Home Knowledgebase Allopac Allopurinol

အလိုပက်ခ် အေလိုပျူရီနောလ် ( Allopac Allopurinol)
Pacific pharma

ထုတ်ပိုးမှုပုံစံ
ဆေးပြား

အသုံးပြုသော အခြေအနေများ
-ဂေါက် အဆစ်ယောင် ရောဂါ
-သွေးကင်ဆာ၊ ပြန်ရည်ကျိတ်ကင်ဆာ ရောဂါများအတွက် ဆေးသွင်းနေသူများတွင် ယူရစ်အက်ဆစ် ပမာဏ တက်နေသော အခြေအနေ
ယူရစ်အက်ဆစ် ပမာဏ ပုံမှန်ပြန်ဖြစ်သွားပါက ဆေးရပ်ရန် လိုအပ်သည်

ဆေးအညွှန်း
-ဆေးသောက်ရန် ပမာဏနှင့် ကြာချိန်သည် ရောဂါ၏ အခြေအနေပေါ် မူတည်ပါသည်

သတိပြုရန်
-ဆီးကျောက်တည်တတ်သူများ
-ကျောက်ကပ်မကောင်းသူများ
-အလိုပျူရီနောနှင့် မတည့်သူများ

-နို့တိုက်မိခင်များ
-ကလေးများတွင် ခိုင်လုံသော အကြောင်းမရှိပဲ အသုံးမပြုရ

ဘေးထွက်ဆိုးကျိုးများ
-ဖျားခြင်း၊ ခေါင်းကိုက်ခြင်း
-ပျို့ခြင်း၊ ဝမ်းသွားခြင်း
-သွေးခြည်ဥများ ထွက်ခြင်း
-အသည်းယောင်ခြင်း၊ အသားဝါခြင်း
-ဗိုက်အောင့်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
-နှာခေါင်းသွေးလျှံခြင်း
-ခံတွင်းပျက်ခြင်း
-ကျောက်ကပ် ထိခိုက်နိုင်ခြင်း
-ရိုးတွင်ချဉ်ဆီထိခိုက်၍ သွောအားနည်းခြင်း
-အသားနာခြင်း
-အမြင်အာရုံကြော ယောင်ခြင်း
-ချာချာလည် မူးခြင်း
-မွေးကျွတ်နာဖြစ်ခြင်း
-အတွင်းတိမ်စွဲခြင်း
-နားအူခြင်း၊ အိပ်မပျော်ခြင်း

အထူးသတိပြုရန်
-အနီစက်များ ပေါ်သည်နှင့် ဆေးသုံးခြင်း ရပ်ဆိုင်းရန်
-ဓာတ်မတည့်သူများတွင် အရေပြားများကွာကျခြင်း၊
မျက်ဝတ်များထွက်ခြင်း
စသည်ဖြင့် ဆိုးရွားသော လက္ခဏာများ ပေါ်ပေါက်လာနိုင်ပါသည်။ ထိုအခါ ဆေးကို ချက်ချင်း ရပ်ပါ။