Home Knowledgebase Depo-M

ဒက်ပို အမ် ( Depo-M )

ပါဝင်သောပစ္စည်း-မီဒေါက်ဆီ ပရိုဂျက်စတုန်း ၁၅၀ မီလီဂရမ်
ဆေးပုံစံ-အသားထိုးဆေး
အသုံးပြုနိုင်သော ရောဂါများ- သန္ဓေတားခြင်း၊ သားအိမ်မှ ပုံမမှန်သွေးဆင်းခြင်း၊ သားအိမ်အတွင်းဆုံးအလွှာမှ တစ်သျှုးများ
အခြားနေရာတွင် တွေ့ရသောရောဂါ။
သုံးစွဲရန်အညွှန်း- ၁ လုံး၊ ၃လ ၁ ကြိမ်။
ရောဂါအတွက်- ၅၀-၁၀၀ မီလီဂရမ် ၂ပတ်ခြားထိုးရန်။
ကိုယ်ဝန်ဆောင်ချိန်သွေးဆင်းလျှင်- ၅၀မီလီဂရမ် ၁ပတ်ခြား ကိုယ်ဝန် ၃လအထိ၊ ၁၀၀မီလီဂရမ် ၂ပတ်ခြား ကိုယ်ဝန်
၎လမှ ၈လအထိ ထိုးရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ အကြောင်းရင်းမသိသော ပုံမမှန် သွေးဆင်းမှုများ
အသည်းမကောင်းသူများ၊ သွေးခဲခြင်း သွေးကြောရောင်နေသူများ၊ ကိုယ်ဝန်ဆောင်များ။
ဒေါက်တာချို(ဆေး ၁)