အချိန်အခါမဟုတ် ပွင့်သောပန်း

မေလေးတစ်ယောက် စိတ်ရှုပ်နေသည်။ လွန်ခဲ့တဲ့ တစ်ပတ်ကမှရာသီလာထားသေးတယ်။ အခုလည်းရာသီပြန်လာနေပြန်ပီ။

ဒီတစ်ခါတော့မဖြစ်တော့ဆေးခန်းပြပြီးဆွေးနွေးမှရတော့မည် ဟုစဉ်းစားလိုက်သည်။ တော်ကြာ အိမ်နားက အဖွားလိုသားအိမ်ခေါင်းကင်ဆာတွေဘာတွေဖြစ်ရင်ခက်ရချည်သေးရဲ့လို့လည်းတွေးလိုက်သေးသည်။

ဆေးခန်းရောက်တော့ပြနေကျဆရာဝန်မလေးတွေ့တော့ အားတက်သွားသည်။ မိန်းကလေးချင်းမို့ တစ်ဝကြီးမေးရမယ်လို့လည်း အားခဲလိုက်သည်။

ဆရာဝန်မလေးက

” မမေလေးရေ ဘာဖြစ်လဲပြောပါဦး?”

မေလေးလဲ

” ဆရာမလေးရေ ရာသီတွေလာနေတာ တစ်လထဲမှာ ၂ခါ၊ ၃ခါပြန်လာနေတာ၊ တစ်ခါလာပြီး ၅ရက်လောက်ပဲခြားပီး၊ နောက်တစ်ခါပြန်လာပြန်ရော”

ဆရာမလေးက

” ဒီလို တစ်လတစ်ခါမကလာတာ၊ ရာသီများတာတွေက သားအိမ်မှာအသားလုံးရှိတာ၊ ဟော်မုန်းမမှန်တာတွေနဲ့ပတ်သက်နေတတ်တယ်၊ သေချာအောင်တော့ ကွန်ပြူတာဓာတ်မှန်( Ultrasound) ရိုက်ကြည့်လိုက်ပါ။ Ultrasoundအဖြေက အသားလုံးအကျိတ်မဟုတ်ဘူးဆိုရင်တော့ ဟော်မုန်ူမမှန်တာကြောင့်အဓိကဖြစ်နိုင်ပါတယ်”

မေလေးလည်း ဆရာမလေးပြောသလိုUltrasound အပြေးရိုက်ကြည့်လိုက်ရာ အဖြေကဆရာမလေး ရှင်းပြသလို အသားလုံးမဟုတ်။

သွားပြန်ပြတော့ ဆရာမလေးက

” အမရေ ဆရာမတို့ပြောထားသလို အသားလုံးမဟုတ်ဘူးဆိုတော့ ခွဲစရာတော့မလိုဘူးပေါ့၊ ဟော်မုန်းမငြိမ်လို့ဖြစ်တာပါ”

မေလေးသိပ်တော့မကျေနပ် ဘာလို့ သူ့မှဖြစ်တာလဲ”လို့ ဆရာမကိုငိုမဲ့မဲ့မေးလိုက်သည်။

ခင်နေသော ဆရာမလေးကလဲ

” ဒီလိုပါအမရယ်၊ ရာသီဆင်းတာ ပုံမှန်မဟုတ်တာများတာတွေက အပျိုဖော်ဝင်စက သွေးဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါဟာ သားအိမ်အသားလုံး၊ အနာတို့ကြောင့်မဟုတ်ရင် ဟော်မုန်းကြောင့်လို့ယူဆလို့ရပါတယ်။ ရာသီဆင်းအောင်လုပ်တဲ့ အမျိုးသမီးဟော်မုန်းတွေ ထွက်သင့်တဲ့အချိန် ခန္တာကိုယ်က အချိန်မှန်မထွက်တာကြောင့် ဒီလို ပုံမမှန်အချိန်မမှန်သွေးဆင်းရတာပါ။”

ဒါဆို” ကျွန်မ ပျောက်ပါ့မလားဆရာမ”

