္ေစႏိုင္ပါတယ္)

စိတ္ဓာတ္က်တာ၊ စိတ္ပူပင္ေၾကာင့္ၾကမႈေတြမ်ားေနတာေတြေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။

အခ်စ္ရည္ၾကည္( Lubricant) လံုေလာက္စြာမထြက္ျခင္း
လိင္ဆက္ဆံခ်ိန္မွာ အခ်စ္ရည္ၾကည္လို႔တင္စားေခၚ လို႔ရတဲ့ အတူေနစဥ္ နာက်င္မႈမျဖစ္ေအာင္ အမ်ိဳးသမီးဆီမွ အရည္ၾကည္ထြက္ပါတယ္။ ဆက္ဆံမႈ မျပဳခင္( Foreplay) လို႔ေခၚတဲ့ ႏႈိးဆြျခင္းလံုေလာက္စြာမရွိဘဲ ဆက္ဆံလို႔ျဖစ္ႏိုင္သလို၊ အမ်ိဳးသမီးမ်ား ေသြးဆံုးၿပီးခ်ိန္၊ ကေလးေမြး၊ ႏို႔တိုက္ေနခ်ိန္မွာလည္း သဘာဝအားျဖင့္ ထြက္တာနည္းသြားတတ္ပါတယ္။

ေသာက္ေနတဲ့ ေဆးေတြကို ျပန္ဆန္းစစ္ၾကည့္ပါ။

စိတ္က်ေဆးေတြ၊ ေသြးေပါင္ တက္လို႔ေသာက္ရတဲ့ေဆးေတြ၊ အိပ္ေဆးေတြ၊ ယားယံသက္သာေစတဲ့ေဆးေတြ၊ အခ်ိဳ႕ေသာ ကိုယ္ဝန္တားေဆးေတြရဲ႕ေဘးထြက္ဆိုူက်ိဳးေၾကာင့္ျဖစ္ႏိုင္ပါတယ္။ ဆရာဝန္ကို သင္ေသာက္ေနတဲ့ ေဆးေတြျပၿပီး ေဆြးေႏြးၾကည့္ပါ။

မိန္းမကိုယ္နားတစ္ဝွိက္ ဒဏ္ရာရဘူးလား?

ေမြးလမ္းေၾကာင္းခ်ဲ့ဖူးလား စဥ္းစားၾကည့္ပါ။

ဒဏ္ရာရဖူးရာကေန နာက်င္ေနျခင္းမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။

မိန္းမကိုယ္ ပိုးဝင္ေနပါသလား?
လိင္ဆက္ဆံစဥ္နာက်င္ျခင္းအျပင္ အျဖဴဆင္းျခင္း၊ ဆီးပူဆီးက်င္ျခင္ူတိုနဲ႔ တြဲျဖစ္တတ္ပါတယ္။

ေမြးရာပါ ျပသနာတစ္ခုခုရွိေနပါသလား?
တခ်ိဳ႕တြင္ မိန္းမကိုယ္အေပါက္ျပည့္ဝစြာပါမလာျခင္း၊ အပ်ိဳအေမွးပါး မေပါက္ဘဲ ထူထဲစြာရွိေနျခင္းတို႔ေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

အခ်ိဳ႕ေသာ သားအိမ္ျပသနာမ်ား ရွိေနပါသလား?
သားအိမ္က်ျခင္း၊ သားအိမ္ေယာင္ျခင္း၊ သားအိမ္တြင္း အသားလံုးရွိျခင္း၊ မမ်ိဳးဥ အိမ္ေရအိပ္ရွိျခင္းတို႔ေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။

ကုသမႈေတြကေတာ့
ဆရာဝန္က သင့္ကို မိန္းမကိုယ္ပိုးဝင္ျခင္း၊ သားအိမ္ပံုမွန္ဟုတ္မဟုတ္ အေျဖရွာေပးပါလိမ့္မယ္။

ေဆးကုသမႈအေနနဲ႔
ေသြးဆံုးၿပီးလို႔ နာက်င္ျခင္းမ်ိဳးဆိုရင္ Oestrogen ေဟာ္မုန္းလိမ္းေဆးေပးတာ၊ မိန္းမကိုယ္ ႂကြက္သားေလ်ာ့ေစတဲ့ ေလ့က်င့္ခန္းမ်ိဳး က်င့္ေပးတာ၊ အိမ္ေထာင္ဖက္အခ်င္းခ်င္း ေဖးမကူညီၿပီး အတူေျဖရွင္းတာ၊ Lubricant လို႔ေခၚတဲ့ ျပင္ပ ေခ်ာဆီ အကူအညီယူတာ၊ ပိုးဝင္ျခင္းေတြအတြက္ ပိုးသတ္ေဆးေသာက္တာေတြ နဲ႔ ျပသနာကို ေျဖရွင္းႏိုင္ပါတယ္။

ေနာက္ဆံုးအေနနဲ႔ ဒီကိစၥမ်ိဳးဟာ အိမ္ေထာင္ဖက္ ၂ဦးလံုးပြင္းပြင္းလင္းလင္းေဆြးေႏြးၿပီး၊ ေႏြးေႏြးေထြးေထြး ေျဖရွင္းသင့္ေၾကာင္း အၾကံေပးခ်င္ပါတယ္။

မယ္တင္( ေဆး ၁)

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *