ကိုယ်ဝန်တားဆေးတစ်မျိုးဖြစ်တဲ့ combined oral contraceptive pillမှာ အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ oestrogenနဲ့progesterone တို့ပါဝင်ပါတယ်။ ကိုယ်ဝန်မရအောင်တားရာမှာလည်း 99%လောက်ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။ သောက်ရတာလည်းလွယ်ကူပြီး အကုန်အကျလည်းသက်သာတာမို့ အသုံးများကြပါတယ်။
ကိုယ်ဝန်မရအောင်ကာကွယ်ပုံကတော့ သားအိမ်မှာရှိတဲ့အချွဲတွေကိုပိုမိုထူထဲလာအောင်လုပ်ဆောင်ပေးပါတယ်။ အဲဒီလိုလုပ်ဆောင်ခြင်းအားဖြင့် အမျိုးသားဆီကသုက်ပိုးဟာ သားအိမ်ထဲရောက်လာရင် အမျိုးသမီးရဲ့သားဥနဲ့မတွေ့အောင်တားဆီးထားသလိုဖြစ်ပြီး မျိုးအောင်ခြင်းကိုကာကွယ်ပါတယ်။ မတော်တဆမျိုးအောင်ခဲ့ရင်လည်း အဆိုပါဆေးက သားအိမ်မှာရှိတဲ့ မျိုးအောင်ပြီးသားcellနေနိုင်မယ့် နေရာတွေကို ပါးလွှားအောင်လုပ်ပြီး ကိုယ်ဝန်ဆောင်တာကိုကာကွယ်ပေးပါတယ်။
သောက်ပုံသောက်နည်းကတော့ နေ့စဉ်တစ်နေ့တစ်လုံး ပုံမှန်အချိန်မှန်သောက်ဖို့လိုအပ်ပါတယ်။ နေ့စဉ်သောက်ရမှာဖြစ်သလို အချိန်မှန်လည်းသောက်ရမှာဖြစ်ပါတယ်။ မသောက်မိတာ၊ အချိန်ကျော်သွားတာတွေရှိလာခဲ့ရင် ကိုယ်ဝန်ရသွားနိုင်တာမို့ သေချာသောက်ဖို့လိုပါတယ်။ နောက်ထပ်အရေးကြီးတာကတော့ သောက်သောက်ခြင်းကို ဆေးကအစွမ်းမပြသေးပဲသောက်ပြီး 7ရက်အနည်းဆုံးကြာမှ အာနိသင်စပြမှာဖြစ်ပါတယ်။ ဒါကြောင့်စသောက်တာကနေ 7ရက်အတွင်း အခြားကာကွယ်နည်းကိုသုံးသင့်ပါတယ်။
ဆေးရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း သတိထားဖို့လိုပါတယ်။ သွေးပေါင်တက်တာ၊ ခေါင်းကိုက်တာတွေဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ရင်သားနာတာ၊ စိတ်မငြိမ်တာတွေလည်းဖြစ်နိုင်ပါတယ်။ ရင်သားကင်ဆာဖြစ်နိုင် ခြေလည်းများသလို သွေးဆင်းတာတွေလည်းဖြစ်တတ်ပါတယ်။ လေဖြတ်တာ၊ လေဖြန်းတာ၊ နှလုံးသွေးကြောကျဉ်းတာတွေလည်း တွေ့ရတတ်ပါတယ်။ အခြားဆေးတွေနဲ့တွဲသောက်မိရင် အာနိသင်လျော့နည်းတာတွေလည်းရှိနိုင်လို့ဆေးအသစ်သောက်မယ်ဆိုရင် တတ်ကျွမ်းသူနဲ့တိုင်ပင်ရပါမယ်။
သတိထားပြီသောက်သုံးသင့်တဲ့သူတွေလည်းရှိပါတယ်။ သွေးတိုးရောဂါအခံရှိသူတွေ၊ နှလုံး သွေးကြောကျဉ်းတဲ့သူတွေ၊ လေဖြတ်ဖူးသူတွေ၊ ဆေးလိပ်သောက်သူတွေနဲ့အဝလွန်သူတွေမှာ သတိထားရပါမယ်။ သွေးခဲတဲ့ရောဂါရှိဖူးသူတွေ၊ ကာလကြာရှည်အောင်အိပ်ယာထဲလဲနေသူတွေကလည်း သတိထားရမှာပါ။
ကိုယ်ဝန်တားဆေးတွေအမျိုးမျိုးရှိတဲ့အထဲမှာ combined oral contraceptive pill ကိုသောက်မယ်ဆိုရင်တော့မိမိလိုအပ်ချက်နဲ့ကိုက်ညီမှုရှိမရှိ စဉ်းစားပြီးကိုက်ညီမှ သောက်သင့်ပါတယ်။
Dr. ZZ