Home Knowledgebase Eye Cool

အိုင်းကူး

ပါဝင်သောပစ္စည်း-ဘာမီတွန်၊ neostigmine ပိုးသတ်ဆေး၊ aminocaproic acid၊ naphazoline hydrochloride
ဆေးပုံစံ-မျက်စဉ်းခတ်ဆေး
အသုံးပြုနိုင်သော ရောဂါများ-မျက်စိအသုံးများ၍ မျက်ရိုးကိုက်ခြင်း၊ မျက်သားရဲခြင်း၊ မျက်ခွံရောင်ခြင်း၊
နေရောင်ခြည်ကြောင့်ဖြစ်သော မျက်လုံးရောဂါများ၊ မျက်ကပ်မှန်ကြောင့်ဖြစ်သော ယားယံခြင်း၊ ခိုးလိုးခုလုဖြစ်ခြင်း၊
တို့အပြင် ကာကွယ်သည့်အနေဖြင့်လည်း(ရေကူးပြီးနောက်၊ ဖုန်ထူသောနေရာများသွားပြီးနောက်) သုံးစွဲနိုင်ပါသည်။
သုံးစွဲရန်အညွှန်း- ၁-၂ စက် တစ်နေ့ ၅-၆ ကြိမ်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ ကလေးများ။
သတိပြုရမည့်အချက်များ-ဆေးအလွန်အကျွံ သုံးစွဲပါက မျက်လုံးရောင်ခြင်း ပိုဆိုးတတ်ပါသည်။ အညွှန်း အတိုင်းသာ သုံးစွဲရန်။
ဆေးသုံးစွဲခြင်းဖြင့် မျက်လုံးရောဂါများ မသက်သာပါက ဆေးသုံးစွဲမှုကို ရပ်၍ ဆရာဝန်နှင့် သွားရောက်ပြသပါ။
ဆေးရည် အင်္ကျီတွင် စွန်းပါက ရေဖြင့်လျော်နိုင်ပါသည်။
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ-လိုအပ်ပါက ဆရာဝန်ညွှန်ကြားချက်ဖြင့် သုံးစွဲနိုင်ပါသည်။

ဘေးထွက်ဆိုးကျိုး-မျက်လုံးရောင်ခြင်း၊ ရဲခြင်း၊ ယားယံခြင်းနှင့် ဆေးမတည့်မှုများ။
( ဤလက္ခဏာများဖြစ်ပေါ်လာပါက ဆရာဝန်နှင့် ပြသပါ)
အဖုံးဖွင့်ပြီး ၁လအတွင်းသာ သုံးစွဲရန်။