ဘရင်ဇို့ ( Brinzopt )
ပါဝင်သောပစ္စည်း-brinzolamide ၁%
ဆေးပုံစံ-ဆေးရည်ပုံစံ (မျက်စဉ်းခပ်ဆေး)
အသုံးပြုနိုင်သော ရောဂါများ-မျက်လုံးရေတိမ်ရောဂါ၊ မျက်လုံးဖိအားလျော့စေရန် အသုံးပြုသည်။
သုံးစွဲရန်အညွှန်း-ရောဂါဖြစ်သောဘက်သို့ ၁စက် ၂-၃ကြိမ် နေ့စဉ်ထည့်ရန်။ မျက်စဉ်းဆေး ၂မျိုးသုံးပါက ၁၀ မိနစ်ခြား၍
ထည့်ပါရန်။
ဘေးထွက်ဆိုးကျိုး-မျက်လုံးများ ၀ါးခြင်း၊ ပါးစပ်ထဲတွင် ခါးခြင်း၊ချဉ်ခြင်းများ ဖြစ်တတ်ခြင်း။ မျက်လုံးရောင်ခြင်း၊ မျက်လုံးခြောက်ခြင်း၊
မျက်လုံးထဲ ခိုးလိုးခုလု ခံစားရခြင်း၊မျက်လုံး ယားခြင်း၊နာခြင်း၊ မျက်ဝတ်ထွက်ခြင်း စသည်။
လုံးဝအသုံးမပြုသင့်သောသူများ-ဆေးနှင့် ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ဆေးသည်ကျောက်ကပ်မှ စွန့်ထုတ်သဖြင့် ကျောက်ကပ်မကောင်းလျှင် မသုံးသင့်ပါ။ အသည်းမကောင်းသူများ
သတိဖြင့် သုံးစွဲပါ။ မျက်လုံးယားယံခြင်း၊ ဓာတ်မတည့်မှုများဖြစ်လာပါက ဆေးအသုံးပြုမှုကို ရပ်၍ ဆရာဝန်ပြသပါ။ အုပ်စုတူ ဆေးများဖြင့်
တွဲသုံးပါက အကျိုးပို၍ မရှိပါ။
ကိုယ်ဝန်ဆောင်များအနေဖြင့် အမှန်တကယ် လိုအပ်မှ ဆရာဝန်နှင့်တိုင်ပင်သုံးစွဲပါ။ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များတွင်
ကလေးသို့ ထိခိုက်နိုင်ခြင်းရှိမရှိ လေ့လာထားခြင်းမရှိပါသဖြင့် မလိုအပ်ဘဲ မသုံးစွဲသင့်ပါ။