Home Knowledgebase Ezon-T Solution

အီးဇွန် တီ ( Ezon-T Solution )

ပါဝင်သောပစ္စည်း-tolnaftate, triacetin
ဆေးပုံစံ-လိမ်းဆေးအရည်(အရေပြားပေါ်တွင်သာ လိမ်းရန်)
အသုံးပြုနိုင်သော ရောဂါများ- ပွေး၊ အားကစားသမားများနှင့် ခြေအိပ်အ၀တ်များသူတွင်တွေ့ရသော ခြေထောက်မှိုစွဲခြင်း။
သုံးစွဲရန်အညွှန်း- တစ်နေ့ ၂-၃ ကြိမ်သာလိမ်းရန်။ ရောဂါပျောက်သည်ထက် အချိန်ပို၍ လိမ်းရပါမည်။ (ဆေးလိမ်းမည့်
အရေပြားကို ရေဖြင့်သေချာစွာဆေးပြီးမှ ဆေးလူးရန်)
ခြေချောင်းများပါဖြစ်ပါက ၀ါဂွမ်းစပေါ် ဆေးစွတ်၍ ခြေချောင်းများကြားညှပ်ထားပါ။ တစ်နေ့တစ်ကြိမ် လဲပေးပါ။ လိုအပ်ပါက
လိမ်းဆေးနှင့်အတူ မှိုသတ်ဆေးများလည်းတွဲသောက်နိုင်ပါသည်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ဖော်ပြပါ အရေပြားရောဂါမှအပ ကျန်ရောဂါများတွင် အကျိုးမရှိသဖြင့် ဆေးလိမ်း၍မပျောက်ပါက
အခြားအရေပြားရောဂါများဟုသံသယထားသင့်ပါသည်။
မိတ်ကပ်နှင့် အခြားဆေးများမတည့်သူများ ဆေးတည့်မတည့် ဆေးစမ်းပြီးမှ သုံးသင့်ပါသည်။

ဘေးထွက်ဆိုးကျိုး-ဓာတ်မတည့်ခြင်းများ။
မီးလောင်လွယ်သောကြောင့် မီးရှိသောနေရာနား မထားသင့်ပါ။

ဒေါက်တာချို(ဆေး ၁)