” ဟုတ်ကဲ့ ဒီလို ရောဂါမျိုးကို

  • ၁) ရာသီနည်းစေသောဆေးပေးခြင်း
  • ၂) သွေးတိတ်ဆေးပေးခြင်း
  • ၃) ဟော်မုန်းတာဆေးကဒ်နဲ့ ရာသီပုံမှန်ဖြစ်စေခြင်း
  • ၄) သံဓာတ်အားဆေးပေးခြင်းတို့နဲ့ ပထမဆုံးကုရပါတယ်။ ဆက်ပြီး ၃လတိုင်အောင်မသက်သာဘူး၊ သွေးဆက်ဆင်းတယ်ဆိုရင်တော့
  • ၅) သားအိမ်ထဲ မှန်ပြောင်းထည့်ကြည့်ပြီး
  • ၆) သားအိမ်ခြစ်ပြီး အသားစပို့တာမျိုး နောက်ဆုံး ပြင်းထန်ရင်
  • ၇) သားအိမ်ထုတ်ရတာမျိုးတော့ ဖြစ်နိုင်ပါတယ်



မေလေးလည်းဆရာမလေးပြောတာတွေနားထောက်ပြီး

” ဒါဆို စောစောလာပြလိုက်တာမှန်သွားတာပေါ့နော် ဆရာမ”

” ဟုတ်ပါတယ် ခုဆိုအမ ဆေးသေချာ ညွန်ကြားချက်အတိုင်းသောက်မယ်ဆို တအားသွေးဆင်းပြီး သတိလစ်တာမျိုးတွေလည်းမဖြစ်ဘူးပေါ့”

“အရာရာက စောစောသိပြီး တိတိကျကျကုမယ်ဆိုအဆင်ပြေပါတယ်”

” ကျေးဇူးပါ ဆရာမလေးရယ်”

မယ်တင်(ဆေး ၁)

အခ်ိန္အခါမဟုတ္ ပြင့္ေသာပန္း

ေမေလးတစ္ေယာက္ စိတ္ရႈပ္ေနသည္။ လြန္ခဲ့တဲ့ တစ္ပတ္ကမွရာသီလာထားေသးတယ္။ အခုလည္းရာသီျပန္လာေနျပန္ပီ။

ဒီတစ္ခါေတာ့မျဖစ္ေတာ့ေဆးခန္းျပၿပီးေဆြးေႏြးမွရေတာ့မည္ ဟုစဥ္းစားလိုက္သည္။ ေတာ္ၾကာ အိမ္နားက အဖြားလိုသားအိမ္ေခါင္းကင္ဆာေတြဘာေတြျဖစ္ရင္ခက္ရခ်ည္ေသးရဲ႕လို႔လည္းေတြးလိုက္ေသးသည္။

ေဆးခန္းေရာက္ေတာ့ျပေနက်ဆရာဝန္မေလးေတြ႕ေတာ့ အားတက္သြားသည္။ မိန္းကေလးခ်င္းမို႔ တစ္ဝႀကီးေမးရမယ္လို႔လည္း အားခဲလိုက္သည္။

ဆရာဝန္မေလးက

” မေမေလးေရ ဘာျဖစ္လဲေျပာပါဦး?”

ေမေလးလဲ

” ဆရာမေလးေရ ရာသီေတြလာေနတာ တစ္လထဲမွာ ၂ခါ၊ ၃ခါျပန္လာေနတာ၊ တစ္ခါလာၿပီး ၅ရက္ေလာက္ပဲျခားပီး၊ ေနာက္တစ္ခါျပန္လာျပန္ေရာ”

ဆရာမေလးက

” ဒီလို တစ္လတစ္ခါမကလာတာ၊ ရာသီမ်ားတာေတြက သားအိမ္မွာအသားလံုးရွိတာ၊ ေဟာ္မုန္းမမွန္တာေတြနဲ႔ပတ္သက္ေနတတ္တယ္၊ ေသခ်ာေအာင္ေတာ့ ကြန္ျပဴတာဓာတ္မွန္( Ultrasound) ရိုက္ၾကည့္လိုက္ပါ။ Ultrasoundအေျဖက အသားလံုးအက်ိတ္မဟုတ္ဘူးဆိုရင္ေတာ့ ေဟာ္မုႏ္ူမမွန္တာေၾကာင့္အဓိကျဖစ္ႏိုင္ပါတယ္”

