ပါဝင်သောဆေး-Ciprofloxacin HCl။
ဆေးပုံစံ-ဆေးပြားပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-အသက်ရူလမ်းကြောင်း၊ အရေပြားနှင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ဘက်တီးရီးယားပိုးများကြောင့် ဖြစ်သော အူလမ်းကြောင်း၊ အရိုးနှင့် အခြားသောရောဂါများ၊ ဆီးပူညောင်းကျ နှင့် လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ၊ သွေးဖြူဥနည်းနေသူများနှင့် ခွဲစိတ်မည့်သူများတွင် ရောဂါ ကြိုတင်ကာကွယ်သည့်အခါ နှင့် အခြားအသုံးပြုနိုင်သောအခြေအနေများ။
သုံးစွဲရန်အညွှန်း- ၂၅၀-၇၅၀ မီလီဂရမ် တစ်နေ့ ၁-၂ ကြိမ်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲသောက်ရန်။ အစာအိမ်အက်ဆစ်ချေဖျက်ဆေးများ၊ သံဓာတ်နှင့် နို့ထွက်ပစ္စည်းများနှင့် တွဲမသောက်သင့်ပါ။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-အတက်ရောဂါရှိသူများ သတိပြုသုံးစွဲပါ။ ရေအလုံအလောက်သောက်သုံးရန် လိုအပ်ပါသည်။ ကျောက်ကပ်နှင့် အသည်းမကောင်းသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ကလေးများ ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။

ဘေးထွက်ဆိုးကျိုး-ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျောခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ဓာတ်မတည့်ခြင်း၊ အသည်းနှင့် ကျောက်ကပ်ဓာတ်များ တက်ခြင်း၊ ကြွက်သားများနာကျင်ခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-အက်ဆစ်ချေဖျက်ဆေးများ၏ သွေးတွင်းပမာဏကိုကျစေပါသည်။ Theophylline ဆေး၏ပမာဏကို တက်စေပါသည်။ Rifampicin တီဘီဆေး၏ဖျက်ဆီးမှုကို မြန်စေပါသည်။
ဒေါက်တာချို(ဆေး ၁)