Home Knowledgebase Isotretinoin

Acnotin

ပါဝင်ပစ္စည်း
အိုင်ဆိုထရီတီနွိုင်း (Isotretinoin)

အသုံးပြုသော ရောဂါ
-ပြင်းထန် ဝက်ခြံ၊ ဝက်ခြံကြီး

ဆေးအညွှန်း
-ကိုယ်အလေးချိန် တစ်ကီလိုဂရမ်အတွက် ၀.၅ မှ တစ်မီလီဂရမ်
-ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ သောက်သုံးရန်
-ဆေးတောင့်များကို မဝါးရ
-အစာစားပြီးမှ မှီဝဲရန်
-ဆေးသောက်နေစဉ် အရက်၊ ယမကာ မမှီဝဲရ
-ဆေးသောက်နေသမျှ ကာလ၌ နေရောင် တိုက်ရိုက်ထိခြင်းကို ကာကွယ်ပါ

သတိပြုရန်
-အသည်းနှင့် ကျောက်ကပ် မကောင်းသူများ ဆရာဝန် ညွှန်ကြားချက်မပါပဲ မသောက်သုံးရ
-ဤဆေးသည် သန္ဓေသားအား ဆိုးရွားစွာ ထိခိုက်စေနိုင်သည့်အတွက် အမျိုးသမီးများသည် ဤဆေးဖြင့် ကုသမှု မခံယူမီ
အိမ်ထောင်သည်ဖြစ်ပြီး ပဋိသန္ဓေမရှိသူသည် တစ်လကြို၍ ပဋိသန္ဓေတားရန် လိုအပ်သည်
ပဋိသန္ဓေရှိပြီးသော အမျိုးသမီးများ၊ ရှိမရှိ မသေချာသော အမျိုးသမီးများ လုံးဝ လုံးဝ သောက်သုံးရန် မသင့်။
-အထက်ဖော်ပြပါ လူများသည် ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ပါသည်။

ဘေးထွက်ဆိုးကျိုးများ
ဆေးပမာဏများများ သို့ အချိန်ကြာကြာ မှီဝဲရသူများတွင်
-အရေပြား ခြောက်သွေ့ခြင်း
-နေထိ မခံနိုင်ခြင်း
-နှုတ်ခမ်းခြောက်ခြင်း
-ပျို့ခြင်း၊ အန်ခြင်း
-ဗိုက်အောင့်ခြင်း
-ပါးစပ်ပျက်ခြင်း
-သွားဖုံးယောင်ခြင်း
-မျက်စိနာခြင်း
-အတွင်းတိမ်စွဲခြင်း
-အမြင်မှုန်ဝါးခြင်း
-ခေါင်းကိုက်ခြင်း
-စိတ်ကျခြင်းများ ဖြစ်တတ်ပါသည်။

ဤဆေးသည်
မီနိုဆိုင်ကလင်း၊ တက်ထရာဆိုင်ကလင်း
ဗီတာမင်အေ
အရက်သေစာ
အခြားသော ဝက်ခြံလိမ်းဆေးတို့နှင့် လုံးဝ တွဲဖက်သုံးစွဲခြင်း မပြုရ