ဒဇစ် ( Dazit )
ပါဝင်သောပစ္စည်း-ဒက်လိုရာတဒင်း ၅ မီလီဂရမ်
ဆေးပုံစံ-ဆေးပြားပုံစံ
အသုံးပြုနိုင်သော ရောဂါများ-ရာသီအပြောင်းအလဲတွင် ဖြစ်တတ်သောဓာတ်မတည့်မှုများ(ဥပမာ။ ။နှာရည်ယိုခြင်း။)၊
နာတာရှည် အင်ပြင်ထခြင်း။
သုံးစွဲရန်အညွှန်း-လူကြီး တစ်နေ့ ၁ပြား။ ကလေးများတွင် မသုံးသင့်ပါ။
အစာနှင့်စားရန်သင့်မသင့်- အစာဖြင့် ဖြစ်စေ၊ မပါဘဲဖြစ်စေ သောက်နိုင်ပါသည်။
ဘေးထွက်ဆိုးကျိုး-ခေါင်းကိုက်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ ပင်ပန်းနွမ်နယ်ခြင်း။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ပစ္စည်းနှင့်မတည့်သူများ။
သတိပြုရမည့်အချက်များ-ကျောက်ကပ် မကောင်းသူများ မသုံးသင့်ပါ။ အရက်နှင့် တွဲမသောက်သင့်ပါ။ ကိုယ်ဝန်ဆောင်များအနေဖြင့်
ကလေးထိခိုက်နိုင်ခြင်းမရှိသော်လည်း လေ့လာနေဆဲဖြစ်၍ မလိုအပ်ဘဲ မသုံးသင့်ပါ။ နို့တိုက်မိခင်များအနေဖြင့် မိခင်နို့ထဲတွင်
ဆေးများပါဝင်နိုင်သဖြင့် မသုံးသင့်ပါ။
တွဲဖက် အသုံးမပြုသင့်သော ဆေးဝါးများ-ယခု ရှာဖွေနေဆဲဖြစ်ပါသည်။ မတွေ့ရှိသေးပါ။
ဒေါက်တာချို(ဆေး ၁)