ပါဝင်သောပစ္စည်း-သံဓာတ်၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် ဘီ၁၂။
ဆေးပုံစံ-ဆေးတောင့်ပျော့ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-ကိုယ်ဝန်ဆောင်ချိန်နှင့် ရာသီလာခြင်းကြောင့် သံဓာတ်ချို့တဲ့ကာ သွေးအားနည်းခြင်းကို
ကာကွယ်ကုသရန်။ သွေးထွက်များသူ နှင့် သွေးအားနည်းသူများ၊ အစားရှောင်သူများ၊ နာလန်ထစ ခွဲစိတ်လူနာများ ။
သုံးစွဲရန်အညွှန်း- ၁ လုံး တစ်နေ့ ၁ကြိမ်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ ၁၂လအောက်ကလေးများ၊ သံဓာတ်များစေသော
သွေးရောဂါများ၊ သံဓာတ်အားနည်းခြင်းကြောင့်မဟုတ်သောသွေးအားနည်းခြင်းများ၊ သယ်လက်ဆီးမီးယားနှင့် ကျောက်ကပ်
ကျောက်တည်သူများ။ G6PD ရှိသူများ ဗီတာမင် စီနှင့် တွဲမသောက်ရပါ။
သတိပြုရမည့်အချက်များ-ညွှန်ကြားထားသော ဆေးပမာဏထက်ပိုမသောက်ရ။ ကြာရှည်စွဲသောက်ပါက ဆေးယဉ်ခြင်းများဖြစ်
တတ်ပါသည်။ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါရှိသူများ သတိထားသုံးစွဲပါ။
၆နှစ်အောက်ကလေးများတွင် ဆေးပမာဏများခြင်းကြောင့် အဆိပ်ဖြစ်တတ်ပါသည်။ ဆရာဝန်ညွှန်ကြားမှ သောက်သုံးရန်။

ဘေးထွက်ဆိုးကျိုး-၀မ်းချုပ်ခြင်း၊ ၀မ်းလျောခြင်း၊ ပျို့ခြင်း၊အန်ခြင်း၊ ၀မ်းမဲမဲသွားခြင်း၊ ဗိုက်အောင့်ခြင်း။ ဗီတာမင်စီနှင့်တွဲသောက်ပါက
သွေးတွင်းကျောက်ဖြစ်စေသောဓာတ်များ များခြင်း၊ ပျို့ခြင်း၊အန်ခြင်း၊ ရင်ပူခြင်း၊ ဗိုက်အောင့်ခြင်း၊ နှုန်းခြင်း၊ခေါင်းကိုက်ခြင်း၊ ညအိပ်မပျော်ခြင်း။

တွဲဖက် အသုံးမပြုသင့်သော ဆေးဝါးများ-aldosterone ပါသော ဆီးဆေးများနှင့် တွဲသောက်ပါက သွေးတွင်းပိုတက်ဆီယမ်ဓာတ်များ
တက်နိုင်ပါသည်။ ဖော့စဖိတ်၊ ကယ်လ်ဆီယမ်ဆားများ၊ တက်ထရာ ဆိုက်ကလင်း၊ အစာအိမ် အက်ဆစ်နည်းစေသောဆေးများ၊
လက်ဘက်ရည်များနှင့် တွဲမသောက်ရပါ။

ဒေါက်တာချို(ဆေး ၁)