ပါဝင်သောဆေး-Ornidazole။

ဆေးပုံစံ-ဆေးပြားပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-အမီးဘားဝမ်းကိုက်ပိုးကြောင့် ဖြစ်သော ဝမ်းကိုက်ရောဂါနှင့် အသည်းပြည်တည်ခြင်း၊ ဝမ်းလျောခြင်း၊ ဆီးလမ်းကြောင်း၊ သားမွေးလမ်းကြောင်းတွင်ဖြစ်သော ကပ်ပါးပိုးရောဂါများ၊ လေမဲ့ပေါက်ဖွားသော ပိုးများ။
သုံးစွဲရန်အညွှန်း- ၅၀၀မီလီဂရမ် တစ်နေ့ ၂ကြိမ်။ ကလေးများတွင် ကိုယ်အလေးချိန်နှင့် ရောဂါပေါ်မူတည်၍ ဆေးပမာဏကို ချိန်ညှိရန် လိုအပ်ပါသည်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲသောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ချာချာလည် မူးတတ်သူများ၊ စိတ်ရှုပ်ထွေးနေသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ သတိပြု သုံးစွဲပါ။

ဘေးထွက်ဆိုးကျိုး-ပျို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ ချာချာလည်မူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြားတွင် အနီစက် အကွက်များထွက်ခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-အရက်ဖြတ်ဆေးကဲ့သို့ လက္ခဏာများဖြစ်တတ်ပါသည်။ သွေးကျဲဆေးများနှင့် တွဲမသောက်သင့်ပါ။
ဒေါက်တာချို(ဆေး ၁)