Home Knowledgebase Baccef

ဘက်ဆက် ( Baccef )

ပါဝင်သောပစ္စည်း-စီဖီဇင်း ၁၀၀မီလီဂရမ်+ လက်တိုဘက်ဆဘက် ပိုး ၄၀ သန်း
ဆေးပုံစံ-ဖျော်သောက်ရသော ဆေးမှုန့်
အသုံးပြုနိုင်သော ရောဂါများ-ဆီးပူညောင်းကျရောဂါ၊ နားပြည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ အဆုတ်နှင့် လည်ချောင်းပိုးဝင်ခြင်း၊
ဆီးလမ်းကြောင်းပိုးဝင်ခြင်း။
သုံးစွဲရန်အညွှန်း-တစ်နေ့ ၂၀၀-၄၀၀ မီလီဂရမ်ကို ၁ကြိမ် သို့ ၂ကြိမ် ခွဲသောက်နိုင်ပါသည်။ ၆လကျော်ကလေးများနှင့် အလေးချိန်
၅၀ကီလိုဂရမ် အောက်သာရှိသူများသည် အလေးချိန် ၁ကီလိုဂရမ်လျှင် ၈မီလီဂရမ် ဟု တွက်ချက်၍ သောက်ရပါမည်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့်တွဲသောက်ပါက အူမှစုပ်ယူမှု နည်းစေပါသည်။ ဆေးရည်သည် ဆေးပြားထက်ပို၍ ခန္ဓာကိုယ်မှ
စုပ်ယုစေနိုင်ပါသည်။
ဘေးထွက်ဆိုးကျိုး-ဆေးမတည့်ခြင်းကြောင့်ဖြစ်သော အရေပြားတွင် အနီကွက်များထွက်ခြင်း၊ အင်ပြင်ထခြင်း၊ ဖျားခြင်း၊ သတိလစ်ခြင်း၊
ရှော့ဖြစ်ခြင်း။
လုံးဝအသုံးမပြုသင့်သောသူများ- စီဖီဇင်းနှင့် သို့ ဆေးတွင်ပါဝင်သော ပစ္စည်းများနှင့် ဓာတ်မတည့်ပါက မသုံးစွဲရပါ။
သတိပြုရမည့်အချက်များ-ဓာတ်မတည့်မှု ဖြစ်တတ်သူများ သတိဖြင့် သုံးစွဲသင့်သည်။ ကျောက်ကပ်မကောင်းသူများကို ဆေးပမာဏလျော့ပေးပါ။
ဆေးကိုကြာရှည် ပမာဏများများသုံးစွဲလျှင် ကျောက်ကပ်နှင့် သွေးတွင်းစစ်ဆေးမှုများ ပုံမှန် ဆောင်ရွက်သင့်ပါသည်။
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။
တွဲဖက် အသုံးမပြုသင့်သော ဆေးဝါးများ-သွေးကျဲဆေးများနှင့်တွဲမသောက်သင့်ပါ။