မျိုးဆက်ခြားတဲ့နည်းလမ်းများစွာထဲမှာ cervical cap ဆိုတဲ့ပစ္စည်းတစ်ခုလည်းပါဝင်ပါတယ်။ နာမည်မှာပါတဲ့အတိုင်းမိန်းမကိုယ်ကနေတစ်ဆင့် သားအိမ်ခေါင်းမှာသွားပြီးထည့်ထားရပါတယ်။ diaphragm,condom တို့လိုပဲ သုက်ပိုးတွေဝင်ရောက်ခြင်းကနေကာကွယ်ပြီး ကိုယ်ဝန်ရတာကို ကာကွယ်တာဖြစ်ပါတယ်။ barrier method လို့ခေါ်တဲ့ အတားအဆီးနဲ့ ကိုယ်ဝန်တားတဲ့ နည်းလမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။

အရေးကြီးတဲ့အချက်ကတော့ cervical capကို spermicide နဲ့တွဲဖက်ပြီးအသုံးပြုမှသာ ကိုယ်ဝန်ရနိုင်ခြေကိုထိထိရောက်ရောက်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်အရေးကြီးတာကတော့ အသုံးမပြုမီ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ အံဝင်ခွင်ကျဖြစ်အော်နေရာချထားနိုင်ဖို့အရေးကြီးပြီး နေရာလွဲသွားရင်တော့ အကျိုးမရှိနိုင်ပါဘူး။
သားအိမ်၊ သားအိမ်ခေါင်း၊မိန်းမကိုယ် အစရှိတဲ့အင်္ဂါအစိတ်အပိုင်းမှာ ပုံမမှန်ဖြစ်နေတာ၊ နေရာမကျတာ စတဲ့အခြေအနေတွေရှိနေရင်လည်း ကိုယ်ဝန်ကာကွယ်ရာမှာမထိရောက်နိုင်လိုအ့သုံးမပြုသင့်ပါဘူး။ cervical cap ကိုပြုလုပ်ထားတဲ့ ဓာတုပစ္စည်းတွေနဲ့ဓာတ်မတည့်ခြင်းရှိနေရင်လည်း အသုံးပြုဖို့ ခက်ပါလိမ့်မယ်။

အသုံးပြုပုံကျတာ့ cervical cap ကိုအံဝင်ခွင်ကျဖြစ်အောင် နေရာချထားရပါမယ်။ အတူမနေခင် နာရီနဲ့ချီအောင်ကြိုထည့်ထားလို့ရပြီး အတူနေပြီးနောက်2ရက်အထိထားလို့ရကြောင်းလည်းဆိုထားပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ကိုထိရောက်စွာကာကွယ်နိုင်မှုမှာတော့ အချို့နည်းလမ်းတွေနဲ့ယှဉ်ရင် နည်းပါးတာကြောင့် အသုံးတော့မများပါဘူး။ ဒါ့အပြင် အတူနေပြီးအနည်းဆုံး 6နာရီကြာအောင်မထုတ်ပဲထားမှ ကာကွယ်နိုင်တယ်လို့လည်းဆိုပါတယ်။

အတူနေရင်းကျွတ်သွားတာ၊ spermicide နဲ့တွဲပြီးမသုံးမိတာ၊ နေရာမကျတာတွေကြောင့်လည်း ကိုယ်ဝန်ရသွားနိုင်ပါတယ်။
ဒါ့အပြင် နေရာချထားရင်းနဲ့ အဆိုပါနေရာတစ်ဝိုက်မှာ ပွန်းတာ၊ ယားယံတာ၊ အနာဖြစ်တာ၊ ပိုးဝင်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာတွေလည်းဖြစ်နိုင်ပါသေးတယ်။ ကောင်းကွက်တွေအနေနဲ့ကတော့ ကိုယ်ဝန်လိုချင်လို့ အသုံးမပြုတော့ဘူးဆိုတာနဲ့ ချက်ချင်းပဲကိုယ်ဝန်ရနိုင်ပါတယ်။ ရာသီလာတာကို အနှောင့်အယှက်မပေးတတ်ပါဘူး ။
ဟော်မုန်းတွေမပါလို့ ဟော်မုန်းတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကို မခံစားရတဲ့အပြင် နေ့တိုင်းဆေးသောက်စရာမလိုပဲ အတူနေခါနီးမှ အသုံးပြုရုံဖြစ်တာမို့ အချိန်မှန်မှန်သတိထားပြီး
ဆေးသောက်ရတဲ့အခြေအနေလည်းမရှိပါဘူး။

ကိုယ်ဝန်တားတဲ့နည်းတွေကတော့ များပြားနေပေမယ့် စိတ်ချရခြင်း စိတ်မချရခြင်းတွေအပေါ်မှာတော့ မူတည်နေပါတယ်။အလုပ်မများပေမယ့်စိတ်မချရတာ၊ အလုပ်ရှုပ်ပေမယ့်စိတ်ချရတာ၊ ငွေကုန်ကြေးကျများတာ စသဖြင့်အချက်တွေအများကြီးစဉ်းစားပြီးမှ မိမိတို့နဲ့အဆင်ပြေကိုက်ညီတဲ့နည်းလမ်းကို ရွေးကြရမှာဖြစ်ပါတယ်။

Dr. ZZ