ပါဝင်ပစ္စည်း
Bambuterol(ဘမ်ဗြူတရောလ်)။

အသုံးပြုသော ရောဂါများ
-ပန်းနာရင်ကြပ် ရောဂါ၊
-နာတာရှည် အဆုတ် လေပြွန်ယောင်ရောဂါ၊
-လေပြွန် ရုတ်တရက် ကျဉ်းစေသော အခြား အဆုတ်ရောဂါများ။

ဆေးအညွှန်း
-ဆရာဝန်ညွှန်ကြားသည့်အတိုင်း၊
-ညအိပ်ရာမဝင်မီ သောက်လျှင် ပိုကောင်းပါသည်။

*bambuterol (ဘမ်ဗြူတာရောလ်) သို့မဟုတ် terbutaline(တာဗြူတလင်း) မတည့်သူများ မသောက်သုံးရ။

သတိပြုရန်
-လည်ပင်းကြီးဟော်မုန်း အဆိပ်သင့်ရောဂါ၊
-ပြင်းထန်သော နှလုံးသွေးကြောရောဂါများ၊
ဥပမာ- နှလုံးသွေးကြောကျဉ်းရောဂါ၊
နှလုံးခုန်နှုန်းမြန်ခြင်း၊
ပြင်းထန်အဆင့် နှလုံးအမောဖောက်ခြင်း၊
-ရုတ်တရက် ပြင်းထန် ပန်းနာရင်ကြပ်ရောဂါ၊
-ကျောက်ကပ်နှင့် အသည်းထိခိုက်နိုင်ခြင်း၊
-ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ။

ဆေးသောက်နေစဉ်
-အစပိုင်းတွင် ဆီးချို ပုံမှန်စစ်ရန်၊
-ပိုတက်စီယမ်ဓာတ် ကျဆင်းနေနိုင်သဖြင့် သွေးတွင်း ပိုတက်စီယမ် တိုင်းတာရန်။

ဘေးထွက်ဆိုးကျိုးများ
-ခေါင်းကိုက်ခြင်း၊
-ရင်တုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊
-ခြေလက် တုန်ခြင်း၊
-ကြွက်တက်ခြင်း။

အခြားဆေးများနှင့် အကျိုးသက်ရောက်မှု
-Succinylcholine ဆက်ဆနိုင်းကိုလင်း၏ ကြွက်သားလျော့စေသော အာနိသင်ကို များစေသည်။