Home Knowledgebase Montek

မွန်တက်ခ်( Montek )

ပါဝင်ပစ္စည်း
Montelukast(မွန်တီလူးကပ်စ်) ၁၀မီလီဂရမ်

အသုံးပြုသော ရောဂါများ
-ပန်းနာရင်ကြပ်ရောဂါ
-လေ့ကျင့်ခန်းကြောင့် ပန်းနာရင်ကြပ်ခြင်းကို ကာကွယ်ခြင်း

ဆေးအညွှန်း
-လူကြီးတွင် တစ်နေ့ ၁၀မီလီဂရမ်
-ကလေး အသက် ၆နှစ်မှ ၁၄နှစ်တွင် တစ်နေ့ ၅မီလီဂရမ်
-ကလေး အသက် ၂နှစ်မှ ၅နှစ် တွင် တစ်နေ့ ၄မီလီဂရမ်

သတိပြုရန်
-ရုတ်တရက်ကြပ်သောပန်းနာရင်ကြပ်အတွက် ကုထုံးမဟုတ်ပါ
-အက်စပရင် မတည့်သော ပန်းနာရင်ကြပ်သမားများတွင် အကိုက်အခဲပျောက်ဆေးများနှင့် တွဲဖက်မသောက်ရ
-ရင်ကြပ်ခြင်းအတွက် ပင်မ ကုထုံးအနေဖြင့် မသုံးစွဲသင့်ပါ
-အနီစက်များထွက်ခြင်း၊ အဆုတ်ဆိုင်ရာ လက္ခဏာများ ပိုဆိုးလာခြင်း၊ နှလုံးနှင့် အာရုံကြောစနစ် ထိခိုက်သော လက္ခဏာများကို သတိပြုရန်
-ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ

ဘေးထွက်ဆိုးကျိုးများ
-ပင်ပန်းနွမ်းနယ်ခြင်း
-ဖျားခြင်း
-ဝမ်းပျက်ခြင်း
-အစာမကြေဖြစ်ခြင်း
-သွားနာခြင်း
-နှာခေါင်းပိတ်ခြင်း
-ချောင်းဆိုးခြင်း
-တုပ်ကွေးမိခြင်း
-မူးဝေခြင်း
-ခေါင်းကိုက်ခြင်း
-ဗိုက်နာခြင်း
-အိပ်မပျော်ခြင်း
-အနီစက်များဖြစ်ခြင်း

အခြားဆေးများနှင့် ဓာတ်ပြုခြင်း
-ဖီနိုဘာဘီတုန်း၊ ဖနတွိုင်း၊ ရိုင်ဖန်ပင်တို့နှင့် အတူသောက်ပါက အာနိသင် လျော့စေပါသည်။