Home Knowledgebase Busron

ဘက်ရွန် ( Busron )

ပါဝင်သောပစ္စည်း-buspirone ၅မီလီဂရမ်
ဆေးပုံစံ-ဆေးပြားပုံစံ
အသုံးပြုနိုင်သော ရောဂါများ-စိတ်ပူပန်သောက်ြဖစ်စေသော ရောဂါများတွင် ခဏသာ အသုံးပြုရန်
သုံးစွဲရန်အညွှန်း- ၁ ပြား ၃ကြိမ်။ ၂-၃ ရက်သုံးပြီး၍ လိုအပ်ပါက တစ်နေ့ ၁ ပြား တိုးသောက်နိုင်ပါသည်။ ၁၂ ထက်
ပိုမသောက်ရ။
ဘေးထွက်ဆိုးကျိုး-ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ နှာစေးခြင်း၊ ရင်ဘတ်အောင့်သည်ကို
သတိမထားမိခြင်း။
လုံးဝအသုံးမပြုသင့်သောသူများ- ပါဝင်သော ဆေးနှင့်ဓာတ်မတည့်ပါက မသုံးစွဲသင့်ပါ။
သတိပြုရမည့်အချက်များ-ကျောက်ကပ် နှင့် အသည်းမကောင်းသူများ သတိထားသုံးစွဲသင့်ပါသည်။ အနည်းငယ်အိပ်ငိုက်စေ
တတ်သဖြင့် ကားမောင်းသူများနှင် စက်ပစ္စည်းများနှင့် အလုပ်လုပ်သူများတွင် အန္တာရာယ်ဖြစ်တတ်ပါသည်။

တွဲဖက် အသုံးမပြုသင့်သော ဆေးဝါးများ-ဘင်ဇိုဒိုင်ရာစီပင်း အုပ်စုဝင်ဆေးများနှင့်တွဲမသုံးရ။ ဆေးသုံးစဉ် အရက်သောက်ခြင်းကို
ရှောင်ကြဉ်ပါ။

ဒေါက်တာချို(ဆေး ၁)