ကိုယ်ဝန်မရအောင်တားတယ်ဆိုတာ လွယ်မလိုလိုနဲ့ ခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်။ ဘယ်နည်းလမ်းသုံးသုံးအားသာချက်၊ အားနည်းချက်တွေကတော့ ကိုယ်စီရှိကြပါတယ်။ မိမိနဲ့အဆင်ပြေတဲ့နည်းတွေနဲ့ပဲ ကာကွယ်ကြရပါတယ်။ဆေးသောက်ဆေးထိုးရတာရှိသလို IUCDလို implant လိုနည်းလမ်းတွေလည်းရှိပါတယ်။

Implant ဆိုတာကလည်း ထိရောက်တဲ့ ကိုယ်ဝန်တားနည်းတစ်မျိုးပါပဲ။ အရွယ်အစားကလည်း သေးငယ်ပြီး အသုံးပြုရတာလည်း အဆင်ပြေပါတယ်။ လက်မောင်းကအရေပြားအောက်မှာထည့်ထားလိုက်ရုံမို့လို့ ဆေးပုံမှန်သောက်ဖို့မလိုတော့သလို နောက်ထပ်အကာအကွယ်သုးံဖို့လည်းမလိုတော့ပါဘူး။ ပြန်ထုတ်လိုက်ပြီးမကြာခင်မှာပဲကိုယ်ဝန်တားတဲ့အာနိသင်ပျောက်ပြီး ကိုယ်ဝန်ရနိုင်တာမို့ တော်တော်အသုံးတည့်တယ်လို့ဆိုရပါမယ်။

တစ်ခါထည့်ပြီးရင်4နှစ်လောက်အထိမလဲလှယ်ပဲထားနိုင်ပါတယ်။ 4နှစ်ပြည့်ရင်တော့ အသစ်တစ်ခုလဲလှယ်ရမှာဖြစ်ပါတယ်။ ကိုယ်ဝန်တောင်တာကို ဟန့်တားတဲ့နည်းကတော့ အခြားနည်းတွေနဲ့ သိပ်မကွာလှပါဘူး။ သားအိမ်ကအချွဲတွေကို ထူထပ်စေပြီး သုက်ပိုးနဲ့သားဥမတွေ့အောင်လုပ်ပေးသလို သားဥကြွေတာကိုလည်း တားဆီးနိုင်တာမို့ စိတ်ချရတဲ့နည်းတစ်ခုဖြစ်ပါတယ်။ အောင်မြင်စွာဟန့်တားနိုင်တဲ့နှုန်းထားကလည်း 99%ကျော်ရှိတာမို့ တော်တော်အစွမ်းထက်တယ်လို့ဆိုရမှာပါ။

ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ သွေးအနည်းငယ်ဆင်းနိုင်ပါတယ်။ implantထည့်ထားတဲ့နေရာမှာ အနည်းငယ်နာကျင်တာ၊ ခိုးလိုးခုလုဖြစ်တာတွေကြုံရနိုင်ပါတယ်။
အညိုအမဲစွဲတာ၊ သွေးအနည်းငယ်ထွက်တာတွေဖြစ်နိုင်ပါတယ်။ ခေါင်းကိုက်တာ၊ မူးဝေတာ၊ ပျို့အန်တာ၊ ရင်သားနာကျင်တာတွေလည်း ရံဖန်ရံခါခံစားရနိုင်ပါတယ်။

Implantရဲ့အားနည်းချက်တစ်ခုကတော့ လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါတွေကို မကာကွယ်နိုင်ပါဘူး။ implant ရ
ရဲ့ည်ရွယ်ချက်က ကိုယ်ဝန်မရအောင်ကာကွယ်တာပဲဖြစ်တာမို့ ရောဂါတွေကိုမကာကွယ်နိုင်ပါဘူး။ implant ကလည်း ကိုယ်ဝန်နားဆီးရာမှာ အရမ်းအစွမ်းထက်တနဲ့ည်းလမ်းဖြစ်ပါတယ်။ အခြားနည်းလမ်းတွေလိုပဲ။ မိမိနဲ့ကိုက်ညီမှုရှိရင် အသုံးပြုနိုင်တဲ့ ကိုယ်ဝန်တားနည်းတစ်မျိုးဖြစ်ပါတယ်။

Dr. ZZ