Home Knowledgebase Afix Cefixime

Afix Cefixime ဆီဖစ်ဇင်းမ်

ထုတ်ပိုးမှုပုံစံ
ဆေးတောင့်၊ ဆေးရည်

ဆေးအကြောင်း
ဤဆေးသည် ဘက်တီးရီးယား ပိုးသတ်ဆေး ဖြစ်ပါသည်။ ကက်ဖလိုစပိုရင် တတိယမျိုးဆက် ဆေးဖြစ်ပြီး ဘက်တီးရီယား ဆဲလ်၏ အခွံကို ဖျက်ဆီးခြင်းဖြင့် ပိုးသတ်သော ဆေးဖြစ်သည်။

အသုံးပြုပုံများ
နိုင်စီးရီးယား ဂနိုးရီးယေး၊ ဟေးမိုးဖိလပ်စ် အင်ဖလူအန်ဇေး၊ မော်ရက်ဇယ်လား ကက်တာရဲလစ်စ် တို့ကြောင့်ဖြစ်သော
-ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
-ဆီးအိမ်ယောင်ခြင်း
-ဆီးပြွန်ယောင်ခြင်း
-ကျောက်ကပ်ယောင်၍ ပြည်တည်ခြင်း
-ဆီးပူညောင်းကျခြင်း
ပုံမှန်ဆေးကို ယဉ်ပါးနေသော
-နားပြည်ယိုခြင်း
-လေပြွန်ယောင်ခြင်း
-အူယောင်ငန်းဖျားရောဂါ တို့တွင် အသုံးပြုသည်

ဆေးအညွှန်း
ဆရာဝန်ညွှန်ကြားသည့်အတိုင်း

သတိပြုရန်
-၆လအောက် ကလေးများ အသုံးမပြုသင့်
-ကက်ဖလိုစပိုရင် ပိုးသတ်ဆေးများနှင့် မတည့်သူများ မသုံးရ
-အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါများ
-အူယောင်ရောဂါများ
-ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ သတိနှင့်သုံးရန်

ဘေးထွက်ဆိုးကျိုးများ
-ဝမ်းပျက်ခြင်း
-ပျို့ခြင်း
-အစားအသောက်ပျက်ခြင်း
-ရင်ပြည့်ခြင်း
-ဗိုက်နာခြင်း
-လေပွခြင်း
-ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း
ဘေးထွက်ဆိုးကျိုးများ ဆိုးရွားစွာ ခံစားရပါက ဆေးရပ်ရန် လိုအပ်ပါသည်။