Home Knowledgebase Biofer

ဘိုင်အိုဖာ ( Biofer )

ပါဝင်သောပစ္စည်း-သံဓာတ်နှင့် ဖောလစ်အက်ဆစ်။
ဆေးပုံစံ-ဆေးတောင့် ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ- သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းခြင်း၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ဖောလစ်အက်ဆစ်နှင့် သံဓာတ်ချို့တဲ့သူများ
သုံးစွဲရန်အညွှန်း- တစ်နေ့ ၁-၃ လုံးအထိသောက်နိုင်ပါသည်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ သံဓာတ်များစေသော သွေးရောဂါများ၊ သံဓာတ်အားနည်းခြင်းကြောင့်မဟုတ်သောသွေးအားနည်းခြင်းများ (ခဲဆိပ်တက်ခြင်း)၊ သယ်လက်ဆီးမီးယားရောဂါ၊ သွေးခဏခဏ သွင်းရသူများ။
သတိပြုရမည့်အချက်များ-ဆီးချိုရှိသူများ ဆရာဝန်နှင့် တိုင်ပင်သောက်သုံးပါ။

ဘေးထွက်ဆိုးကျိုး- ၀မ်းချုပ်ခြင်း၊ ၀မ်းလျောခြင်း၊ ပျို့ခြင်း၊အန်ခြင်း၊ ၀မ်းမဲမဲသွားခြင်း၊ ဗိုက်အောင့်ခြင်း။

တွဲဖက် အသုံးမပြုသင့်သော ဆေးဝါးများ-aldosterone ပါသော ဆီးဆေးများနှင့် တွဲသောက်ပါက သွေးတွင်းပိုတက်ဆီယမ်ဓာတ်များ တက်နိုင်ပါသည်။ ဖော့စဖိတ်၊ ကယ်လ်ဆီယမ်ဆားများ၊ တက်ထရာ ဆိုက်ကလင်း၊ အစာအိမ် အက်ဆစ်နည်းစေသောဆေးများ၊ လက်ဘက်ရည်များနှင့် တွဲမသောက်ရပါ။