တစ်လတစ်ခါ ကိုက်ခဲတဲ့ ပြသနာကို ပေါ့ပေါ့လေး သဘောထားသင့်လား?

ရာသီလာချိန်ပထမ ၂ရက်၊ ၃ရက်မှာ ဗိုကိအောက်ပိုင်းနေရာကိုက်ခဲခြင်းကို မိန်းကလေးအများစုခံစားရလေ့ရှိပါတယ်။

ဒါဟာ ရာသီလာစဉ်သားအိမ်ကျုံ့ခြင်းကြောင့် သားအိမ်ဆီသွေးမရောက်တဲ့ ခဏမှာ နာကျင်ခြင်းခံစားရတတ်တဲ့ ^^သဘာဝ^^ရာသီလာကိုက်ခဲခြင်း( Primary dysmenorrhoea) ဖြစ်နိုင်သလိုရောဂါတစ်ခုခု ကြောင့်နောက်ဆက်တွဲကိုက်ခဲခြင်း(Secondary dysmenorrhoea)မျိုးလည်းဖြစ်နိုင်ပါတယ်။

ရာသီလာလျှင် ကိုက်ခဲခြင်းနောက်ကွယ်မှာ

  • သားအိမ်တွင်း အသားလုံးတည်နေခြင်း
  • သားအိမ်တွင်း ပိုးဝင်ယောင်ယမ်းခြင်း
  • သားအိမ် တစ်ရူးအခြားနေရာရောက်နေခြင်း
  • သားအိမ်ခေါင်းအလွန်ကျဉ်းနေခြင်းတိူ့ ရှိနေတတ်ပါတယ်။

အများအားဖြင့် ရောဂါကြောင့် ကိုက်ခဲခြင်းများသည် အလွန်ပြင်းထန်ပြီး အစားအသောက်ပျက်ခြင်း၊ အန်ခြင်းတို့နှင့်ပါတွဲနေတတ်ပါသည်။

အထက်ဖော်ပြပါ ပြသနာတွေနဲ့ တွဲပြီးဖြစ်မဖြစ် သိဖို့ဆိုတာ

  • ကွန်ပြူတာဓာတ်မှန်( Ultrasound) ရိုက်ကြည့်ခြင်း
  • ဆရာဝန်မှ မိန်းမကိုယ် စမ်းသပ်စစ်ဆေးမှုပြုပေးခြင်း တို့နှင့်သာ အတိအကျ ခွဲခြားသိနိုင်ပါတယ်။

တကယ်လို့ ကိုက်ခဲခြင်းဟာ ^^သဘာဝရာသီကိုက်ခဲခြင်း^^ သေချာပြီဆိုရင်တော့ သက်သာမယ့် နည်းလမ်းလေးတွေရှိပါတယ်။

  • အတတ်နိုင်ဆုံးအနားယူပါ။
  • ဗိုက်အောက်ပိုင်းကို သွေးလည်ပတ်မှုကောင်းအောင် အသာအယာနှိပ်နယ်ပေးပါ။
  • ပြင်းထန်လျှင် ဆရာဝန်နဲ့တိုက်ပင်ပြီး အကိုက်အခဲပျောက်ဆေးသောက်ပါ။
  • ရေနွေးအိတ်ကပ်ပါ။
  • အရက်၊ ကော်ဖီရှောင်ကြည်ပါ။

ပြင်းထန်သောကိုက်ခဲမှုများတွင်မူ ဆရာဝန်မှ သန္တေတားဆေးကဲ့သို့ ဟော်မုန်းဆေးပေး၍ ရာသီလာကိုက်ခဲခြင်းကိုသက်သာအောင် ညွှန်ကြားပေးတတ်ပါတယ်။

ခုဆို တစ်လတစ်ခါ ကိုက်ခဲတာဟာလည်း မပေါ့သင့်ဘူးဆိုတာ သိလောက်ပြီလို့ထင်ပါတယ်။

မယ်တင်(ဆေး ၁)





  • သားအိမ်ခေါင်းအလွန်ကျဉ်းနေခြင်းတို့ ရှိနေတတ်ပါတယ်။





  • ရေနွေးအိတ်ကပ်ပါ။



မယ်တင်(ဆေး ၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သားမွေးပြွန်ထည့်ကွင်း

1 Mins read
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။ ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။ ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။ ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *