ပါဝင်သောဆေး-Cefuroxime axetil။
ဆေးပုံစံ-ဆေးပြားပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-အသက်ရူလမ်းကြောင်း၊ ဆီးနှင့် မျိုးပွားအင်္ဂါလမ်းကြောင်း၊ အရေပြား၊အဆီ နှင့် အခြားသော တစ်သျှူးပျော့များ ပိုးဝင်ခြင်း၊ ဆီးပူညောင်းကျရောဂါ၊ ဆီးလမ်းကြောင်းရောင်ခြင်း၊ သားအိမ်ခေါင်းရောင်ခြင်း၊ Lyme’s disease။
သုံးစွဲရန်အညွှန်း- ရောဂါပေါ်မူတည်၍ ၁၂၅-၅၀၀ မီလီဂရမ် တစ်နေ့ ၂ကြိမ် သုံးစွဲနိုင်ပါသည်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲသောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊။
သတိပြုရမည့်အချက်များ-ပင်နီဆလင်၊ cephalosporin စသော ပိုးသတ်ဆေးများနှင့် မတည့်သူများ သတိပြုသုံးစွဲပါ။ ဆေးကို ကြာရှည်အသုံးမပြုသင့်ပါ။ ကျောက်ကပ်မကောင်းသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ အသက် ၃လအောက် ကလေးများ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာသုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-ဝမ်းလျောခြင်း၊ ပျို့ခြင်း၊အန်ခြင်း၊ အမြှေးပါးတုဖြစ်သော အူရောင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးတွင်းအသည်းဓာတ် ခဏတာတက်ခြင်း၊ ဆေးမတည့်ခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-သွေးတွင်း Probenecid ဆေးပမာဏကိုတက်စေပါသည်။ အစာအိမ်အက်ဆစ်နည်းစေသောဆေးများနှင့်တွဲသုံးပါက ဆေးစုပ်ယူမှုကို ကျစေပါသည်။ ဆီးဆေးသောက်သုံးနေသူများ သတိပြုသုံးစွဲပါ။
ဒေါက်တာချို(ဆေး ၁)