ေမေလးလည္း ဆရာမေလးေျပာသလိုUltrasound အေျပးရိုက္ၾကည့္လိုက္ရာ အေျဖကဆရာမေလး ရွင္းျပသလို အသားလံုးမဟုတ္။

သြားျပန္ျပေတာ့ ဆရာမေလးက

” အမေရ ဆရာမတို႔ေျပာထားသလို အသားလံုးမဟုတ္ဘူးဆိုေတာ့ ခြဲစရာေတာ့မလိုဘူးေပါ့၊ ေဟာ္မုန္းမၿငိမ္လို႔ျဖစ္တာပါ”

ေမေလးသိပ္ေတာ့မေက်နပ္ ဘာလို႔ သူ႔မွျဖစ္တာလဲ”လို႔ ဆရာမကိုငိုမဲ့မဲ့ေမးလိုက္သည္။

ခင္ေနေသာ ဆရာမေလးကလဲ

” ဒီလိုပါအမရယ္၊ ရာသီဆင္းတာ ပံုမွန္မဟုတ္တာမ်ားတာေတြက အပ်ိဳေဖာ္ဝင္စက ေသြးဆံုးတဲ့အထိ ျဖစ္ႏိုင္ပါတယ္။ ဒါဟာ သားအိမ္အသားလံုး၊ အနာတို႔ေၾကာင့္မဟုတ္ရင္ ေဟာ္မုန္းေၾကာင့္လို႔ယူဆလို႔ရပါတယ္။ ရာသီဆင္းေအာင္လုပ္တဲ့ အမ်ိဳးသမီးေဟာ္မုန္းေတြ ထြက္သင့္တဲ့အခ်ိန္ ခနၱာကိုယ္က အခ်ိန္မွန္မထြက္တာေၾကာင့္ ဒီလို ပံုမမွန္အခ်ိန္မမွန္ေသြးဆင္းရတာပါ။”

ဒါဆို” ကၽြန္မ ေပ်ာက္ပါ့မလားဆရာမ”

” ဟုတ္ကဲ့ ဒီလို ေရာဂါမ်ိဳးကို

  • ၁) ရာသီနည္းေစေသာေဆးေပးျခင္း
  • ၂) ေသြးတိတ္ေဆးေပးျခင္း
  • ၃) ေဟာ္မုန္းတာေဆးကဒ္နဲ႔ ရာသီပံုမွန္ျဖစ္ေစျခင္း
  • ၄) သံဓာတ္အားေဆးေပးျခင္းတို႔နဲ႔ ပထမဆံုးကုရပါတယ္။ ဆက္ၿပီး ၃လတိုင္ေအာင္မသက္သာဘူး၊ ေသြးဆက္ဆင္းတယ္ဆိုရင္ေတာ့
  • ၅) သားအိမ္ထဲ မွန္ေျပာင္းထည့္ၾကည့္ၿပီး
  • ၆) သားအိမ္ျခစ္ၿပီး အသားစပို႔တာမ်ိဳး ေနာက္ဆံုး ျပင္းထန္ရင္
  • ၇) သားအိမ္ထုတ္ရတာမ်ိဳးေတာ့ ျဖစ္ႏိုင္ပါတယ္



ေမေလးလည္းဆရာမေလးေျပာတာေတြနားေထာက္ၿပီး

” ဒါဆို ေစာေစာလာျပလိုက္တာမွန္သြားတာေပါ့ေနာ္ ဆရာမ”

” ဟုတ္ပါတယ္ ခုဆိုအမ ေဆးေသခ်ာ ညြန္ၾကားခ်က္အတိုင္းေသာက္မယ္ဆို တအားေသြးဆင္းၿပီး သတိလစ္တာမ်ိဳးေတြလည္းမျဖစ္ဘူးေပါ့”

“အရာရာက ေစာေစာသိၿပီး တိတိက်က်ကုမယ္ဆိုအဆင္ေျပပါတယ္”

” ေက်းဇူးပါ ဆရာမေလးရယ္”

မယ္တင္(ေဆး ၁)

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…

Leave a Reply

Your email address will not be published. Required fields are marked *